သမုဒယ အကျဉ်းသား

koyinAugust 20, 20122min14910

သမုဒယ အကျဉ်းသား



မချစ်တတ်တာလား..တဲ့
အချစ်ကို တမင်နှစ်သက်လို့
သင်ရိုးကုန် ကျက်မှတ်ခဲ့တဲ့ကောင်ပါ
အသည်းကွဲအောင်လက်မှတ်တွေနဲ့
ဂုဏ်ထူးပါထွက်တဲ့အထိ
တစ်ကြိမ်တစ်ခါ ချစ်ခဲ့မိတယ်…။

အမုန်းကြီးနေလား…တဲ့

အစိတ်စိတ်ကွဲသွားတဲ့ အသည်း
နှလုံးသားက မလွမ်းရဲတော့တာ
ချို့တဲ့,တဲ့ မေတ္တာတရား
ဝကန္တဉာဏ် တိုက်စားလို့
ဣတ္ထိယကို မေ့ထားမိတာ…။


ဘာကို ကြောက်နေတာလဲ…တဲ့
လျှောက်ခဲ့တဲ့ လမ်းမှာ
အချစ်က မာယာလက်နှစ်သစ်နဲ့
ဘဝတစ်ခုကို ထုဆစ် ဖြိုဖျက်
အဲဒီ ဝေဒနာနေ့ရက်တွေက
ရှင်သန်လို့ ကောင်းတုန်း…
အာရုံတွေကို လှည့်ဖြားလို့
အမှားတွေနဲ့ ရင့်ကျက်စေခဲ့
လစ်လပ်နေတဲ့ ကွက်လပ်ကို
ဘယ်သူ့အတွက် ချန်ထားမိသလဲ…
တိတ်တဆိတ် ငတ်မွတ်ဆဲမှာ
(ရင်ဗလာက တောင့်တ)
စာနာ နားလည်ပေးနိုင်မယ့်သူတစ်ယောက်
တကယ်လို့များ ရောက်လာခဲ့ရင်ဖြင့်
တစ်ခါပြန်ပြီး
ချစ် ခွင့် ရ ချင် ပါ သေး တယ်…။ ။


တောက ကိုရင်
၁၃.၀၈.၂၀၁၂

10 comments

  • မောင်ပေ

    August 20, 2012 at 8:49 pm

    သမုဒယ အကျဉ်းသား
    ကုမရ အပြင်းစား
    အခုည ဆင်းသွား
    ဘုထ ငြင်းပွား
    ဥလှ ရှင်းများ ( ငုံးဥ ကြက်ဥ ဘဲဥ ဟု မှတ်ပါလေ )

    • koyin

      August 21, 2012 at 5:16 pm

      အွန့်..
      အခုည ဆင်းသွားတဲ့
      အိမ်ပေါ်က နှင်ချတဲ့
      တိမ်ပေါ်က ရှင်မ
      စိန်ခေါ်လို့ ပြင်ရမယ်ထင်
      ငြိမ်မျှော်လို့ လင်မရရင်ဖြင့်
      ဂိန်အော်လို့.. အဲ..
      ဆောတီးနော်.. အဟီးးးး
      ဘာမှ ပါဝူးနော်.. ကာရန်ပဲ ယူတာ..
      ပျော်ရွှင်ပါစေ..

  • ရွှေ ကြည်

    August 21, 2012 at 10:55 am

    အော် မျှော်လင့်နေသေးတယ်နော် စာနာသူတယောက်ပေါ်လာပါစေလို့။

    • koyin

      August 21, 2012 at 5:29 pm

      မျှော်ရတာပေါ့ကွယ်..
      ကိုရင့်ဘဝက မျှော် တော် ယောင် လေ..

  • YE YINT HLAING

    August 21, 2012 at 12:42 pm

    ရင်ဗလာ ညများ ဝေးပါစေဗျား —

    • koyin

      August 21, 2012 at 5:32 pm

      ဆိတ်တဆ ညများ ကုန်ဆုံးလွန်မြောက်ပါစေ ကွယ်းးးးးးးးးးးးးးးးးးးးးးးးးးးး

  • aye.kk

    August 21, 2012 at 10:57 pm

    သမုဒယ..
    အကျဉ်းသားကပြောတယ်..။
    ခတ်ထားတဲ့..
    နှလုံးသားသော့..
    အချစ်ဆိုတဲ့လက်နဲ ့..
    ဖွဖွလေးဖွင့်ပြီးဝင်လာခဲ့ပါမှ…
    လွတ်မြောက်ဖို ့လမ်းမြင်တယ်တဲ့..။။

    • koyin

      December 19, 2012 at 2:31 pm

      ခတ်ထားသည့် သော့
      ပြေလျော့ပွင့်ထွက်
      ချစ်လက်နက်ဖြင့်
      တိုက်ဖွင့်ရိုက်ချိုး
      သည်ခိုကိုးရာ
      ဝင်လာချင်ပ

  • surmi

    August 22, 2012 at 12:00 am

    ကြိုက်ပြီကိုရင်ရေ
    အိပ်မရတဲ ့ညနဲ ့တော ့ အံကိုက်ဘဲ

Leave a Reply