that naing ooDecember 22, 20111min1114
နှင်းကို နှင်တဲ ့ သူရိန် မိုးကို စေသော တိမ်လွှာ မြေမှာကြွေတဲ ့ ပန်းလွှာလို အလည်လာတဲ ့ ဘဝ ဘဝတွေ ၊၊       ၊၊ အရောင်တွေရဲ  ့နောက် ငါလိုက်ခဲ  ့ ဖူးပြီးပြီ ဖြူစင်တယ်ပြောပြီး ဆိတ်ကွယ်ရာမှာ ပေကျံ နွမ်းညစ်ကြတာပဲ ။     ။ ဖြားယောင်းသံတွေက နားထဲ စမ်းရေစီးသံလို ကမ်းမမြင် လမ်းမမြင် အနန ္တ ဘဝများစွာထိ ။    ။ ရနံတွေကြူတဲ ့ ပန်းရုံတော်တွေနောက်မှာ နောက်ချေးသလဲတွေ ဖုံးကွယ်ထား ငါမသိခဲ ့ဖူး ။    ။ ချို ချဉ် ဖန် ခါး ဆိုတဲ ့ လိုချင်တပ်မက်မှ ု ့တွေကြောင် […]


kotun winlattDecember 21, 20111min1255
အရှိတရားများ၏ နောက်ကွယ်မှ  အသိတရားမွေးရနံ့များ တိတ်တဆိတ်လှည့်ဖျားခြင်းထံပါး၌ မျက်စိလည်လမ်းမှားလေသောအခါ အတ္တ၏ မျက်နှာမူရာ၌ မာနတရားသည် တံခွန်ထူအလံလွင့်ကာ တဏှာလောဘတို့နှင့်အတူ    စစ်ချီလာကြလေပြီ……။ ဝန်းကျင်တစ်ခုလုံးလည်း ရမ္မက်အမှောင်ဖုံးကာ သာထေယျများနှင့် လှည့်စားလျက် လောကအလယ်တွင် ကျင်လည်ကျက်စားမိလေပြီ…..။ ထိုသံသရာဝဲဂယက်တွင် အဆိုးကိုထည့်သွင်းပြီး လှည့်ပတ်စေသောအခါ စာရိတ္တမဏ္ဍိုင်များ တဝုန်းဝုန်းပြိုကျလျက် တွယ်ရာကမ်းလည်းမဲ့ရချေပြီ….။ သစ္စာတရားအရောင်ကိုလည်း မမြင်နိုင် မေတ္တာတရားတို့သည်လည်းဆိတ်သုန်း နစ်သထက်နစ်လာ ရေစုန်မှာမျှောရင်း ကမ္ဘာလောကအတွက် ဆန်ကုန်မြေလေး လူငခွေးတစ်ယောက်ဖြစ်လေပြီလား ….။ ဒဿနတရားတွေကြားမှာ ဆက်အတွေးဖြန့်ရင်း ဆင်းရဲခြင်းထောင်ချောက်အတွင်းမှ ရုန်းမထွက်နိုင်သော..ငါ ….


that naing ooDecember 19, 20111min1529
သူငယ်ချင်းလေး မင်းစိတ်လိုတိုင်း ဆွတ်ခူးဖို ့ ကောင်းကင်ကြီးလည်းကိုင်းလို ့ညွတ်လို ့ ကြယ်လေးတွေ ဝင်းလို ့ ဝါလို ့။     ။ သူငယ်ချင်းလေး ကျောခင်းပေးထားတဲ ့ကမာ္ဘမြေကြီးပေါ်မှာ လေပြေတွေ သံစဉ်တိုင်း တောင်းတန်းတွေခေါ်ဆောင်ရာလိုက်ခဲ ့ ကုဠေတစ်သန်း ရွှေခြေလှမ်းတွေနဲ ့ အဆုံးစမဲ ့တဲ ့ သံယောဇဉ် ပင်လယ်ဆီသို ့။  ။ သူငယ်ချင်းလေး မင်းချစ်တဲ ့ရွှေအိပ်မက်လေးတွေထဲမှာ ငါမနိုးသော ပျော်ရွှင်ခြင်းနဲ ့အိပ်စက်ချင်ပါတယ် ဒါပေမဲ ့ ငါမင်းကိုတွေ ့ချင်သေးလို ့ တိမ်တွေပေါ်မှာပဲ ငါ ့ကို ရှာဖွေခွင် ့ပြုပါ။    ။    ။ ( သူငယ်ချင်းလေးတွက် ) သက်နိုင်ဦး 2011 .12 .19


