င = ငယ်စဉ်ကလို..နှလုံးသား….

alinsettAugust 20, 20121min29213

သုံးနှစ်..လေးနှစ် အရွယ်… ကလေးငယ်တွေကို တွေ ့လိုက်တိုင်း..

ကျွန်တော်..တွေးမိတာက…

” ကျွန်တော်လည်း… အဲဒီ အရွယ်..ပြန်..ဖြစ်ချင်တယ်…. ”

_________________

တစ်ခါ တစ်ခါမှာ..

လောကကြီး အကြောင်း… ကောင်းကောင်း.သိနေတဲ ့ လူတစ်ယောက် ဖြစ်ရတာထက်…

လောကကြိးအကြောင်း… ဘာမှ မသိသေးတဲ ့… ကလေးငယ်တစ်ယောက်… ဖြစ်ရတာ ပို..ကောင်းမှာပါ ။

အရာရာတိုင်းကို… လိုက်..သိနေရတဲ ့ လူတစ်ယောက်..ရတဲ ့ နောင်တ ဟာ…

ဘာမှ မသိ တဲ ့ လုူရဲ ့နောင်တ ထက်..ပို ပြင်းထန်မယ် ထင်ပါတယ် ။

ဖြစ်သင့်တာက…ဒီလို ….ပါလား..လို ့ သိနေတဲ ့အခါ…

ဖြစ်သင့်တာ နဲ ့ ဖြစ်သွားတာ.ရဲ ့…..ကြားက ကြွဲပား ခြားနားမှုကို… တွေးမိလေလေ…

နောင်တ က…ပို….ပြင်းထန်လာလေ…ပေါ ့ ။

_________________

ကလေးငယ်တစ်ယောက် ရဲ ့နှလုံးသား ဟာ….

ဖြူစင်တယ် ။

အကောင်းနဲ ့အဆိုးရဲ ့. ခြားနားမှုကို..သေချာ မသိသေးတဲ ့ကလေးငယ် ဟာ….

လောက ကို…ဘယ်ထောင့်…ဘယ် နေရာ ကနေ…အလှဆင်နိုင်သလဲ…. အကျိုးပြုနိုင်သလဲ..။

ဒါ…ကို..တိတိကျကျ မပြောနိုင်ပေမယ့်….

သေချာတာ တစ်ခုကတော့….

ကလေးငယ်ဟာ..လောက ကို မဖျက်ဆီးဘူး..။

လောကရဲ ့ရှိပြိးသား..အလှတရားတွေကို..ရော မရှိသေးတဲ ့အလှတရားတွေ ကိုပါ…

ကလေးငယ်ဟာ…မဖျက်ဆီးပါဘူး။.။။

_________________-

ကျွန်တော်ဟာ… အသက် တစ်ရက် ပိုကြိး..လာတာနဲ ့အမျှ…

အသိဉာဏ်နဲ ့ ဘဝ အတွေ ့အကြုံ… ပို ရင့်ကျက် ပြည့်စုံ လာအောင် ဖြည့်ဆည်း..သင်ယူရခြင်းမှာ..ပျော်ရွှင်ခဲ့ပါတယ်။

ဒါပေမယ့်….

ကလေးငယ်တွေလို…

ကျွန်တော်…မဖြူစင်တော့ဘူး..။

ငယ်စဉ်ကလို…ဝလုံးကလေး…ဝိုင်းအောင်…မရေးနိုင်တော့ပါဘူး ။

ကျွန်တော့် နှလုံးသားဟာ….

အတ္တ တွေ…ဖုံးလာပါပြီ..။

မာနတွေ…ဖုံးလာပါပြီ။

အလို ဆန္ဒတွေနဲ ့ လောဘ… ဒေါသ..မောဟတွေ..ဖုံး…လွမ်းနေခဲ့ပါပြီ ။

ငယ်စဉ်က ဖြူစင် သန် ့ရှင်းခဲ့တဲ ့ နှလုံးသားလေး..ဟာ….

ချေး ( ဂျိီ း ) အထပ်ထပ် နဲ ့..ညစ်နွမ်း…ခဲ့ပါပြီ။


_____________________

ကျွန်တော်..ဟာ…

လောက ကို.. ကောင်းကျိုး ပြုချင်တယ်..ဆိုတဲ ့ရည်ရွယ်ချက် နဲ့ပဲ….

