ဆူးNovember 16, 20102min55230
အခုမြင်ရတဲ့ ဘဏ်ကြီးပေါ့ကွယ်.. မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အသစ်များသာ လက်ခံနေပါတယ်။ အခုပါတဲ့ ပုံမှာ ရှိတဲ့ ပိုက်ဆံကို သေချာ လေ့လာကြည့်ပါ။ လူအချင်းချင်း ဈေးဝယ်ရင်တောင် ဒါလေးတွေ ပေးရင် လက်ခံရတယ်။ ဘဏ်မှာ ပိုက်ဆံ ထုတ်ရင်တောင် အသစ် မပေးနိုင်ဘဲ ဘဏ်မှာ ငွေအပ်တော့ ဟောင်းလို့ လက်မခံဘူး ကြည့်ကြပါအုန်း။ ခက်တာက ပိုက်ဆံ အသစ် ပေးရအောင် ပိုက်ဆံ ထုတ်တဲ့ စက်မှ မရှိတာ.. အဟောင်းလက်ထဲ ရောက်မှ တော့ အဟောင်းဘဲ သုံးရမှာပေါ့


ဆူးNovember 11, 20101min29919
လွန်ခဲ့တဲ့ ၃နှစ်လောက်က မှတ်မှတ်ရရ ဆရာတော် တပါးကို သပိတ်လှူတဲ့ အကြောင်းလေးပါ။ ထို ဆရာတော် ကို စပြိး သိခါစ တုန်းက သပိတ်လှူချင် စိတ်ဖြစ်မိတာနဲ့ သပိတ်တလုံး ဝယ်ပြီး လှူမယ်လုပ်တော့ အနီး အနားက ဒကာတွေက ဝိုင်းပြောကြတယ်။ *ဆရာတော်က အကောင်းသုံးတာ နင်လှူတဲ့ အညံ သုံးမှာ မဟုတ်ဘူး လှူတယ် ဆိုတာ လိုအပ်တာ လှူရတယ်။ နင်လှူတာ မလိုအပ်တာ ဆိုရင် အလှူခံရလည်း ဘုန်းကြီးကျောင်းမှာ ဒီတိုင်း အပိုဖြစ်နေမယ်။ တခြား လိုအပ်တာ လှူပါလား။* စိတ်ထဲမှာတော့ သပိတ်ကိုဘဲ လှူချင်စိတ် ရှိတယ်။ နောက် ဒကာ တယောက်က *အခု ဆရာတော် သုံးနေတဲ့ သပိတ်က ဆရာတော် စာသင်သား […]


ဆူးNovember 8, 20101min12510
သီတဂူ ဆရာတော်ကြီး တရားတခုမှာ ကြားမိတာလေး သတိရလို့.. ဆရာတော်ကြီး ပြောကြားချက်အရ.. လူတယောက်က ပေါက်ပေါက် ရှာရှာ လာမေးတယ်။ * မြတ်စွာဘုရား ပွင့်လို့ ဒေဝဒတ္ထ (ဒေဝဒတ်) ဇိဉ္စမာန တို့ မြေမျိုုရတယ်။ ဘုရားသာ မပွင့်ရင် သူတို့ မြေမျိုုစရာ မရှိဘူး။* *** ဒါနဲ့.. ပြန်ပြောလိုက်တယ်.. မြတ်စွာ ဘုရားကို စော်ကားလို့ မြေမျိုတာ ဒေဝဒတ် နဲ့ ဇိဉ္စမာန နှစ်ယောက်တည်း မဟုတ်ဘူး.. ဘုရား တောထွက်တော် မမူခင် သိဒ္ဓတ္ထ ရဲ့ ဇနီး ယသော်ဓရာ ရဲ့ အဖေ သုပ္ပဗုဒ္ဓ ယောက္ခမပေါ့ သူလည်း မြေမျိုတဲ့ အထဲမှာ ပါတယ်..*** ***၂ယောက်မဟုတ်ဘူး ၃ယောက်။*** *** ဒကာကြီး […]