naywoon niDecember 19, 20111min21816
အချစ်ဦး နင်နဲ့ငါ ကမ္ဘာတစ်ရာလောက် ဝေးနေပြီ နင်ပြောပြောနေတဲ့ ပန်းသီးကို တစ်ဖဲ့နှစ်ဖဲ့ ကိုက်စားရုံနဲ့ ပြီးမလား ဆိတ်ငြိမ်ရာ တောအုပ်ကိုကျွမ်းကျင်ရုံနဲ့ လှောင်ရယ်လိုတဲ့ အကျင့်ကိုဖျောက်ပါ ငါပြောပြောနေတဲ့ ကမ်းနဖူးလေးကို ရောက်ဖူးစေချင်တာလည်း သဘောမပေါက်ဘူး တကယ့်စာခြောက်ရုပ်ကလေးအတိုင်း လည်လိုက်တာ …. ရောင်စုံခြယ်တောအုပ်လေးတစ်ခု တိတ်ဆိတ်နေတာဟာ နင့်ကိုငါ ဖွက်ထားတဲ့ အိပ်မက်လေးပါ အခြားလူတွေ စကားတတ်တိုင်း ငါ့ကိုမုန်းနေရင် နင့်ပါးကလေးကို ပြန်မပေးလိုက်ပါဘူး ခြေဖျားကအစ စိတ်အဆုံး (သိပ်ပံ)နည်းကျတည်ဆောက်နေကြတဲ့ခေတ်မှာ သွေးရိုးသားရိုးလွမ်းရမှာတောင် ဂုဏ်ငယ်သလိုပေါ့ ………။ ။ comegyi မနေ့က ဖတ်မိတဲ့ကဗျာလေးပါ….။ ဖတ်မိသူတွေကတော့ ဘယ်လိုခံစားမိသလဲ မပြောတတ်ဘူး….။ နေဝန်းနီကတော့ အဲဒိကဗျာလေးကို ဒီလိုလေး ခံစားလိုက်မိတယ်…။ ကဗျာရေးတဲ့သူကိုလည်း မသိပါဘူးနော် ..။ ပြိးတော့ နေဝန်းနီဆိုတဲ့ကောင်က ကိုယ့်ဟာကိုသာ ကဗျာရေးတာ သူများရေးတဲ့ […]


thit minDecember 19, 20111min19314
ဒီနေရာ ဒီအပိုင်းမှာ ဒီစာတွေ ဒီလိုဝိုင်းကာပ ရေးလို့ရတယ်။ ရေးသမျှ စာ၊ကဗျာ အယ်ဒီတာမစစ်ဘူး အထူးစာ အရူးစာ အမူးစာ အကုန်တွေး ပို့စ်လေး ဖြစ်တယ်။ ~~~~~ တွေးလို့ရတိုင်းရေး ရေးလို့ရတိုင်းရေး ဘေးသင့်တဲ့အကြောင်း မရေးသင့်တဲ့အကြောင်း ကိုယ်ဟာကိုယ်မောင်းတဲ့ကားလို အရှိန်ကိုမြှင့်လျှော့ လိုသလိုတော့ ထိန်းသင့်ပေါ့။ ~~~~~~ စေ့စေ့တွေးတော့ လျှော့ထားတဲ့စိစစ်ရေးက ဒီမိုကရေစီပေးသလိုဘဲနော် လှော်ချင်ရာလှော်လို့ရသကွဲ့ လွတ်လပ်တဲ့မီဒီယာ မန်းဂေဇက်ပါ။ ~~~~~~~ ရချင်နေတဲ့လွတ်လပ်မှု အခုရှိတယ်လေ။ ရချင်နေတဲ့လွတ်လပ်ခွင့် အသင့်ဘဲမဟုတ်လား။ ~~~~~~~~ သိပြီနော် ရှိပြီဆို သည်လိုဖြစ် ညစ်ပါဟ်စုံစွာ သူကြီးခမျာ လျှော့ကြပါ ပို့စ်တင်ကာ သေချာချော့ ဆိုးကြတယ်နော့။ ~~~~~~~~ ရိုးလှတဲ့အတွေး ပို့စ်တွေကပေးတယ် ရေးခွင့်ဒီမို ဂေဇက်ကိုတောင် ပြောင်ပြောင်ထဆဲ ဒုတ်၊ဓါးဆွဲသို့ ကြောက်ဖို့လွန်ကောင်း ဝိုင်းကြိမ်းမောင်းသည် ဒီမိုဂေဇက် […]