လောက ဆီက ရနိုင်သမျှ ကို… အားမနာ တမ်း..ယူခဲ ့မိတယ် ။

လူနေမှု အဆင့်အတန်း မြင့် မား ချင်လာတဲ ့အလိုလောဘကြောင့်….

ကောင်းပေ့..ဆိုတဲ ့အရာတွေကို. ရအောင် ကြိုးစားခဲ့တယ် ။

အမြင့်ကို ရောက်ချင်တဲ ့လူ အတွက်..ပြုတ်ကျ ကိန်းတွေ..သေချာပေါက် ရှိတယ်..ဆိုတာ သိပေမယ့်…

မြင့်မြင့်မားမား…. အပေါ်င်္စိး ကျကျ ကနေ…လောက ကို အုပ်….မိုး… ြ့ပီး..ကြည့်ချင်ခဲ့တယ် ။

____________________________
ကျွန်တော့်ကြောင့်.. သဘာဝ ပတ်ဝန်းကျင်..လည်း..ထိခိုက်ခဲ့တယ် ။

ကျွန်တော်က တခါတရံ… ကွမ်းစားပါတယ် ။

( ကျွန်တော် စိတ်ညစ်တဲ ့အခါ..ကွမ်းစားတယ် ။ ဘာမှတော့ မဆိုင်ဘူးပေါ့ ။ ဒါပေမယ့် လောက ကို နာကြည်း ဒေါသတွေ ထွက်လာတိုင်း..၊

လောကဓံ ရဲ ့ စိန်ခေါ်မှုတွေကို အရှုံးပေးချင်ချင် ဖြစ်လာတိုင်း.. ကျွန်တော်..ကွမ်းစားလေ့ရှိတယ် ။
ကွမ်းကို ညက်…နေအောင် ဝါးပြိး.. ပစ် ခနဲ..ထွေးထုတ်လိုက်ရတဲ ့အရသာ ကို ကျွန်တော်.. သဘောကျတယ် ။ ဒါပေမယ့်..

သန် ့ရှင်း စွာ.ကြည်လင်…နေတဲ ့ အချိန်မျိုးမှာတော့..ကျွန်တော့် ရှေ ့မှာ.ကွမ်း စားသူတွေ ့ရင်ကို….. မကျေနပ်ချင်တာ ။

ဒီလူ နှယ် ညစ်ပတ်လိုက်တာ..လို ့တောင် တွေးမိတယ် ။ ကျွန်တော်..တော်တော်…အတ္တ ကြိးတာပဲ..နော် ။)

ဒါပေမယ့်..ကွမ်းစားခါနီးတိုင်း. …. ငါ့ကြောင့် ပတ်ဝန်းကျင်တော့.. ညစ်ပတ်သွားမှာပဲ… လို ့ မတွေးမိပါဘူ း။

ဘာလို ့မတွေး မိသလဲ..ဆိုတော့…

ကျွန်တော်ဟာ…

ကိုယ်လုပ်ချင်တဲ ့ ကိစ္စ တစ်ခု လုပ်ဖြစ်သွားဖို ့အရေးက်ုပဲ…

ရှေ ့တန်းတင်လိုက်မိလို ့ပါ ။

_______________________

တစ်ဆင့်ပြိးတစ်ဆင့် … မြင့်ချင်လာလို ့… မြင့်တဲ ့နေရာကို…ရောက်ချင်လာလို ့…

တစ်ထစ်ပြိး..တစ်ထစ်..နင်း..နင်းပြီး..တက်ခဲ့ရပါသေးတယ် .။

ကျွန်တော် ..နင်းပြီး တက်ခဲ့ သမျှ ထဲမှာ..

နာကျင်ကြေမွ ပြီး… အနင်းခံ ကျန်ရစ်ခဲ့ရတာတွေ… ရှိတာပေါ ့။

________________________

ကျွန်တော်ဟာ…..

” ငါ…” ဆိုတဲ ့အတ္တ စိတ်တစ်ခု နဲ ့..

ကိုယ်ဖြစ်ချင်တာတွေကို ပဲ.. ရှေ ့တန်းတင်မိခဲ့တယ် ။

အခုတော့….