ဆူးNovember 5, 20101min19814
တနေ့က စီးတီးမတ်ကို ဈေးဝယ်ထွက်ရင် အပြန်မှာ စီးတီးမတ် မှာ ငှားဖွင့်တဲ့ ဆိုင်တဆိုင်က မုန့် ကို ဝယ်စားတယ်.. ဖြစ်ချင်တော့.. ဆိုင်က တူညီ ဝတ်စုံနဲ့ ဝန်ထမ်း နှစ်ယောက် ဝယ်သူတွေ ဘက်ကို ကျောပေးပြီး ကွန်ပြူတာ ကို နှစ်ယောက်သား အလုအယက် ကြည့်နေကြတယ်။ ဒါနဲ့.. မုန့်ဝယ်မယ်လို့ ကျောပေးနေတဲ့ လူနှစ်ယောက် ကို အသံပေးလိုက်တယ်။ မုန့်ဝယ်မယ်လို့ အသံကြားတော့ လှည့်ကြည့်တော့.. မုန့်ကို လက်ညိုးထိုးပြလိုက်တယ်.. မုန့် ၃ခုလို့ ပြောလိုက်တော့ မုန့်ကို ဘူး တခုထဲ ထည့်ဖို့ ကြိုးစားတယ် စိတ်ကတော့ ကွန်ပြူတာ ဆီကို ရောက်နေတယ်.. စိတ်နဲ့ လူနဲ့ တခြားစီ ဖြစ်နေတယ်.. မုန့် ၂ခုဘဲ ဆန့်တဲ့ […]


ဆူးNovember 4, 20101min45243
ဖြိုးဆိုတဲ့ မန်ဘာ သူရေးသမျှ လိုက်ပြီး တုန့်ပြန်လျှင်လည်း မကောင်း မတုန့်ပြန် နေသော်လည်း တနေ့တနေ့ ပိုဆိုးလာသည်.. ကိုယ့်ဘဝ ကို နားမလည် သူများ ကို အတင်းဇွတ်သွင်း.. ဖြိုး ဘယ်သူကိုမှ မမြူဆွယ်ပါဘူးလို့ ပြောအုန်းမယ်.. မမြူဆွယ်ဘူး ဆိုရင် ဒီမှာ တင်နေတဲ့ စာတွေကို အသက်ကြီးသူ ငယ်သူပါ အကုန် ဖတ်နေကြတာပါ.. ငယ်သူတွေလည်း ငါတို့ကော ဒီလိုမျိုးလား ဆိုပြီး နဝေ တိန်းတောင် ဖြစ်စေတာမျိုး.. ပုံတွေတင်လိုက်ရင်လည်း ယောကျား အချင်းချင်း ပွတ်သီး ပွတ်သပ် လုပ်ပြီး ဈန်ဝင်နေတဲ့ ပုံတွေကြီးဘဲ.. ဒီပိုစ်ကို ဖတ်ရင် ပုံဘေးနားက စာကို ဖတ်ရင်တောင် ဘေးက လူရှိရင် ဒီပုံကြီးနဲ့ ဖတ်ရတာ.. ဘေးကလူတွေ တမျိုးတမည် […]