kotun winlattDecember 10, 20112min923
ဆောင်းမိုးစွေစွေ နှင်းမှုန်ဝေတို့ကျဆုံးလို့ အလွမ်းဆောင်  မိုး ငြိုးမာန်ဖွဲ့   မိုး အေးစက်စက် တိမ်ညိုတွေက ဆွေးစိမ့်မှုတွေကို  သယ်ယူလာလေရဲ့ …. ဒုက္ခယန္တရားဆန်ဆန်   မိုး နှင်းတွေအစား နေရာယူလေသော  မိုး အချိန်အခါမဟုတ်သော   မိုး အခါလွန်ရွာသော   မိုး ဆောင်းမိုးရဲ့ဖြစ်စဉ် ဆောင်းမိုးရဲ့ သဘာဝထဲမှာ ထုံကျင်အေးစက်နေရပြီ … ကျေးလက်ရဲ့ ဘာသာဘာဝ အလှတရား လှုပ်ရှားမှုတွေကို ငြိမ်သက်သွားစေသော  မိုး ပြာလဲ့လဲ့ ကောင်းကင်ကို ရီဝေစေသော  မိုး အကြောင်းအကျိုးမဲ့သော   မိုး ကိုယ့်ရာသီမဟုတ်ပဲ လာသော  မိုး နွေ ၊ မိုး ၊ ဆောင်း ဥတုသုံးမျိုးထဲက ဖောက်ခွင်အဖြစ် စွေသော ချွေသော  မိုး သူ့ရဲ့ဖျားယောင်းမှုနောက်ကွယ်က သံစဉ်မဲ့ ဂီတမဆန်သော ရေစက်ရေမှုန်အောက်မှာ လွင့်မျောဖြစ်အောင် […]


kotun winlattDecember 6, 20111min1082
ပြတ်သောကြိုးက သံစဉ်တစ်ချို့တစ်ဝက်လွင့်ထွက်လာချိန် နိမ့်တုံမြင့်တုံ ရင်အစုံမှာ တလှပ်လှပ်တုန်ရင်း….. မျှော်လင့်မှုတစ်စုံတစ်ရာ ရှင်သန်လာသလိုပဲ….။ ဒါဟာ…. ဆက်ထုံး သံယောဇဉ်အချစ်ကြိုးတစ်စ မညီမညာနဲ့ ရင်ကိုလာထိနေတာပေါ့ …။ နှစ်ကာလတွေကြာခဲ့ပေမယ့်…. မဆက်ဖြစ်တဲ့ကြိုးမှာ သံစဉ်ချိုမြ ကဗျာလှလှ ခံစားချက်အနုအရွတွေ နစ်မြှုပ်နေခဲ့ရ ….။ မသိခဲ့တာမဟုတ် မသိဟန်ဆောင်ခဲ့တာ…. ဒီညမှာ အတိတ်ကနွေညတွေ အသက်ဝင် တမာရနံ့တွေ သင်းပျံ့ …. လွယ်အိတ်နီလေးနဲ့ ဖီးဆင့်စက်ဘီးညိုလေး ကတ္တရာလမ်းပေါ်တရိပ်ရိပ်ပြေး…. ချစ်ကြွေးတွေများခဲ့တယ် ချစ်သူရယ်…။ ဪ….တမ်းတခြင်းတွေလည်း နိုးထခဲ့ရပေါ့…. စာအုပ်ကြားက စံပယ်ပန်းခြောက်လေးကို သတိတရဖွင့်ကြည့်မိသေး…. ချစ်သူဆံဆလေးတွေ တလွင့်လွင့်မျော…. ဟော….. စကားသံလေးတွေကြားနေရတယ်…. လွမ်းလိုက်တာကွယ်တဲ့….။ ကြက်သီးမွေးညှင်းတွေဖျန်းဖျန်းထ ငါ … မေ့ထားခဲ့သော … ချစ်တတ်ခြင်းတွေ…. လွမ်းတတ်ခြင်းတွေ… ပေါင်းဆုံလာချိန်မှာမှ ကောင်းကင်ယံက လမင်းထိန်ထိန်သာ ဒီညတော့ အိပ်မရလည်း […]