ကလေးတစ်ယောက်မှာ မရှိတဲ ့… မာနတွေ ရှိနေပြီ ။

ကလေးတစ်ယောက်မှာမရှိတဲ ့ … အလိုလောဘ နဲ ့…. အတ္တတွေ..၊

ပြီးတော့… ဒေါသတွေ… ။

ကျွန်တော့် နှလုံးသား.. အပေါ်ယံ အလွှာတွေဟာ…

ညစ်နွမ်းခြင်း..အထပ်ထပ် ..ဖုံးအုပ် နေပါပြီ ။

ငယ်စဉ်က နူးညံ ့ သိမ်မွေ ့ပြီး.. ဖြူစင် ခဲ့တဲ ့နှလုံးသားလေးဟာ……

တင်း…လို ့ မာ..လို ့…၊

အရောင်တွေ..လည်း..တစ်မျိုးပြီး.တစ်မျိုး… စွန်းထင်းခဲ့ရပါပြီ .။

__________________________

အလုပ် သမား တစ်ယောက်..သိသင့်တာ ထက်..ပို သိလာတဲ ့အခါ….

အလုပ်သမားရဲ ့အခွင့်အရေး ဆုံးရှုံးမှုတွေကို မြင်တတ်လာတဲ ့ …အခါ….

ကျွန်တော်……

တချို ့ အလုပ်ရှင်တွေ. အပေါ်… မကျေနပ် စိတ်တွေ..ဖြစ်တတ်လာတယ် ။

_____________________________

အနုပညာ ရဲ ့ လွတ်လပ် ခွင့် ကို…

ပယ်ပယ်နယ်နယ်..သိအောင် ကြိုးစား..လေ ့လာ ရင်း….နဲ ့….

ကျွန်တော်… ဟာ…

အနုပညာ ရဲ ့လွတ်လပ် ခွင့် ကို….. မက်မက်မောမော… လိုချင်ခဲ့တယ် ။

နှောင်တည်းခံ..အနုပညာ တွေကို.. ဖန်တီးနေရတဲ ့ဘဝ ထက်..

သေလိုက်ရတာက မှ ပို မြတ်တယ်..လို ့တွေး မ်ိလာတယ် ။

ကျွန်တော်.. ရေးတဲ ့ကဗျာတွေ..

နားလည်ရခက်လာတယ်…..( လို ့..ပြောကြတယ် ။ )

ကျွန်တော်…. ့ကဗျာတွေကို.. မော်ဒန် ကဗျာတွေ.. လို ့လည်း.. ပြောကြပါတယ် ။

မော်ဒန် အနုပညာ..ကို ကျွန်တော်..စိတိ်ဝင်စားပါတယ် ။

ဒါပေမယ့်….

ကျွန်တော် ..ကတော့….

မော်ဒန် ဖြစ်အောင် တွေ./.မော်ဒန် မဖြစ်အောင်တွေ.. လုပ်မနေပဲ…

ကိုယ် ရေးချင်တာကို..ရေးတတ်သလို..ချရေးနေတယ် ။ နားမလည် ရင်..မဖတ်နဲ ့..ဆိုုပြီး..ရေးမြဲ..ရေးဆဲ… ။

ကိုယ် ့ခံစားချက်ကို.. ပဲ… ရှေ ့တန်း တင် ခဲ့ပါတယ် ။

_________________________

ကိုယ် ဖြစ်စေချင်တဲ ့ စိတ်ဓါတ်နဲ ့…

အရည် အသွေးတွေ.. မရှိတဲ ့လူတွေ.နဲ ့…ဆက်ဆံရတဲ ့အခါ….

ကျွန်တော်..စိတ်ညစ်တတ်လာတယ် ။

” ငါ..ဘယ်လို လူစားလဲ.”. ….လို ့ မမေးပဲ…

” မင်း …ဘယ်လို လူလဲ…” လို ့ … ပဲ..မေးချင်ခဲ့တယ် ။

ကျွန်တော့် နှလုံးသားမှာ… ဖုံးလွှမ်းနေတဲ ့ ….

အတ္တ ထုထည်ဟာ…

အတော်လေး… ထူထပ် ကြီးမားခဲ့ပါတယ် ။

___________________

အဲဒါ… ဟာ….

