တောက ကိုရင်December 17, 20121min1214
အချစ်သည် တစ်ခါတရံ၌… ဆောင်းမှာ အိပ်ယာဝင်ပြီး မိုးရေစက်တွေနဲ့ နွေမှာ မျက်နှာသစ်ဖို့ကြိုးစားရင်း မနေ့က သောက်တာ ဒီကနေ့မှာ မူးလို့ မနက်ဖန်မှ အန်ထွက် (အဟက်…) အချစ်ကို နှစ်ခြိုက်စွာ စားသုံးကာမှ နှလုံးသားတွေ သေဆုံးရသတဲ့…။ အဆိပ်ခတ်ထားတဲ့ ပျားရည်တစ်စက်က ဝိုင်ချိုထက်ပိုပြီး မူးယစ်ရီဝေ ဓါးသွားပေါ်မှာက နှင်းရည်တစ်စက် မနက်မှာခါးပြီး နေ့လည်မှာချို ညနေမှာ ဆည်းဆာကို ပျိုစေမတဲ့…။ သန်းခေါင်မှာ နေကိုထွက်ခိုင်း ကောင်းကင်ယံမှာ လှိုင်းကြမ်းတွေ ဆင် ရောင်နီမှာ အမှောင်ကိုစေလို­့ အလင်းကိုမြင်မှ အရုဏ်ဝေနိုင်လွန်း ဝင်ရိုးစွန်းမှာအပူလွန်ကဲသတဲ့…။ မျက်ကန်းကလည်း ကမ္ဘာကို တစ်ပတ် ကာရန်ကိုဖျက်တဲ့ကဗျာ ခံစားချက်ကို လွန်ကြူးစွာဖွဲ့မှ ရသတွေပျက်ရသတဲ့…။ စိတ်တွေ သေမသွားစေဖို့ စကားလုံးတွေ မျက်ရည်ဝဲချိန်မှာ ပန်းတွေက အပြုံးကို ဆင် ညကောင်းကင်တောင်နေသာသတဲ့…။ […]


တောက ကိုရင်December 16, 20121min1348
အဆိပ်သင့် ဝိုင်အို ငါကို ရင်တွေခုန်တတ်လာအောင် နင်ပဲ အဓမ္မ သင်ပေးခဲ့တာ… ငါ့ရင်ခုန်နှုန်းတွေ မြန်လာကာမှ တစ်မျှင်ချင်း အစဖြည်ဆွဲထုတ် သံစဉ်တွေလုပ်ပြီး တီးခတ် နင် အပျော်ကဖို့သက်သက်လား… မုသားတွေ ချိုမြိန်စေရုံ အာစွတ်ရုံသောက်တဲ့ ဝိုင်ချိုတစ်ခွက­် ငါ့အချစ်တွေနဲ့ နင်မြည်းရက်တယ်. (ပစ်စလက်ခတ်) ငါ့ရင်ဘတ်ကို ဟက်တက်ခွဲလို့ ငါ့ပါးပြင်ပေါ် ငရဲမီးတွေ သွန်ချ အကြိမ်ကြိမ်အခါခါ ကျဆုံးပြီးမှတောင် နင့်ရဲ့သရော်တဲ့အကြည့်လေးကို တမ်းတမြဲ လမ်းမထဲလျှောက်တဲ့ အရူးလို… (စူးစူးရဲရဲ) နင့်မျက်ဝန်းထဲကအတ္တခဲတွေကို စွဲလန်းစွာ အသိအမှတ်ပြုခဲ့မိပြီးမှ နုံအချင်ယောင် ဟန်ဆောင်ပြီး မျက်ကွယ်ပြုခဲ့တာ အသိခေါက်ခက်တယ် ဆိုတာထက် ငိုပါလျှက်နဲ့ မျက်ရည်မကျတာမျိုး သက်သေပြသမျှက နင့်အတွက် ရိုးလွန်းနေတော့­လည်း ငါ့ဝဋ်ကံလို့ပဲ ထားလိုက်ပါလေ… နင့်အရုဏ်တွေ ရီဝေမနေပါနဲ့ နေခြည်ရဲ့ အနွေးဓါတ်အောက်မှာ နင့်ရဲ့နှလုံးသားကို လန်းဆန်းနေစေဖို­့ […]