kotun winlattDecember 6, 20112min851
ကျနော့်အိပ်မက်များကို နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီကရီ စောင်းငဲ့ကြည်သောအခါ အရာရာပုံမှန်မဟုတ်သလိုပါပဲ …။ သက်တမ်းရဲ့ သုံးပုံတစ်ပုံက တဖျပ်ဖျပ်လောင်ကျွမ်းသောအခါ ဘဝဟာ လက်တွေ့မဆန်တာတွေ များလာသလိုပါပဲ …။ ပတ်ဝန်းကျင်ကို တိတ်တဆိတ်ငေးကြည့်မိသောအခါ အတ္တ ၊ မာနထိုးထိုးထောင်ထောင်တွေဟာ အရိပ်တွေကြားမှာ ခြေသံတစ်ဖြောက်ဖြောက်ပေးပြီး နွေဦးရဲ့ ဂီတ သစ်ရွက်ကြွေများနဲ့ ကခုန်နေကြသလိုပါပဲ ….။ နှင်းကြွင်း နှင်းကျန်တို့ရဲ့ အသက်ငင်မှုတွေနဲ့ မနက်ခင်းတွေဟာလည်း ငြိမ်သက်အေးစက်နေကြဆဲပါ …။ ကျနော် ခင်ဗျား နာမ်စားများနဲ့ ဝါကျတစ်ခုဖွဲ့ကြည့်သောအခါ အားလုံးဧည့်သည်တွေပါလို့ အော်သံသဲ့သဲ့ကြားမိပြန်ရဲ့ …။ အဆင့်အတန်းတွေနဲ့ အဖြူအမည်းတွေကြားမှာ ကြားနေဝါဒတစ်ခုပေါ်ပေါက်လာခြင်းဟာ ငိုစားရယ်စား လူတွေအတွက်တော့ ဒါမျိုးကလည်းမခါးလှပါဘူးလို့ ငါးခူပြုံးပြုံးရင်း နှုတ်ဆိတ်နေသလိုပါပဲ …။ မနေ့ကရော ဒီကနေ့ပါ ကျနော့်အိပ်မက်များကို ချိတ်ဆွဲထားနေမိဆဲ …။ ကြိုးဆွဲရာကရတဲ့  ကံကြမ္မာဇာတ်ခုံကိုလည်း မကျေမနပ်နဲ့ ကားလိပ်ချခိုင်းမိတယ်…။ […]


kotun winlattDecember 5, 20111min982
မေ… တောင်တန်းပြာတွေဆီ မျှော်မကြည့်ရဲတော့ပါဘူး.. ဗျိုင်းတစ်အုပ်ထအပြန်မှာ အလွမ်းတွေလာလာမှန်မှာစိုးလို့ပါ… အနောက်တောင်တဝိုက်ဆီက တိမ်ညိုတွေစွေလာတိုင်းလည်း မိုးခေါ်တေးတွေကိုမဆိုဖြစ်တော့ပါဘူး… အဆွေးတွေပိုပိုလာမှာစိုးလို့ပါ …. မြူခိုးတွေဝေနေတဲ့ ရွာအစွန်က ကုက္ကိုပင်အိုမှာလည်း သွားမထိုင်ရဲတော့ပါဘူး… ဥဩသံတွေကြားရင် မေ….  ပြန်လာမလားလို့ မျှော်ရတာမောလွန်းလို့ပါ… ခုတော……   ငါ .. အခန်းကျဉ်းလေးထဲမှာ သိမ်ငယ်မှုတေးတွေ ရင့်ကျူးရင်း …. မနက်ဖြန်တွေကို … ရစ်သမ်ပျက်သံစဉ်တွေနဲ့ … အဆွေးကုတင်ထက်မှာ နားဆင်သူရှိနေမလားဆိုပြီး .. တိတ်တိတ်လေးသာ …. တိတ်တိတ်လေးသာ…. ဆိုငြီးနေရတာပါကွယ် …..