ကိုယ် ဖြစ်ချင်တာတွေကိ်ု ပဲ..

ရှေ ့တန်းတင်..လုပ်ခဲ့မိလို ့…..

အဲဒီလို ကျွန်တော်…တွေးမိပါတယ် ။

တွေးမိပါတယ် ။

ကျွန်တော်…………..

နောင်တ ရပြန်တယ် ။

____________________________

တစ်ခါ တစ်ခါတော့လည်း….

တောရွာကလေးတစ်ခု က….

နွားကျောင်းသား ကလေးတစ်ယောက်ပဲ….

ဖြစ်ချင်လာပါတယ် ။

___________________________

အခု ……………….

ရောက်နေတဲ ့နေရာက…နေ…

ခြေလှမ်းတွေ.ကို… တစ်လှမ်းချင်း…. နောက်ပြန်ဆုတ်…/ ပြန်ရုတ်သိမ်းပြီင်္း…..

ကလေးငယ်တစ်ယောက် ရဲ ့ဘဝကို… ပြန်သွားလို ့….ရရင်… ဘယ်လောက်ကောင်းလိုက်မလဲ……

________________________________

ငယ်စဉ်ကလို … နှလုံးသားလေး…. ပြန်ရချင်လိုက်တာဗျာ…။

ဖြူစင်တဲ ့နှလုံးသားလေးကို…ညစ်နွမ်းတဲ ့…အရောင်ဆ်ိုးတွေ..

မခြယ်သ ….မိအောင်….

အစ..ကနေ ပြန်ရှင်သန် ချင်ပါတယ် ။

အတ္တတွေ….

မာန တွေ….

လောဘ ဒေါသတွေ….

အနိုင်ယူလို စိတ်တွေ….

အရှုံးပေးလို စိတ်တွေ….

လောက ကို လွှမ်းမိုးပြီး…. အောင်မြင် ချင်စိတ်တွေ…

ဒီ လူငယ်လေး.နှလုံးသားမှာ ဖြစ်နေတဲ ့ မကောင်းတဲ ့ခံစားချက်တွေ..အားလုံးကြောင့်…

ပုံဆိုးပန်းဆိုး..ဖြစ်နေတဲ ့ …

ကျွန်တော့်နှလုံးသားလေးကို….ပြန်လည်…သန် ့စင်..ပစ်လိုက်ချင်ပါတယ်..။


____________________________

ငယ်စဉ်ကလို နှလုံးသား..လေး….

ပြန်ဖြစ်ဖို ့….

ကျွန်တော်.ကြိုးစားကြည့်ပါဦးမယ် ။

ကျွန်တော့်နှလုံးသားမှာ…. တစ်ထပ်ပြိး တစ်ထပ် ဖုံးလွှမ်းနေတဲ ့… ညစ်နွမ်းတဲ ့အရာတွေကိ်ု…

တစ်လွှာချင်းစီ….. ပြန်..လည်း..ခွါ ချ… ပစ်ဖို ့ …

ကျွန်တော်…

ကြိုးစားကြည့်ပါဦးမယ် ။

__________________________________________

အခုလောလောဆယ်တော့……………….

ကျွန်တော်တို ့အားလုံး….

ငယ်စဉ်ကလို ..ဖြူစင်တဲ ့နှလုံးသားလေးတွေ…. ကိုယ်စီ ကိုယ်စိ ..ပြန်ရလိုက်ပြီ..လို ့…..

အိပ်မက်တစ်ခု..လောက်…

အတူတူ မက်လိုက်ကြရအောင်လား….

____________

လေစားစွာဖြင့်…

အလင်းဆက်

19 . 8 . 2012 . 6း 28 pm
alinsett.art@gmail.com

စ = ?

ကျွန်တော်..တွေးမိသမျှ လေးတွေကို.. တွေးမိသလို..ခပ်ရိုးရိုး..ချရေးဖြစ်တာလေးတွေပါ ။
အမြ်ငမတူသူမိတ်ဆွေများရော… အမြင် တူ သူ မိတ်ဆွေများ …
အားလုံး..ကို.. ကျေးဇူးတင်ပါတယ် ။
ခင်မင်လေးစားလျက်ပါ ။
ကျွန်တော့် ခံစားချက်ကို… ကူးယူ ခံစား..ဖတ်ရှု.ပေးကြလို ့… အားလုံးကို ကျေးဇူးတင်ပါတယ် ။
စ…လုံး ..မှ…… အ..အထိ..ဆက်လက် ချီတက် ပါရစေ…နော် ။

13 comments

  • မိုး မင်းသား

    August 20, 2012 at 6:54 pm

    အလင်းဆက်ရေ……..