တောက ကိုရင်December 16, 20121min1338
တောက ကိုရင် ကဗျာများ စုစည်းမှု… (စာအုပ်လေးပါ…) http://www.mediafire.com/view/?96v99h63lwso837 ကိုရင့်ကဗျာစာအုပ်လေးနဲ့ မိတ်ဟောင်းမိတ်သစ်အားလုံးကို နှုတ်ခွန်းဆက်ပါတယ် ကိုရင် အရင်အကောင့်က မေးလ်ပျက်သွားလို့ ဆိုဒ်ထဲဝင်တဲ့password လည်းမေ့သွားပြီ ဘယ်လိုပြန်ယူလို့ရမလဲ မေးလ်ချိန်းလို့ရမလား သိရင်ပြောပေးကြပါ အားလုံးပဲ ပျော်ရွှင်ကြပါစေ


koyinAugust 20, 20124min1766
ကျောက်ဆစ် အလွမ်း   အသည်းကွဲကဗျာတွေချည်း ရေးနေရတာ လက်ချောင်းတွေတောင် မျက်ရည်ဝဲတတ်ပြီ… ချစ်သူအကြောင်း ရေးကြည့်ပေမယ့် ဘယ်လိုနတ်ဆိုးက လာဝင်နှောင့်ယှက်နေသလဲ နှစ်ကိုယ်တူကြည်နူးဖို့ အမြင် စိတ်ကူးထဲမှာတောင် ယဉ်ကြည့်လို့မရ ချစ်ခြင်းရဲ့ ရသဆိုတာ ဘာလဲဟင်… မိန်းခလေးရေ… သိရင် တစ်ချက်လောက် ပြောပြခဲ့စမ်းပါ.. ချစ်ဖူးပေမယ့် အချစ်မခံဖူးတဲ့သူတစ်ယောက် လောကဓံဓါးအောက်မှာ နေတတ်နေခဲ့.. ကျေနပ်ပေမယ့်လည်း အဖြေခက်တဲ့ ပုစ္ဆာ ရင်ဘတ်ကို လာလာနှိပ်စက် တစ်ခါတရံ မက်ခဲ့ရတဲ့ အိပ်မက်တွေ ဘယ်နေရာမှာ ကြေညာခွင့်ရာမလဲ… အထီးကျန်ရင်း အကျည်းတန်ရင်း မာန်တင်းလို့ အိပ်စက်တောင် မနက်ဖန်တွေ အဓိပ္ပါယ်မဲ့လို့ နှစ်ချို့နေတဲ့ ရင်ဗလာ ဘယ်သူများ လာခိုဝင်ချင်မလဲ… တစ်ကိုယ်တည်း အလွမ်းတွေနဲ့ ဘောင်တွေ အမျိုးမျိုးခတ် ပညာတွေ အများကြီး တတ်ခဲ့လည်း ဒီအလွမ်းဇာတ်ကြီးထဲမှာ… ငါ […]


koyinAugust 20, 20122min14810
သမုဒယ အကျဉ်းသား မချစ်တတ်တာလား..တဲ့ အချစ်ကို တမင်နှစ်သက်လို့ သင်ရိုးကုန် ကျက်မှတ်ခဲ့တဲ့ကောင်ပါ အသည်းကွဲအောင်လက်မှတ်တွေနဲ့ ဂုဏ်ထူးပါထွက်တဲ့အထိ တစ်ကြိမ်တစ်ခါ ချစ်ခဲ့မိတယ်…။ အမုန်းကြီးနေလား…တဲ့ အစိတ်စိတ်ကွဲသွားတဲ့ အသည်း နှလုံးသားက မလွမ်းရဲတော့တာ ချို့တဲ့,တဲ့ မေတ္တာတရား ဝကန္တဉာဏ် တိုက်စားလို့ ဣတ္ထိယကို မေ့ထားမိတာ…။ ဘာကို ကြောက်နေတာလဲ…တဲ့ လျှောက်ခဲ့တဲ့ လမ်းမှာ အချစ်က မာယာလက်နှစ်သစ်နဲ့ ဘဝတစ်ခုကို ထုဆစ် ဖြိုဖျက် အဲဒီ ဝေဒနာနေ့ရက်တွေက ရှင်သန်လို့ ကောင်းတုန်း… အာရုံတွေကို လှည့်ဖြားလို့ အမှားတွေနဲ့ ရင့်ကျက်စေခဲ့ လစ်လပ်နေတဲ့ ကွက်လပ်ကို ဘယ်သူ့အတွက် ချန်ထားမိသလဲ… တိတ်တဆိတ် ငတ်မွတ်ဆဲမှာ (ရင်ဗလာက တောင့်တ) စာနာ နားလည်ပေးနိုင်မယ့်သူတစ်ယောက် တကယ်လို့များ ရောက်လာခဲ့ရင်ဖြင့် တစ်ခါပြန်ပြီး ချစ် ခွင့် ရ […]