kotun winlattDecember 5, 20111min893
တိတ်ဆိတ်မှုတွေကြားမှာ အသားမကျ နေထိုင်မှုတွေနဲ့ ဗလောင်ဆူရင်ခွင်က တမ်းတမှုရောင်စဉ်တွေ ကောင်းကင်အနှံကို ပြန့်ကျဲလွင့်ထွက်ကုန်ရင်း လွမ်းနေတယ် ……… အတိတ်ကိုတမ်းတ အနာဂတ်ကို ဆုတ်ကိုင်မရနဲ့ ပရမ်းပတာ ပစ္စုပ္ပန် နေ့ရက်တွေ ပြိုပျက်နေလိုက်ကြပုံများ ဟီရီုရှီးမားမြို့ပေါ် အနုမြူဗုံးကျသလိုပါဘဲ အစဉ်အဆက်နှိပ်စက်မှုတွေနဲ့ သတိရနေလိုက်ရတာ…… အိမ်ပြန်နောက်ကျတဲ့ ဆောင်းညတွေမှာ  တကိုယ်လုံးအေးစက် အိပ်မရနိုင်ခြင်းတွေနဲ့အတူ အချိန်တွေကအသက်မဲ့ နာကျင်လွန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့ ကျဆုံးခန်းက မလှမပအဆုံးသတ်မှုမှာ အသက်မဲ့ လူတစ်ယောက်လို ဒီလမ်းကိုဆက်လျှောက်နေရတာ အကုန်လုံးအဓိပ္ပွါယ်မဲ့ရင်း …….. ဝေးကွာချိန်ကစပြီး အဖော်မဲ့ အခန်းကျဉ်းထဲမှာ အထီးကျန်မှုတွေ သောက်သုံးရင်း ချစ်သူမရှိတော့တဲ့ ဒီနေရာ၊ ဒီအချိန်၊ ဒီပတ်ဝန်းကျင် အကုန်လုံး မငြ်မ်သက်မှုတွေနဲ့ ရက်စက်လိုက်ကြတာ ဘယ်မှာလဲဖြေသာစရာ ဒါအကောင်းဆုံးဇာတ်သိမ်းလား ….. မယုံနိုင် မယုံချင်ခဲ့ပါ ခံစားချက်မျှော်လင့်ချက် အကုန်လုံးယူသွားရက်တယ် အခုတော့လေ တစ်ကိုယ်တော်လွမ်းချင်းတွေနဲ့ […]


“ဟေမန္တ” မြူခိုးကဝေ စိမ့်လေကဆော်သွေး ။ နှင်းပွင့်ကြွေဟေမာန်တွင်းမှာ မြင်ကွင်းကဖွေး ။ နန်းထိုက်တဲ့ပန်း ပွင့်လန်းကပင်မြင့် ။ ဂုဏ်မြင့်သူဆံမှာပန်တော့ လှဟန်သွင်တင့် ။ လွပ်လပ်ခဲ့ပြီ တို့ပြည်ကိုတို့စိုး ။ တို့အမျိုးကျက်သရေက တက်နေသို့တိုး … ။ ။