    ကလေးငယ်လေးရဲ ့မျက်နှာလေးကအပြစ်ကင်းလိုက်တာနော်…….

    သားသားလည်း…အဲဒီလိုမျက်နှာလေးဗျ……ဟိ

    • shwe kyi

      August 20, 2012 at 7:05 pm

      အယ် တကယ်တူတယ်ဗျ အဟီးးးးးးး

  • shwe kyi

    August 20, 2012 at 7:09 pm

    မောင်ငယ်အလင်းဆက်ရေ သိပ်မတွေးနဲ့နော်။
    ရောက်တဲ့အသက်အရွယ်နဲ့အမျှရင့်ကျက်ကြရအောင်ကြိုးစားရတော့မှာပေါ့။
    ငယ်ငယ်ကလေးဘဝနှလုံးသားလေးကတော့တကယ်ကိုဖြူစင်တယ်နော်။
    အလင်းဆက်ပြောသလိုပဲများများသိလာတဲ့အခါ များများမကျေနပ်ဖြစ်တတ်လာတယ်။

  • ko khin kha

    August 20, 2012 at 7:10 pm

    ကလေးငယ်တွေမှာ အကောင်းဆုံးသော အရာတစ်ခုကို
    သူတို့ပိုင်ဆိုင်ကြပါတယ်။ အဲဒါက ရိုးသားမှု့ပါဘဲ။
    အဲဒီ ရိုးသားမှု့ကို ကလေးဘဝလွန် အချိန်တွေမှာလည်း
    ပိုင်ဆိုင်ထားနိုင်အောင် နေနိုင်ခဲ့ရင်လည်း ဘဝမှာ
    အကောင်းဆုံးအရာတွေကို ရယူနိုင်လေ့ရှိပါတယ်။
    ( ခင်ခရဲ့ ဒဿနတစ်ခုပါ၊ အယူအဆကွဲတွေရှိနိုင်ပါတယ် )

  • အလင်းဆက်

    August 20, 2012 at 7:24 pm

    မိုးမင်းသား..ရေ.။
    တကယ်လည်း..တူပဲနဲ ့ ။ မိုးမင်းသားက အတော် အနောက် ..သန်..တာပဲ..ဂျာ..။
    _____________

    မမရွှေကြည်ရေ.
    ကျွန်တော်.. က အဲဒီလိုပဲ. အတွေးတွေ.. နဲ ့..
    အိုးနင်းခွက်နင်း ဖြစ်နေတတ်တာ..လေ။
    အခုလည်း… င = ဘာရေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့..
    ငယ်စဉ်က နှလုံးသား..လေး.ကို ပြန်လိုချင်မိတာလေး.. တွေးမိတယ်.လေ ။
    ဒါနဲ ့ပဲ…
    ဒီ ပို ့စ်လေး ဖြစ်လာပါတယ် ။
    စ =… ကိုလည်း.ဆက်လက် ချီတက်ဦးမှာ မို ့.
    ဆက်လက် ဖတ်ရှု.ပေးပါဦးနော် ။
    _________________
    ကိုခင်ခ ရေ..
    ကျွန်တော်.. ကလေးငယ်တစ်ယောက်..နဲ ့ပက်သက်တာလေး.ရေးတာမှာ..
    ကိုခင်ခ ပြောတဲ ့.. ရိုးသားမှု ဂုဏ်..လေး..
    အဲဒါလေး..မေ့ ကျန်သွားတယ်ဗျ။
    ကိုခင်ခ က.. အမှတ်တရ..နဲ ့ ထပ် ဖြည့်ပေးလို ့.. ကျေးဇူးပါပဲ.ဗျာ.။

    ကဲ. စလုံး ဆီကို.. ဆက်လက် ချီတက်ကြဥိးမယ်.ဗျ.။
    ကျွန်တော် နဲ ့အတူ..အက္ခရာ များနဲ ့ခရီး ဆက် လာကြသူအားလုံးကို..
    လေးစားစွာ..ခင်မင်…
    ကျေးဇူးတင်လျက်ပါ…
    alinsett.art@gmail.com

  • Liquid_Sn@ke

    August 20, 2012 at 8:38 pm

    လုံလောက်တဲ့ကလေးဘဝရခဲ့ဖူးပြီးပါပြီ
    ပြန်မသွားလိုတော့

    သည်နေ့သင်ယူလေ့ကျင့်သမျှဟာ
    မနက်ဖြန်အတွက်ပေါဗျာ.