koyinAugust 18, 20127min14710
မိုးသို့ တမ်းချင်း…     မိုးစက်တွေရေ… ငါ့မျက်ရည်တွေ ပြန်လျော်ပေး သူမ… ခြေဆေးသွားခဲ့တာ ကြာ..ပြီ။ နာရီတွေ အကျဉ်းကျ ပင့်သက်ကို ခြွေချလည်း နွေဘဝက ပူဆဲလေ…။ ရေနွေးငွေ့တွေ ပါးပြင်ထက် ကားစင်ထက်မှာ ရင်ကိုခွဲ ဘယ်ခါမှ မနိုင်မယ့် တိုက်ပွဲမှာ (လက်နက်မပါ) လက်ဗလာနဲ့ ငါကျရှုံး အခုထိကို စာလုံးပေါင်းက မှားနေဆဲ အဲဒီအဘိဓမ္မာက နည်းနည်းဆန်းတယ်..။ သွားနေလည်း မရောက်မှတော့ အားနေတဲ့ခြေထောက်ကို ရိုက်ချိုး အဲဒါမှပဲ ငါရိုးသားနိုင်မယ်လေ…။ (မဟုတ်ရင်) နင့်ရဲ့အမုန်းလက်ကျန်စာရင်းမှာ ငါ့နာမည်ကို (သီးခြား)ကျောက်ထက်ထွင်းကာထား တံလျှပ်ကို ရေထင်မှားတဲ့သူ ငရဲပူတယ်ဆိုတာ အလကား ဝကန္တင်္ဉာဏ်တိုက်စားမှုအောက် နှလုံးသားက အမြစ်ပေါက်လို့…။ အထီးကျန်ခြင်းဆိုတာထက် အကျည်းတန်ခြင်းဆိုတဲ့ ရုပ်ကလပ်ကို နင်တို့ရဲက့ ဂဟေစပ်ပွဲမှာ သဂြိုလ်… မြင့်မိုရ်တောင် […]


koyinDecember 9, 20113min843
ညီသုတဂုဏ်ပြု “ဝဲရိုက်ဝဲသွင်း” ညီသုတ၊ ချကာရေး၊ နှေးမကြာ၊ သာသည့်နေ၊ ဝေသည့်လ၊ လှသည့်ပန်း၊ နန်းစံပျော်၊ အော် ဟုသာ၊ မှာ မခြွေ၊ နွေဝယ် စမ်း၊ လမ်း တခို၊ ညို တကြော၊ သောမောတင့်၊ မြင့်လှသည်။ ဤလိုဟန်၊ တန်ပြန်တု၊ ခုချရေး၊ တွေး မပါ၊ စာ မပီ၊ သီ မကုံး၊ သုံး မတည့်၊ မှည့် မဝင်း၊ လင်း နရီ၊ ညီပါစေ၊ ဝေဆာမှ၊ လှ ကာရန်၊ ပန်ဆင်ဖူး၊ ရူးမတတ်၊ မှတ်ကာ ဆင်၊ ရင်ဝယ် စု၊ မုချ ဆို၊ လိုတ ပြည့်၊ ဖြည့်လိုသည်။ ဆီ မပါ၊ စာမတင့်၊ သင့် မထင်၊ ခင် မပျက်၊ လက်ယှက်ကာ၊ မာ ပါစေ၊ ခြွေပါလို့၊ […]


koyinNovember 20, 20113min1498
နရီ   တစ်ချက်မွန်းပြီး နှာခေါင်းပေါ်ခဲ့တာတောင် မြောင်းထဲမှာ ပျော်နေတုန်း ရေစီးထဲမှာ မျောနေတာတောင် တက် ကို မြင်ယောင်နေမလား… အတွေးက ချုံးပွဲချ ခန္ဓာက ဟားတိုက်လှောင်ပြောင် အလင်းရောင်ကို မမြင်ရသေး ဘယ်တော့မှလည်း မမေးတတ်တဲ့ အသိ ရင်ဘတ်ကို လှစ်ဟလိုက်တော့ ရင့်ကျက်မှုက သုည ဘဝင်စိတ်တွေ ခုန်ချသွားတဲ့ အတ္တ ချောက်ကမ်းပါးထဲ ဆင်ခြင်တုံတရားတွေ အရည်ပျော်ဆင်း တစ်ခုခု လစ်ဟင်းနေသလား… အတိတ်ကို စီးနင်းခဲ့တာတောင် အနာဂါတ်ကို ယုန်ထင်ကြောင်ထင် ပစ္စုပ္ပန်ကို မငြိုငြင်ဖို့ အိပ်မက်တွေကို မြှုပ်နှံဖို့ လိုပြီ…. တစ်စက္ကန့်ဆိုပေမယ့်လည်း ပဉ္စလက်လို… ခြေဖဝါးတွေ သွေးခြေဥခဲ့ပေမယ့် အတွေးတွေက မနုခဲ့ဘူး မျှောလင့်ချက်ကို ခေါ်ဆောင်လို့ အနားမှာ ကယောင်ကတမ်း အာရုံတွေနဲ့ မှန်းဆနေရတာနဲ့တင် ဇရာဆိုတာက နီးသထက်နီးလာ ဤခရီးမှာလေ…. ဘယ်သူတွေပဲ ဟန်ဆောင် ဟန်ဆောင် ကိုယ်တိုင်က အဓိက ဇာတ်ကောင်ပါပဲ…။ ။ […]


koyinNovember 6, 20112min1082
ဤနေရာမှ အစပြု၍… ဤနေရာတွင်… ကဗျာတစ်ပုဒ်၊ ရင်မှ ထုတ်ဖော် ကာရန်ချော်လည်း၊ ကဗျာပဲလေ ဖန်တီးနေကြ၊ ကဗျာမှသည် ကဗျာဆီသို့၊ လာ သီစို့ တေး ကဗျာလေးများ ဟစ်ကြွေးကြော်…။ ဤနေရာတွင်… သံစဉ်မတီး၊ ဂီတ စည်းဝါး အနီးနားမှာ၊ မရှိပါလည်း ထိုဆည်းလည်း သံ၊ ရင်ဝယ် ငြိမ့်ညောင်း ပီတိ လောင်း၍၊ ကဗျာမွေ့(လျော်)…။ ဤနေရာရာတွင်… ဗီလိန် လူဆိုး၊ သူခိုး ဓါးပြ မရှိကြပါ၊ သူယုတ်မာလည်း မခိုရဲလေ၊ သူကောင်းတွေသာ  ခံစားပါလို့၊ စာလွှာချရေး ကဗျာတေးများ ဖြစ်တည်နေ…။ ဤနေရာတွင်… ကြယ်စင်တစ်သင်း၊ ဝန်းရံ လင်းသည့် လမင်း မသာ၊ ညခါ မှောင်လည်း ကဗျာတဲထိုး၊ ကဗျာမိုးအောက် ပပ ရောက်သည် ထင်မိမှား…။ ဤနေရာတွင်… နေခြည်ဆင်းသက်၊ အလင်းစက် ကဲ မပူဘဲသာ၊ ငြိမ်းအေးလာ၍ မိုးရိပ်မမျှော်၊ […]