ဆူးNovember 4, 20101min1419
ရွာတရွာမှာ ဘုန်းကြီးကျောင်းက ကပ္ပိယကြီး တယောက် ရှိတယ်.. သူကို ဘယ်သူမှ စကားနဲ့ကော ကဗျာ စာ အလင်္ကာဖွဲ့တဲ့ နေရာမှာ မမှီနိုင်ကြဘူး။ တကယ်ကောင်းတဲ့ ဟာတွေ ဆိုလည်း အမှားမျိုးစုံ ရှာထောက်တတ်လို့.. တရွာလုံးက လူတွေ အမြင်ကတ်ကြတယ်။ ခံရတာများတော့ ရွာသားများ စုပေါင်းအကြံထုတ်ကြသည်.. ဒီ ကပ္ပိယကြီးကို ဘယ်လိုလုပ်ရင်ကောင်းမလဲ.. နောက်တော့ အကြံတခု ရသွားပါသည်။ ဒီလိုနဲ့.. ကဗျာ တခုကို ရေးပြီး ကပ္ပိယကြီးကို သွားပြသည်။ ကပ္ပိယကြီး ကဗျာကို ဖတ်ပြီး အချိန် တခုကြာအောင် နဲနဲ စဉ်းစားနေသည်.. ရွာသားများကတော့.. သူတို့ အောင်နိုင်တော့မည်ဟု တွေးပြီး ဝမ်းသာနေကြသည်။ နောက်တော့ ကပ္ပိယကြီး သေချာ စဉ်းစားပြီး ပြောလိုက်ပါသည်.. ကဗျာလေးကတော့ ကောင်းတယ်.. […]


ဆူးNovember 2, 20101min38630
သိပ်ချစ်ကြတဲ့ အဘိုးပွကြီး အဘွားမယ်ခက် နှစ်ယောက် တူတူ နေထိုင်ကြသတဲ့.. အသက်တွေလည်း မငယ်သလို မင်္ဂလာ နှစ်တွေကလည်း ကြာညောင်းလာတော့ တယောက်နဲ့ တယောက် မရှိရင် မဖြစ်သလိုကို ဖြစ်ပြီး သံယောဇဉ်တွေ ဖြစ်နေကြတာပေါ့.. မြင်တော့လည်း တကျက်ကျက်.. မတွေ့တော့လည်း.. တမျှော်မျှော်.. တနေ့မှာတော့ အဘွားကြီး ရုတ်တရက် သေသွားခဲ့တယ်… အဘိုးပွကြီး ခမျှာ အနှစ်နှစ် အလလ က ချစ်ခဲ့ရတဲ့ သူ့ဇနီး.. သေသွားတော့ ဝမ်းနည်း ပက်လက်နဲ့.. တော်တော် စိတ်မကောင်း ဖြစ်နေရှာတာပေါ့ကွယ်.. ရွာက ဓလေ့ တခုရှိတယ် သေပြီ ဆိုရင် ဖျာနဲ့ ပတ်ပြီး.. သဂျိုုင်းကုန်းကို ရွာက လူငယ်တွေ မပြီး လိုက်ပို့ကြတယ်. ဟိုရောက်မှ ကြွင်းတူးပြီး မြှုပ်ကြတယ်။ သဂျိုင်္ုင်းကုန်းကို […]


ဆူးNovember 1, 20101min16311
ကြုံရ တွေ့ရ မှတ်မှတ် ရရ အဖြစ်အပျက်တွေ ရေးမယ် စိတ်ကူးရင်း.. ပုဂံမြေမှ အမှတ်တရ တခု သတိရလာခဲ့တယ်။ မြန်မာပြည် ခရီးသွားရာသီ ပါးတဲ့ အချိန် လေယာဉ် လက်မှတ် ၅၀% လျော့တဲ့ အချိန် ပုဂံမြေကို အလည်အပတ် သွားရောက်ခဲ့တယ်။ လေယာဉ် လက်မှတ် ၅၀% လျော့တယ်ဆိုတော့ အသွား အပြန်မှ တခေါက်စာဘဲ ဆိုတော့ တန်တယ် ဆိုပြီး သွားကြတာ.. ပုဂံမှာလည်း လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွား သိပ်မရှိတဲ့ အချိန်.. နေကပူ.. မိုးလေး တစွတ်စွတ်.. အိုက်တဲ့ အချိန်ပေါ့.. ဟိုတယ်တွေလည်း လူမလာလို့ မျှော်နေချိန်.. ခရီးသွား တည်းခိုသူ လာရင် ဟော်တယ်တွေ သိပ်ပျော်တာ.. ပုဂံသွားရင် တည်းနေကျ […]


