“နွေပုံပြင်ထဲက ………………စိန်ပန်းနီနီ”   ကျနော်တို့တက္ကသိုလ်ကျောင်းသားဘဝမှာ ပလေးဘွိုင်မိသားစုထဲက အကြွေစောခဲ့တဲ့ အဆိုတော်”စိန်လွင”်သီဆိုခဲ့တဲ့ “နွေပုံပြင်”ဆိုတဲ့သီချင်းလေးခေတ်စားလာပါတယ်။ (ဒီသီချင်းကိုနောက်ပိုင်းမှာ မေဆွိ ပြန်ဆိုပါတယ်) “နွေစိန်ပန်းလေးတွေပွင့်တဲ့………….ကျောင်းပိတ်ချိန်၊ အချစ်ကျောင်းပြန်တက်ရန်လဲမလိုတော့ဘူး? သူမရှိတော့တဲ့နေရာလေးမှာ………………………………” “အော်ကျောင်းတံခါးဝ မှာ နာမယ်လေး နှစ်ခုမြင်ရင် နွေဟာအချစ်ပုံပြောလိမ့်မယ် ရင်ခုန်ဘွယ်နွေအလွမ်းလေးကွယ်”ပါတဲ့။ ကျနော်တို့ အတော်လေးစွဲမက်ခဲ့ရတဲ့ သီချင်းလေးပါဘဲ။ နွေကျောင်းပိတ်ရက်ရောက်တာနဲ့ မန်းလေးတက္ကသိုလ်ထဲမှာစိန်ပန်းတွေရဲနေအောင်ပွင့်ပါတယ်။ ကျောင်းပိတ်လို့ချစ်သူတွေခဏခွဲရတဲ့အချိန်ပေါ့။   သူ့အရင် မင်းမင်းလတ်ကြီးက လဲ စိန်ပန်းတွေနဲ့လွမ်းခဲ့ဘူးပါတယ်။ “စိန်ပန်းကြွေချိန် ဒီလမ်းတွေကို  ကိုယ်လွမ်းတယ်…………ချောရယ်……………” လို့ဆိုပြီးတော့ပေါ့။ ဟောသူထက်စောတဲ့သူတစ်ယောက်လဲရှိပါသေးတယ်။ မြန်မာ့ကျေးလက်အဆိုတော် တွံတေးသိန်းတန်ပါ။ “ကျောင်းဖွင့်ချိန်စိန်ပန်းတွေလဲမြေမှာကျဲပြန်နေ……………. သူနဲ့တွေ့ရာနယ်မြေ တက္ကသိုလ်သို့မဟုတ် မြကျွန်းသာ အင်းလျားဒီနယ်မြေ” လို့ ချစ်ရက်ရှည်ရှည်အင်းလျားမြေ ဆိုတဲ့သီချင်းလေးနဲ့လွမ်းဘူးပါတယ်။   စိန်ပန်းနဲ့ပါတ်သက်တဲ့ခံစားချက်ကြောင့်ဖြစ်တည်လာခဲ့တဲ့ သီချင်းတွေ ကဗျာတွေလဲအများကြီးရှိပါတယ်။ နွေရယ်စိန်ပန်းရယ်ကတော့ ခွဲခြားလို့မရတဲ့သင်္ကေတ တစ်ခုပါဘဲ။ အခုစိန်ပန်းပွင့်တွေကိုမြင်တော့ […]


