တခူးလတုန်းကတော. အားလုံး ပို.စ်တွေတင်ခဲ.ကြသလို ကဆုန်လကိုလဲ မမေ.သင်.ဘူးထင်လို. တင်ပြပေးတာပါ အမှားပါခဲ.ရင် ထောက်ပြပြင်ဆင်ပေးပါ လို. ကြိုတင်တောင်းပန်အပ်ပါတယ်…..။ ကျနော်တို.ရဲ. ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံမှာ ဗျာ, ဖွား, ပွင့်, စံ၊ ဤလေးတန်၊ မှန်ရန် ဗုဒ္ဓနေ့… ဟူသော ဗုဒ္ဓဝင်သီတံအရ ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကို ခံယူပါတယ်။ ဖွား-ကဆုန်လပြည့်နေ့မှာဖွားမြင်တော်မူပါတယ်။ ပွင့်-ကဆုန်လပြည့်နေ့မှာပွင့်တော်မူပါတယ်။ စံ-ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပါတယ်။ ဤကဲ့သို့ ကဆုန်လပြည့်နေ့မှာချည်း မြတ်ဗုဒ္ဓရဲ့ အဖြစ်တော် လေးမျိုးစလုံး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တဲ့ အတွက်ကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ဗုဒ္ဓနေ့လို့ အထွဋ်အမြတ်ထား ခေါ်ဝေါ်ပြောဆိုရတာ ဖြစ်ပါတယ်။ ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ […]