ထာ၀ရOctober 26, 20111min1467
ကိုငြိမ်းလူ ဒီနေ.မနက်စောစော အိပ်ရာနိုးတော. အလုပ်အားရက်လဲဖြစ်ပြန်တော. မျက်နှာသစ်ပြီးအိမ်ရှေ.ဝရံဒါကနေ ကိုနေတဲ.ပတ်ဝန်းကျင်ကို  လေ.လာရေး လုပ်နေမိတယ် လမ်းမပေါ်ကိုမျက်စေ.ကစားနေတုန်း အသားဖြူဖြူတရုတ်သွေးပါတဲ.အသက် ၅ဝကျော် အမျိုးသမီးတယောက်နဲ.ခပ်ငယ်ငယ်၃ဝကျော်အမျိုးသမီးတယောက် ဆွဲခြင်းကိုယ်စီနဲ.ဈေး ဝယ်ကပြန်လာရင်းအမျိုးသမီးကြီးက အားရဝမ်းသာနဲ. အမျိုးသမီးအငယ်ကိုပြောပြနေတဲ. စကားသံကိုကြားလိုက်ရတော. ကိုငြိမ်းလူအတော်အံဩသွားတယ် အမျိုးသမီးကြီးက ပြောနေတာက မနေ.ကမြစ်ဆုံ ရေကာတာကို အစိုးရသက်တမ်း ၅နှစ် အတွင်းဆက်မလုပ်ဘဲ ရပ်ဆိုင်းထားမယ်.အကြောင်း ဦးသိန်းစိန်ကကြေညာသွားတယ်ပေါ. သူပြောနေတဲ.လေသံက အားရဝမ်းသာပုံစံနဲ. ကိုငြိမ်းလူ သူတို.ကိုကြည်.ရင်း မြန်မာနိင်ငံသား တွေ နိင်ငံအရေးကိုစိတ်ဝင်စားလာတာ အိမ်ရှင်မတွေကပါ မကျန်ပါလားဆိုပြီး အံဩရင်းနဲ. ဒီမနက်ခင်းလေးကတော.ကျက်သရေရှိလိုက်တာလို.  တယောက်ထဲပြုံးလိုက်မိတယ်     တနေ.ပေါ. ကိုငြိမ်းလူ ရဲ.သားတော်မောင် တစ်တန်းကျောင်းသားကို အင်္ဂလိပ်စာ မညံ.အောင် စနေတနင်္ဂနွေမှာ ကျုရှင်ထားတော. သားတော်မောင်ကို ကြိုဘို.ကိုငြိမ်းလူအလုပ်ဖြစ်လာပြန်ရော ကျောင်းမလွတ်ခင် ခလေးမိဘတွေက သူတို.ချင်းတယောက်နဲ.တယောက်အလာပစကားတွေ ပြောနေကြတာပေါ. […]