ဆူးOctober 31, 20101min49135
၁ဝတန် အတွေးစုများ ဆိုလို့… ဘာများလို့ မထင်နဲ့.. တခါမန်းရင် ၁ဝပေးတယ်လေ.. မန်းတာတွေ လိုက်ဖတ်ရင်းနဲ့ တယောက်တမျိုးတွေး.. တယောက်တမျိုးရေး..  တနေ့တနေ့.. ဖတ်ပြီးသားလည်း သူများ မန်းရင်.. ပြန်ဝင်ဖတ်ရတာ အမော.. အစိုးမရတဲ့ အင်တာနက်.. မရတော့လည်း တမျိုး.. ရတော့လည်း.. တမျိုး.. အမျိုးမျိုး အထွေထွေ.. စစ ဝင်ဖတ်တုန်းက တခါတလေ အပျင်းပြေ.. နောက်များ အကောင့်လုပ်တော့လည်း.. သူများရေးတာ ဝင်ဖတ်ပြီး မန်းလိုက်.. မန်းတာများတော့.. အမြင်ကတ်ခံရတာတွေ အငြင်းအခုန် လုပ်တာတွေ ဖြစ်ကုန်ရော.. အမျိုးမျိုး မန်းတာတွေ ကြားမှာ.. မပျင်းရအောင်.. ဟာသနှော သူများကို ကျီစယ်နောက်ပြောင် အပျင်းပြေရင်း ငြီးငွေ့စရာမကောင်းအောင် မန်းလိုက်ရင်းနဲ့.. သူများတွေ ငပေါဆိုတာ လူတွေ သိကုန်ပြီ.. ခက်တော့ ခက်ကုန်ပြီ.. […]


ဆူးOctober 30, 20101min26315
တခါတုန်းက အသိတယောက် ခွဲစိတ်မှု တခု ခံယူရန် ဆေးရုံတက်စဉ်က အဖော်အဖြစ် ညဘက် လိုက်စောင့်အိပ်ပေးဘူးတယ်။ ဆေးရုံကတော့ သိပ်မကြီးပါဘူး.. ခပ်သေးသေးဘဲ.. ကိုယ်ပိုင်အခန်းမှာ တက်တော့ နေ့နေ့ညည ဆေးရုံစောင့်ပေးရတာ သက်တောင့် သက်သာတော့ ရှိတယ်။ တီဗွီလည်း ရှိတော့ ရုပ်ရှင်တွေ အပျင်းပြေ တနေကုန်ကြည့်.. လူနာ အိပ်တဲ့ ကုတင်အပြင် နောက်ထပ် ကုတင် တစ်လုံး အပိုတောင်ပါသေးတယ်။ ဟော်တယ်မှာ တက်အိပ်သလိုဘဲ.. လူနာက လည်းအိပ် လူနာစောင့်လည်း အိပ်.. အဆင်တော့ ပြေနေတာဘဲ.. တညမှာတော့.. ခါတိုင်း ညတွေလို အေးချမ်းစွာ အိပ်စက်ဖို့ မဖြစ်နိုင်လောက်တဲ့ အသံတခု ဆူညံစွာ ကြားလိုက်ရသည်။ အသံကြားတဲ့ အချိန်ကတော့ ည ၁၂နာရိကျော်နေပြီ.. အမှတ်မထင် ကျယ်လောင်တဲ့ အသံဆိုတော့.. […]


