naymoneMarch 27, 20101min710
မိမိုးရေ… အသက်ကြီးလာလေလေ ဒုက္ခဆိုတာခါးလေလေပဲ လောကဓံဆိုး လေးပါးနဲ့တွေတော့မှ ငါဟာရင့်ကျက်သင့်သလောက်မရင်ကျက်ခဲ့မှန်းသိရ…. ဖြစ်နိုင်ရင်ငါးကိုယ်လောက်ခွဲချင်ရဲ့ နောက်ပွားလေးကိုယ်ကတော့ အဆိုးလေးပါးခံစားစေပေါ့ ကျေးဇူးနဲ့မေတ္တာတရားရဲ့တာဝန်ယူတက်မှုမှာ ငါဟာလုံလောက်အောင်မစွမ်းဆောင်နိုင်ခဲ့ဘူး ခေါင်းငုံလက်ပိုက် ငါဟာအိမ်စာမပြီးခဲ့တဲ့ ကျောင်းသားတစ်ယောက်ရယ်ပါ ခေတ်နဲ့စနစ်နဲ့ရဲ့ ပုံစံတကျမှားယွင်းမှုမှာ အမှန်တရားရဲ့ အံဝင်ခွင်ကျမဖြစ်မှုဟာ ငါအပြစ်တဲ့လား လက်လျှော့လိုက်ရတော့မလားပဲ မိမိုးရေ….. အမှန်တရားပေါ်မှာတည်ဆောက်တာထက် အလုပ်ဖြစ်ရေး အဓိက ဟာ ဝယ်လိုအားမြင့်တက်နေတာကို နင်မသိတော့လည်း ငါရှင်းရခက်ရဲ့ လျှောက်လွှဲချက်တွေဘယ်လောက်ပေးပေး တရားခံကတော့တရားခံပါပဲ… မိမိုးရယ်…… နေမုန်း


kaiJanuary 15, 20101min23511
အီးမေးလ်ကရတာလေးပါ။ ဘယ်သူရေးမှန်းမသိ..ကဗျာလား..စာလား..မသိ..ဘာဘာ..ဘာမှမသိ….။ ================================== သူငယ်ချင်းတို့ကို ချစ်ခြင်းအားဖြင့် ပြန်လည်မျှဝေလိုက်တယ် KT ကိုယ့်ဘဝမှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက် ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား…? ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။ ကံတရားက ဆန်းကြယ်တယ်။ ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီ အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ […]


mipukayNovember 21, 20091min1845
အလုပ်သမဒိုင်ယာရီ -၁ (Working Woman Diary) နံနက် ၅းဝဝ နာရီ မနက်မိုးသောက် အလင်းမရောက် အိပ်ချင်သော်ငြား နိုးထပါတကား။ ညခါညဉ့်နက် အတင်းဖက်၍အိပ်ချင်သော်ငြား အိပ်စက်ခွင့်မှာနည်းလှပါတကား။ နိုးထသော်ညား လျှပ်စစ်မီးအား တောင့်တမိပြန်ပါတကား၊ မီးမလာပါမူ ဝေလီဝေလင်း မေ့ခြင်းကင်းမိအပြစ်ရှိသဖြင့် ပိုက်ဆံကိုဆွဲ မီးသွေးဝယ်ရန်ထွက်ရပြန်ပါလား၊ ဆုခါခါတောင်း ပဲပြုတ်တောင်းနှင့်ကောက်ညှင်းပေါင်းသည် မှီရန်ကိုလည်း ပူမိပြန်ပါတစ်ကာား၊ သယ်ဆောင်သွားစရာ ထမင်းလောက်သာအားထားကာ နှင့်ဟင်းကိုမည်ကား မစဉ်းစားကြုံရာလွေးရပြန်တော့မှာပါလား။ အော်ပဲပြုတ်သည်မှီလို ့တော်ပါသေးရဲ ့……… သမုဒ္ဒရာ ဝမ်းတစ်ထွာမို ့တော်ပေသည်တစ်အား။ ဝမ်းနှစ်ထွာမူ မည်သို ့မည်ပုံပြုမူရမည့်ပုံကို တွေးမိရုံနှင့် နှလုံးခြောက်ခြား ထွက်သက်ရှူမှား စိုးရိမ်မိပါတကား။ နံနက် ၆းဝဝ နာရီ ဟိုလူသုတ်သုတ် ဒီလူအဟုတ်သူ ့ဆန်ကုတ်နှင့်တွဲခုတ်နေတာ သိသာပါလည်းပြုံး၍တမုံ ့ကြည်နူးစရာ နံနက်ခင်းပါ။ ခြင်းတောင်းကိုဆွဲ ပိုက်ဆံပြဲနှင့်ကားခပေးစရာချန်ထားသည်ကို […]


taylayNovember 16, 20091min2095
လူ.ဘဝအစကို မည်သို. စတင်ရမည်ကို သိပါသလား ( သိဖို.မလိုပဲ အလိုအလျှောက် စတင်ခဲ့ပြီး ဖြစ်ကြောင်း သိကြပါသည်။) လည်ပတ်နေသော ပတ်လည်နေသော ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်တွင် လိပ်ပတ်လည်ပါသလား မိတ်ဆွေ(လိမ်ဖယ်လိမ်ဖယ်ဖြင့် ထထွက်သွားသည်။ မိတ်ဆွေဟု ပြောလိုက်ရသော်လည်း ရန်သူ =? မိတ်ဆွေ=?) (ပတ်ဝန်းကျင် အကြောင်း ဆက်ပြောရန် သင့် =? မသင့် =?) (ယခုပြောနေသည်တို.မှာ ပတ်ဝန်းကျင်အကြောင်း ပါ =? မပါ =?) (ယခု ပြောနေသည်တို.မှာ ပတ်ဝန်းကျင် ဟုတ် =? မဟုတ် =?) (ပတ်ဝန်းကျင်သည် ပတ်ဝန်းကျင် ဟုတ် =? မဟုတ် =?) ပျောက်ဆုံးနေပါတယ်ဆိုတဲ့ ဆိုဆုံးမမှု ခံယူမိခြင်းမရှိတဲ့ စုန်းမတစ်ကောင် ( စုန်းမတစ်ယောက် လို. […]