    ကလေးပြန်မဖြစ်ချင်တော့တဲ့
    ခင်ဗျားသူငယ်ချင်းတယောက်

  • မောင်ပေ

    August 20, 2012 at 9:21 pm

    င ငှက်ပျောဖူး
    ငှက်ကြီးခူး
    အားရပါးရမူး
    စားလို ့ထူး
    အားပို ့မြူး
    ကားပြပါလို ့ကူး

  • မဟာရာဇာ အံစာတုံး

    August 20, 2012 at 10:37 pm

    င .. ကလေးငယ် ..
    ချစ်စဖွယ် …
    ကိုထီးကြီးကတော့ ဒီလို ဟစ်ခဲ့တယ် ..
    “ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ” ဆိုလားပဲ …

    ကလေးဘဝဟာ ..
    အပူအပင် ကင်းတယ် ..
    ဖြူစင်တယ်လို့ ကျနော်တို့ ယူဆကြပေမယ့်လည်း ..
    ဘုရားဟောတွေ ဖတ်မိသမျှဆိုရင် ..
    ကလေးပေါက်စလေး ဘဝက နိဗ္ဗာန်ကို မြင်ဖို့ မဖြစ်နိုင်ဘူးတဲ့ ..
    ကိုယ့်အီးအီးတောင် ကိုယ်မကုန်းနိုင်သေးတဲ့ ဘဝဟာ
    ဒုက္ခဆိုပဲဗျ ….
    ကြားဖူးတာ ပြောပါတယ် …

  • P chogyi

    August 21, 2012 at 9:34 am

    ငါငယ်ငယ်က အတန်းထဲမှာ ခုံခေါက်ပြီးသီချင်းလေးဆို ………………..
    ငါငယ်ငယ်က အတန်းထဲမှာ ချောက်ကပ်ပြီးသီချင်းရေးရင် …………….

  • Good™

    August 21, 2012 at 10:08 am

    လူရယ်လို့ ဖြစ်လာရင် ဘဝ မျိုး စုံ ကို ဖြတ်သန်း ရတာ တကယ့် ဘဝ အရသာပါ။
    လူညံ့ တွေ နဲ့ တွေ့ နေ သမျှ ကိုယ့် ကို ကိုယ် တော် တယ် လို့ ထင် နေကြတာပါ ပဲ။
    ကိုခင်ခ ပြော သလို ဘဲ ဖြူစင်တဲ့ နှလုံး သား ဆိုတာ လောဘ ဒေါသ မသိသေးတဲ့ ကလေး တွေမှာ ရှိခဲ့ တာ ထက် လူကြီး တွေ မှာ ရှိနေ ရင် ပို ပြီး အဖိုးတန်ပါတယ်။

  • အလင်းဆက်

    August 21, 2012 at 6:29 pm

    Liquid_Sn@ke..ရေ
    ကျျွန်တော်လည်း… တစ်ခါတရံ သာ..ကလေး ပြန်ဖြစ်ချင်မိတာပါ ။

    __________
    ကို အံစာတူုံးကြီး ပြောသလိုပါပဲ..။
    တရားသဘောနဲ ့ကြည့် ရင်…
    ကလေး ဘဝ ဟာ..အကောင်း အဆိုး..အကြောင်းအကျိုးကို သေချာ မခွဲခြား နိုင်တဲ ့ ဘဝ မို ့…
    မကောင်းပါဘူး။
    ရင့်ကျပ် ပြည့်ဝတဲ ့ အသိတရား ရှိလာတဲ ့ လူကြီး..ဖြစ်ရတာ က ပိုကောင်းပါတယ် ။

    တစ်ခါတစ်ခါမှာတော့… လူကြိး ဘဝ ထက် ကလေး ငယ်တစ်ယောက်လို အပူအပင်ကင်းစွာ.နေချင်မိတာလေး..ပါ ။
    ___________________
    ဦးပေ..
    ကျေးဇူးနော်..။
    ________________
    P chogyi..ရေ..
    အဲဒီ သီချင်းလေး.ကို ..တားတားလည်းကြိုက်တယ်ဂျ ။
    __________________

    Good™ ..ရေ.
    အယူအဆလေးက..သဘောကျ စရာပါ ။
    ကိုခင်ခ ပြောတာလေး..လည်း..ဟုတ်တယ်ဗျ ။

    ခင်မင်လေးစားစွာ…

  • လေပြေ ရိုင်း

    August 22, 2012 at 9:45 am

    အချိန်ကို အချိန်ကစားသတဲ့….
    လူကိုလဲ အချိန်ကစားသတဲ့….
    အချိန်ကို အချိန်ကစားလို့
    ကလေးဘဝ နေထိုင်ခဲ့တဲ့ နေ့ရက်တွေ
    စားဖတ်ဝါးဖတ်ဖြစ်ခဲ့ရပြီးပြီ
    လူကိုအချိန်ကစားခဲ့လို့
    အဘိုးအဘေး တခါတလေ ရွယ်သူငယ်သူမရွေး
    စားကြွင်းစားကျန် ဘုံဗိမာန် မြေကြီးနန်းဆံခဲ့ရပြီးပြီ
    ကိုအလင်းဆက်ရေ….
    အချိန်ကို လူကနိုင်အောင်ပြန်လို့ စားရမတဲ့…
    ပထမအရွယ်ရဲ့ အချိန်ကို နိုင်အောင်စားဖို့ရာ
    လောကနီတိ အတိုင်းတွက်ရင် ပညာရှာခြင်း
    ပညာရှာလိုက်နိုင်ရင် အချိန်ကို ငါစားလိုက်ပြီလို့မှတ်ပါတဲ့
    ဒုတိယ အရွယ်မှာ ဥစ္စာရှာခြင်းကတော့
    ဘဝရဲ့ ဒုတိယ အချိန်ကို ကိုယ်က ပြန်စားနိုင်အောင်အားထုတ်တာပါတဲ့
    တတိယ ဘာဝနာကတော့
    ပထမနဲ့ ဒုတိယ အချိန်ကို နိုင်အောင်မစားနိုင်သူတွေအတွက်
    အခက်တွေ့ပြီတဲ့
    ပထမအရွယ် အချိန်ကို ငါမစားနိုင်ခဲ့ဘူး
    ဒုတိယအရွယ် အချိန်က ငါ့ကိုပဲ စားခဲ့တယ်
    တတိယအရွယ် အဲဒီ့လို တဖန်ပြန်လည် ပူပန်ခြင်းကြောင့်
    တရားရယ် ရှာနိုင်ခြင်းမရှိပါဘူးတဲ့…
    အကိုကတော့ကွယ်တမျိုး အသက် ၃ဝ နဲ့ ၄ဝ ကြားကို
    ရင်ခုံနေမိပါရဲ့ (မသေဘူးဆိုရင်ပေါ့)
    အသက်ကို ၁ဝ ပုံခွဲတဲ့ နည်းအရဆိုရင် ဗလ အရွယ်
    ခွန်အားပြည့်ဖြိုးသော အရွယ်ပေါ့
    ငါ့ဘဝမှာ အဲဒီ အချိန်အတွင်း စိတ်ကြိုက် လုပ်ချင်တာ
    အကုန်လုပ်မယ်လို့ စိတ်အားထက်သန်နေမိတယ်…
    လူတကိုတမျိုးမဟုတ်လား…

  • အလင်းဆက်

    August 24, 2012 at 8:47 pm

    နုပျိုနေတဲ ့ စာသားတွေနဲ ့
    နုပျိုနေတဲ ့ကွန်မန့် လေးအတွက်…

    နုပျိုနေတဲ ့ အလင်းဆက်က .

    နုပျိုနေတဲ ့လေပြေ..ကို ကျေးဇုူးတင်ပါတယ်..နော် ။
    😀

Leave a Reply