ဆူးOctober 30, 20101min22711
ခရီးသွားအဖွဲ့ နဲ့ ဟောင်ကောင်ကို အလည် အပတ်သွားစဉ်က Disney land မှာ သွားပြီး ကစားဖို့ ခရီးသွားအဖွဲ့က လိုက်ပို့ပေးတယ်.. အဖွဲ့က ကား ၂စီး စုစုပေါင်း လူ ၁၂ဝလောက်တော့ ရှိတယ်။ သင်္ကြန်း အချိန်အခါမို့ မြန်မာပြည် ခရီးသွား ဆူးသွားတဲ့ အဖွဲ့ မဟုတ်တဲ့ တခြား အဖွဲ့ တွေလည်း ကစားကွင်းမှာ လည်ပတ်ကစားနေကြတယ်။ မြင်မိတာကတော့ အနဲဆုံး ၃ဖွဲ့ က နေ ၅ဖွဲ့လောက် ရှိမည်ဟု ခန့်မှန်းရသည်။ အဖွဲ့တွေ အားလုံးကတော့ မနက်စာ စားပြီး စဖွင့်တယ် ဆိုတာနဲ့ ရောက်အောင် သွားပြီး ထိုနေ့ နေ့လည် ထမင်းမကျွေးဘဲ ကိုယ့်အစီ အစဉ်နဲ့ ကိုယ်ကစားရတယ်.. ညနေကိုတော့ ၅နာရီခွဲမှာ […]


ဆူးOctober 29, 20101min29318
ဟိုတနေ့က ဘုန်းကြီးကျောင်းသွားရင်းနဲ့.. ကြားခဲ့ရတဲ့ တကယ့် အဖြစ်အပျက်ဟာသလေးပါ.. ဘုန်းကြီးက မြို့မှာ ကျောင်းထိုင်ပေမဲ့ ဇာတိဖြစ်တဲ့ ရွာက ဒကာ ဒကာမတွေ လာပြီး ဘုန်းကြီးကျောင်းမှာ ကပ္ပိယ လုပ်နေကြတယ်။ ကပ္ပိယ လုပ်တဲ့ အထဲမှာ ကိုရဲလို့ ခေါ်တဲ့ လူငယ်လေး တယောက် ပါတယ်။ အမှန်တော့ ရွာမှာ ထားရင် အသုံးကမကျ ကျပ်မပြည့် ကျပ်မပြည့်ဘူး ပြောရအောင်လည်း သိပ်ပိန်းလွန်းတာ မဟုတ် သူ့အတွက်သူက ပြည့်ရှာပါတယ်။ ရွာက မိဘများ မရှိကြတော့ ဘုန်းကြီးကျောင်းပို့ထားတယ်။ ဦးကြီး ဒေါ်ကြီးတွေက ကျွှေးရသက်သာအောင် ကျောင်းအလုပ်လည်း ဖြစ်အောင် ဆိုပြီး ပို့ထားတယ်။ အရွယ်ကလေး တက်သစ်စဆိုတော့ သူများတွေ ရည်းစားထားတာ မြင်တော့ သူလည်း ထားချင် ရှာပုံရတယ်။ သူပေးတဲ့ […]


ဆူးOctober 26, 20101min1000
သဒ္ဒါ (က) အောက်ပါတို့အနက် တစ်ခုအကြောင်းကို ဖော်ပြပါ။ (၅)မှတ် မှင်စာ၊ သရဲစာ ၊ဘီလူးစာ၊ နာမ် ၊ မနာမ်၊ အိမ်ဌားပြောင်းသွားပုံ (ခ) အောက်ပါတို့အနက် နှစ်ကိုရွေးချယ်ရွေ့ ကြိယာဝိသေသန အဖြစ်ဝါကျတွင် သုံးပြပါ။ (၆)မှတ် ရစ်ရစ်နာ ၊ ညစ်ညစ်ပါ ၊ အားကန်ကာ ၊ စပ်ဖျင်းဖျင်း (ဂ) အောင်ပါဝေါဟာရတို့အနက် လေးခု၏ အဓိပါယ်ကို တိကျစွာဖော်ပြပါ။ (၄) မှတ် နေ့ဘယ်ဂဏန်း ၊ ညနေဂဏန်း၊ ဒိုင်ပြေး ၊ မန်ချက်စတာ၊ အာဆင်နယ်၊ ရိုနယ်ဒင်ဟို၊ ဂွီတောက် ၊ ဒါရိုက်တာရင် (ဃ) အောက်ပါတို့ကို ဖြေပါ။ (၅)မှတ် (1) ခဏလေးများ ” သီချင်းကို မည်သူရေးသနည်း။ (2) […]