koyinOctober 29, 20114min1116
သောနုတ္တိုရ်လို လူစား ခါချဉ်ကောင်ရယ် အင်ကြင်းခက်မှာလ ခိုဝင်ကာ တမင်ရက်စက်ပါလို့ သုဘဒ္ဒါက ငြှိုးမာန်ဖွဲ့တယ်… ဆဒ္ဒန်ငယ် အစွယ်ပြတ်ရှာပေ့ါ သခင်မကို ချော့ဖို့ဆို သောနုတ္ထိုရ် သူလိုယောကျင်္ား စေလိုရာသွား ထားရာမှာနေ သခင်မ အလိုကျစေဖို့ မျက်နှာလိုရ ဆက်သမယ်လေ… ဆုလာဒ်တွေ ရစေကြောင်း နားထောင်းကွပ်နဲ့ အမယ်အို လှသကို ဆိုဆိုသလောက် အမောင်လျှောက်ပါတဲ့ မုသား သူ့နားဝမှာ ချိုလှတယ်… (အားနာပါတယ် ထိပ်ထား) တုပပြိုင်လို့ လှနိုင်သူ ရှားပေလိမ့် ပီတိတွေနှင့် ဖြေသိမ့်ပါလေ… သုဘဒ္ဒါရယ်လေ ဘဝင်စိတ်ကယ်မှ မရွှင်စိတ်က လာခိုဝင် ချစ်ဖူးသမျှကို ဇာတ်ကြောင်းငင်တော့ ပြန်ပြောင်းမြင် ရင်ကွဲရှာ သောနုတ္တိုရ် လူညိုရိုင်းကြောင့်သာရယ် နတ်ရွာလမ်းကို မြန်း…။ မသွေတမ်း ဖေကမ်းလို့ ဆက်ခဲ့တယ် သေလမ်းက တမင်ပြန်လာ သခင်မကို သတ်ပါလို့ရယ် အစွယ်ကို လိုတယ်ဆို အသက်ကိုရင်း […]


koyinOctober 28, 20115min1908
သောနုတ္ထိုရ် ငိုချင်း အစွယ်ကို လိုသူက မိဖုရား အသွားစေခိုင်းသူက မင်းဧရာဇ် လေးပစ်တဲ့သူက ကျနော် ကြံဖော်ကြံဖက်  သုံးယောက်သား အနက်တွင်မှ ကံကွက်ကြား၍ ငမိုက်သား မုဆိုးလေ… နင်ချည်းသာ သေပေရော့ ဟု ဆဒ္ဒန်ကိုယ်တော် သတ်လိုသော် သေရမယ့်သူ ပူဆာလေသူက သခင်မ စိန် ငွေ မြ မရှား အလွန်ပင် များသည်ကို  နားလေးလေဟန် ဆင်စွယ်မှ ပန်လိုသတဲ့… အဆာကျယ်တဲ့ ထိပ်ထား မုဆိုးကို သားကောင်ဖြစ်စေရော့သလားဟင်… ဆဒ္ဒန်သခင် ဆုံးဖြတ် ကျနော်မျိုးရဲ့ အဆုံးသတ်ကို ဘုန်းမြတ်အရှင် ပိုင်စိုးပြီပေ့ါ အမှန်တကယ် ယိုးစွပ်ရရင်ဖြင့် အပြစ်တင်သင့်တာက ထိပ်ထား (ဘယ့်တွက်ကြောင့်များ) သောနုတ္ထိုရ်က တရာခံဖြစ်သွားရပါသလဲ… တကယ်ပဲ ဒဏ်ခတ်တော်မူလိုတယ်ဆို ကိုယ်တော်ရဲ့ အစွယ်နှစ်ချောင်း သူမကို နားထောင်းလုပ်ခွင့်ပြုပါလေ… ကျနော်မျိုးလည်း ဆုငွေရ သခင်မလည်း ပျော်ရွှင် […]