                   “ဒီးဒုတ်ရေတံခွန်စမ်းသို့အသွားအပြန်”   ဒီးဒုတ်ကို သွားဘို့စတင်သတင်းပေးတာကတော့ကျနော်။ ကိုသော့တို့အားတဲ့ရက် တော်လှန်ရေးနေ့။ အဲတော့ သူတို့အားတဲ့နေ့သွားဘို့စီစဉ်ရပါတယ်။ ကျနော်ကတော့ အလုပ်ကိုသွား စီစဉ်စရာတွေစီစဉ် ပြီးမှ အလုပ်ကခွင့်တောင်းပြီး သွားရပါတယ်။ခ က်တာကမနက်10း30မှာကျနော်က ဆရာတစ်ယောက် နဲ့ချိန်းထားတာကလဲရှိတာကိုလဲမဖျက်ချင်။ ဒါနဲ့ဘဲ ချိန်းထားတဲ့ဆီကိုအရင်သွားပြီးဆက်သွားမယ်ဆိုဆုံးဖြတ်လို်က်ပါတယ်.။ ချိန်းထားတဲ့ဆရာဆီသွားဘို့လူစုနေတုန်း (26-3-2012)နေ့မန်းလေးရောက်မယ်လို့                                ကြွေးကြော်ထားတဲ ထွန်းဝင်းလတ်က ဖုန်းဆက်လာပါတယ်။ အဲဒါနဲ့ဖရဲမကို သူ့သွားခေါ်ခိုင်း။ ဆရာနဲ့ချိန်းထားတဲ့ဆီမှာလူထပ်စု။ ဆရာတိုက်တဲ့လက်ဖက်ရည်သောက်။ နေပူမယ်သွားကြတော့လို့ ဆရာကခွင့်ပေးတော့ နေ့လည် ဆယ့်တစ်နာရီ.။ စုစုပေါင်းငါးယောက်  ဆိုင်ကယ်က သုံးစီးခရီးနှင်ခဲ့ကြပါတယ်။   ပြင်ဦးလွင်သွားတဲ့လမ်းမအတိုင်းလာလိုက်ကြတာ 16မိုင်တိုးဂိတ်အလွန်မှာတောင်ဘက် ရဲရွာဘက်နဲ့အေသုံးလုံးဘိလပ်မြေစက်ရုံသွားတဲ့ကျောက်လမ်းအတိုင်း တောင်ဘက်ကို သွားခဲ့ကြပါတယ်။ ကတ္တရာလမ်းမအတိုင်း လာလိုက်တာ တော်တော်လေးသွားမိတော့ လမ်းခွဲတစ်ခုတွေ့ပါတယ်။ အဲဒီလမ်းခွဲရောက်တော့ ကတ္တရာလမ်းဖက်ကနေဆင်းပြီး ကွန်ကရစ်လမ်းကြီးအတိုင်းလိုက်ခဲ့ပါတယ်။ ခိုနန်းရှင်ဂူကိုကျော်ပြီးတဲ့အခါ […]


    9 ရေထဲမှ အလည်ရောက်နေတဲ့နန်းမြို့ရိုးအရိပ်   “မန်းလေးက ရှေးအမွေ အမှတ်လေး”   မန်းလေးကျုံးပါတ်ပါတ်လည်ကို ရောက်တိုင်း ကြုံတိုင်းဓါတ်ပုံတွေရိုက်ပါတယ်။ အဲတော့ရိုက်တာတွေများတော့ မမှတ်မိဘူးဖြစ်ပြန်ရော။ အစကတော့ စဉ်ထားတဲ့အတိုင်းထဲ့ရင်း ကော်နက်ရှင်နှိပ်စက်တော့ ကမောက်ကမ။ အဲတော့ အပိုင်းလေးတင်ပေးလိုက်ပါတယ်။ ထပ်သွားရင် မှတ်မိအောင်တင်ပေးတယ်သဘောထားလိုက်ပါနော်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ ရလာတဲ့ အတွေးပါးပါးလေး။ (28-2-2012)        


    “မန်းလေးက ရှေးအမွေ အပိုင်းသုံး”   တစ်ရက်နေ့လည်ဘက် မန်းလေးအနောက်ကျုံးဒေါင့် 26ဘီလမ်း ၊ လမ်း80အရောက် ဓါတ်ပုံရိုက်ချင်စိတ်ပေါက်လာတာနဲ့ အနောက်ကျုံးဒေါင့်ကနေစပြီး ရိုက်လာပါတယ်။ အဲဒီနေ့ညနေက ကောင်းကင်ကလဲ ပြာလဲ့။ ဒါနဲ့တောင်ကနေမြောက် ဆိုင်ကယ်စီးလိုက် ရပ်လိုက် လက်ဆော့လိုက်ပေါ့။ 24လမ်းနားရောက်တော့ မြို့ရိုးပေါ်က ထန်းတော ညိုညို။ (ရွာထဲက မောင်ပုအဖိုးရဲ့အဖေစိုက်ခဲ့တယ်ပြောတာဘဲ) လှမ်းကြည့်တော့ အမင်္ဂလာကိစ္စမှာသာသုံးတယ်ဆိုတဲ့အာဠဝီကိုလှမ်းမြင်ရ။ 24လမ်း နည်းနည်းလွန်တော့ မန်းလေးဂုဏ်ဆောင်(စာပေဟောပြောပွဲတွေ၊ဗုဒ္ဓဘာသာသင်တန်းတွေပေးတဲ့ )ဓမ္မဗိ္မာန်။ အာဠဝီကိုလွန်တော့ မြောက်ပြင်ဘက်က ပြအိုးတွေပစ္စင်တွေ ကို တွေ့တော့ လက်ဆော့။ အဲဒါနဲ့ 16လမ်းကျော်ပြီး 12လမ်း အနောက်မြောက်ကျုံးဒေါင့်ရောက်သွားပါတယ်။ အဲဒီနေရာရောက်တော့ မန်းလေးတောင်ကို လှမ်းမြင်နေရပါတယ်။ အင်မတန်ကို မမေ့နို်င်စရာလို့ ထင်မိပါတယ်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ ရလာတဲ့အတွေးပါးပါး။ (28-2-2012)   […]