ခုတလောရွာထဲမှာလဲ ထိန်းမနိုင်သိမ်းမနိုင်တဲ့ သူတွေကြောင့် သံတွဲသား၊သံတွဲသူတွေကို တော်တော်လေးအထင်လွဲနေကြမယ်ထင်ပါရဲ ့ဗျာ။တကယ်တော့ အသံမစဲတဲ့ မြို ့သံတွဲ၊ဖွဲလံကြဲတဲ ့မြို ့သံတွဲ(ကိုမောင်ပေ့ဟန်)ဖြစ်နေပေသော်လဲ အများတကာမြို ့တွေထက်တော့ ပိုလွန်းနေသော်လဲ တစ်ချို ့ကိစ္စတွေများဆို ခြုံပုတ်ထဲက လက်သီးထောင်ပြနေသူတွေ၊ကြောင့် ယိုသူမရှက်၊မြင်သူရှက်နေရပါလေရော့လား။ တကယ်တော့ ကျွန်တော့်ဇာတိမြို ့ကလေးက တကယ်အေးချမ်းချင်ပါရဲ ့ဗျာ။နို ့ပေမယ့် (Elite)အချို ့ကြောင့် ပျက်နေရတယ်၊ကျော်နေရတယ်ဆိုတာတော့ မငြင်းသာပြန်ပါဘူး။ အေးချမ်းတဲ့ ဆောင်းရဲ ့အရိပ်ကနေကဗျာလေးတစ်ပုဒ်ဝေမျှပေးချင်ပါတယ်။ဒီကဗျာလေးကိုရေးသားသူကိုတော့ အမည်ဝှက်ထားပါမယ်နော်။ပဟေဠိ အဖြေညှိကြတာပေါ့။သံတွဲကရော၊ရွာထဲက ညီအကို၊ဆရာသမားများပါ ခန် ့မှန်းပေးကြပါအုံး။ ဒီနေရာမှာစာရေးသူရဲ ့ကလောင်ကွဲတွေထဲက ပထမဆုံးကလောင်လဲဖြစ်၊ကဗျာမှာပါတဲ့ ရေးသူလဲဖြစ်တဲ့ ရွှေတွဲကျော်ပါတဲ့။ ပင်လယ်ဝေးလို ့တင့် အေးလိုက်ပါတဲ့ ဆောင်းရာသီ တွဲမြို ့ဌာနီ ခြုံကတ္တီ လုံပြီလို ့ရှိဘူး ကဗျာနော်၊ဆရာကျော်စီမံရေးတယ် တွေးလို ့စိတ်ကူး။ ။


thit minNovember 27, 20111min30825
ရွာပါတ်ပြီး ကဗျာစပ်ကြည့်မှာမို့ အသာရပ်ကြည့်လို့အားမရရင် ကော်မန့်ဝင်ပေး ဟင်……ကဗျာရေးပေါ့ ~~~~~~~~~~~ ကဲ…. အသိထူးရအောင်ဒီကိုလာတာလား အကြည့်မြူးရအောင်ဒီကိုလာတာလား ဟင်…အညှိ”ဘူးရ”အောင်ဒီကိုလာတာလား….   စိတ်လျှော့ချင်လို့လာတာလား သိပ်ဆော့ချင်လို့လာတာလား ဟင်….အအိပ်လျှော့ချင်လို့လာတာလား…   စာသင်ချင်လို့လာတာလား ကညာမြင်ချင်လို့လာတာလား ဟင်…..အာရွှင်ချင်လို့လာတာလား….   ဆွေးချင် ငေးချင်လို့လာတာလား တွေးချင် ရေးချင်လို့လာတာလား ဟင်….ကျွေးချင်မွေးချင်လို့လာတာလား….   ခရီးများကို ပစ်ပြီးလာတာလား ရီးဇားကို ညစ်ပြီးလာတာလား ဟင်…..ဇနီးမယားကို လစ်ပြီးလာတာလား   အလှအပအသွင် ပုံနဲ့ ဟာတွေ  မှတ်ချင်လား တသသ ရင်ခုန်မဲ့ ကဗျာတွေစပ်ချင်လား ဟင်….ရသအမြင် စုံတဲ့ စာတွေ  ဖတ်ချင်လား။   ငရုတ်သီး ထောင်းကို စားချင်လား ဂျုပ်ကြီး အကြောင်းကို ပွါးချင်လား ဟင် …တရုတ်ကြီးအကြောင်းကို ကြားချင်လား   ငွေ […]