koyinSeptember 21, 20118min852
ရွှေဓါးကိုလည်း ဆက်ဝံ့သည်… နှင်းသက်တဲ့ နွေ၊ နှင်းဝေဆောင်း ထက် အချမ်းဓါတ်ကဲ၊ မယုံရဲလျှင် ရင်ခွဲကာကြည့်၊ အချစ်ရှိ၏…။ မသိလေဟန်၊ သခင်မာန်တင်း သည်လေညင်းလည်း၊ မလွမ်းရဲလေ ဝမ်းနည်းနွေထက်၊ ခြွေရက်သက်ဆင်း သန်းခေါင်တွင်းမှာ၊ အရုဏ်လာလို့ ရောင်နီပျို့အန်၊ မနက်ဖန်တွေ နေသာနေလား၊ သည်နွေခါးသက် ဓါးထက်ထက်လို၊ ငိုလွယ်ချုပ်ထိန်း သခင်တိမ်းခွာ၊ မစိမ်းပါနှင့်…။ ဝါကျင့်ရွက်ရော်၊ လေပြည်သော်မှ မြေခ သက်ဆင်း၊ သခင် ခင်းလျှက် နှင်းသက်ရုပ်လွှာ၊ နွေသာသာလိမ့် အသံဆိတ်သည့်၊ လန့်ထိတ်မိ ရင် မချိတင်ကဲ၊ သခင်ခွဲခွာ ဆောင်းမှာပူပြင်း၊ သည်းအူတွင်းက ဆယ်နေမင်းလို၊ ပြင်းပြယိုဖိတ် သည်စိတ်ခန္ဓာ၊ ဝေဒနာတိုး ညဥ့်ငှက်မိုးခို၊ တေလေငိုမိ လွမ်းရင် ထိရှ၊ လှစ်ဟ မျက်ဝန်း ပုလဲ သွန်းဖြိုး၊ အငြှိုးတစ်စ ရှားမီးစ ခဲ၊ ရင်ထဲ ခိုဝင် မငြိုငြင်ဘူး..။ သခင်ခူးဆွတ်၊ ဤသည်းပွတ်ကို လူးလွန့် […]


koyinSeptember 19, 20114min1196
— မီးအိမ်ရှင်သို့ အိမ်အပြန် မီးအိမ်ရှင်…ရယ် ငါ့ရင်ဘတ်ကြီးက အိပ်မောကျ အိပ်မက်တွေတောင် နှစ်ခြိုက်နေကာမှ တခဏနဲ့ ချဉ်းနင်းဝင်ရောက် ငါ့နှလုံးသားကို ဖောက်ထွင်း ရင်ခုန်နှုန်းတွေကို ပြင်းထန်ေစခဲ့တာ ရေစက်လား… ဒါမှမဟုတ် အနေခက်ရုံသက်သက် ကံကြမ္မာကပဲ ရက်စက်သလား… နင်နဲ့ငါ့ကို ဘာလို့များ တွေ့ဆုံစေခဲ့တာလဲ ငါ့ရင်မှာ အလင်းပျောက်လို့ နင်တစ်ယောက်က မီးအိမ်ရှင်အဖြစ် အဲဒီ မီးတိုင်ကို ထွန်းညှိပေးမှာလား ငါ တကယ်ကိုပဲ တုန်လှုပ်သွားခဲ့ရတယ်ဆိုရင်… တစ်ဖက်သတ် စိတ်ကူးတွေ ယဉ်နေခဲ့မိ အခုဆို အိပ်မက်တွေထဲ အထိတောင် နင်က လာလာပြီး လှောင်ပြောင်ရက်သလား... ငါ မညာချင်ဘူး မီးအိမ်ရှင် ဟာတာတာရင်မှာ လာဝင်မှေးစက် ငါ့အတွေးတွေက အရမ်းကို နက်သွားသလား တကယ်ကို ရင့်ကျက်ဖို့ အားနည်းနေတဲ့ ရင် ငါ့ကိုယ်ငါ ပြန်မမြင်ရဲလောက်အောင်ကိုပဲ အဲဒီနှလုံးသားက ကြောက်စိတ်တွေ ပိုကဲနေမိ နင်ကရော… မသိချင်ယောင် ဟန်ဆောင်မလား ခွေယိုင်သွားတဲ့ ငါ့ခြေထောက်တွေ… […]