နွေပုံပြင်ထဲက ……………..နွေစိန်ပန်းနီနီ

1 အပွင့်အခက်တွေဝေနေတဲ့ နွေစိန်ပန်းနီနီ..........
2 အပင်ကသေးသေးလေး ဒါပေမယ့်အပင်နဲ့မလိုက်အောင်အပွင့်တွေဝေ.................
3 အဖျားမှ တပွင့်ထဲနေပုံလေးက........မခို့တရို့
4 အနီရဲရဲ ကအပွင့် အစိမ်းနုနုကအသီး လှ၏
5 အဖျားမှာအရွက်ကလေးနဲ့ စိန်ပန်းသီးလေး အပွင့်လေးတွေနဲ့ လိုက်ဖက်တဲ့ဟာမိုနီ
6 အနီးကပ် စိန်ပန်းပွင့်အလှ
7 အဖျားမှာအရွက် အပွင့်အသီး စုံစုံညီညီ
8 အဖျားမှာရှိတဲ့အပွင့်ကပ ိုလှသလိုဘဲ
9 တစ်ပွင့်ထဲ အလှသွေးကြွယ်...................
10 အကိုင်းအခက်ကြားမှာပုန်းနေတဲ့ စိန်ပန်းပွင့်လေး
11 အပွင့် အနီထဲမှာအဖြူ ပျက်ပျက်ကလေးစွက်နေတာလေ
12 အလှချင်းပြိုင်နေတဲ့ စိန်ပန်း နှစ်ခို်င်
13 အပြာရောင်နောက်ခံနဲ့ စိန်ပန်းပွင့်တွေ
14 အဖျားကိုင်းကြားက ရှားပါးစိန်ပန်းပွင့်လေးတွေ
15 အဖျားမှာ ပွင့်နေတဲ့ စိန်ပန်းပွင့်လေးတွေ
16 တပွင့်ထဲသော................................ပန်းလေးရဲ့အလှ
17 တစ်ပင်လုံးအပွင့်တွေဝေနေတဲ့ စိန်ပန်းပင်
18 အပွင့်ဝေဝေ.............................
            “နွေပုံပြင်ထဲက ………………စိန်ပန်းနီနီ”

 

ကျနော်တို့တက္ကသိုလ်ကျောင်းသားဘဝမှာ ပလေးဘွိုင်မိသားစုထဲက အကြွေစောခဲ့တဲ့

အဆိုတော်”စိန်လွင”်သီဆိုခဲ့တဲ့ “နွေပုံပြင်”ဆိုတဲ့သီချင်းလေးခေတ်စားလာပါတယ်။

(ဒီသီချင်းကိုနောက်ပိုင်းမှာ မေဆွိ ပြန်ဆိုပါတယ်)

“နွေစိန်ပန်းလေးတွေပွင့်တဲ့………….ကျောင်းပိတ်ချိန်၊

အချစ်ကျောင်းပြန်တက်ရန်လဲမလိုတော့ဘူး?

သူမရှိတော့တဲ့နေရာလေးမှာ………………………………”

“အော်ကျောင်းတံခါးဝ မှာ နာမယ်လေး နှစ်ခုမြင်ရင် နွေဟာအချစ်ပုံပြောလိမ့်မယ်

ရင်ခုန်ဘွယ်နွေအလွမ်းလေးကွယ်”ပါတဲ့။

ကျနော်တို့ အတော်လေးစွဲမက်ခဲ့ရတဲ့ သီချင်းလေးပါဘဲ။

နွေကျောင်းပိတ်ရက်ရောက်တာနဲ့ မန်းလေးတက္ကသိုလ်ထဲမှာစိန်ပန်းတွေရဲနေအောင်ပွင့်ပါတယ်။

ကျောင်းပိတ်လို့ချစ်သူတွေခဏခွဲရတဲ့အချိန်ပေါ့။

 

သူ့အရင် မင်းမင်းလတ်ကြီးက လဲ စိန်ပန်းတွေနဲ့လွမ်းခဲ့ဘူးပါတယ်။

“စိန်ပန်းကြွေချိန် ဒီလမ်းတွေကို  ကိုယ်လွမ်းတယ်…………ချောရယ်……………”

လို့ဆိုပြီးတော့ပေါ့။

ဟောသူထက်စောတဲ့သူတစ်ယောက်လဲရှိပါသေးတယ်။

မြန်မာ့ကျေးလက်အဆိုတော် တွံတေးသိန်းတန်ပါ။

“ကျောင်းဖွင့်ချိန်စိန်ပန်းတွေလဲမြေမှာကျဲပြန်နေ…………….

သူနဲ့တွေ့ရာနယ်မြေ တက္ကသိုလ်သို့မဟုတ် မြကျွန်းသာ အင်းလျားဒီနယ်မြေ”

လို့ ချစ်ရက်ရှည်ရှည်အင်းလျားမြေ ဆိုတဲ့သီချင်းလေးနဲ့လွမ်းဘူးပါတယ်။

 

စိန်ပန်းနဲ့ပါတ်သက်တဲ့ခံစားချက်ကြောင့်ဖြစ်တည်လာခဲ့တဲ့

သီချင်းတွေ ကဗျာတွေလဲအများကြီးရှိပါတယ်။

နွေရယ်စိန်ပန်းရယ်ကတော့ ခွဲခြားလို့မရတဲ့သင်္ကေတ တစ်ခုပါဘဲ။

အခုစိန်ပန်းပွင့်တွေကိုမြင်တော့ ဘာဖြစ်လဲလို့မေးလာရင်ဖြေရမှာကတော့ တိုတိုလေးပါဘဲ။

“လွမ်းတယ်…………………..”

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါးလေး။

(17-4-2012)

 

7 comments

  • aye.kk

    April 20, 2012 at 2:03 pm

    ကိုပေါက်ရဲ ့
    လှပသက်ဝင်နေတဲ့..
    ရိုက်ချက်လက်ရာလှလှလေးတွေကို..
    အားပေးကာကြည်နှူးခံစားမိပါကြောင်းပြောပြလိုက်ပါရစေ။
    (အလွမ်းပုံပြင်..
    နွေကိုခင်၍…
    ရင်မှာချစ်သည်စိန်ပန်းနီ..)

  • Mလုလင်

    April 20, 2012 at 2:35 pm

    တစ်ပင်လုံး နီ နေတဲ့ စိန်ပန်း ပင် လိုချင်နေတာကြာပြီနော့ .. မနာလို အောင်လာလုပ်နေတယ်။

  • တပင်လုံးနီနေတဲ့စိန်ပန်းပင် မေမြို့အသွားလမ်းမှာတွေ့ခဲ့ရတယ်။
    ဒါပေမယ့်မနှက်ခဲ့ရဘူး။
    ဝက်ဝံက အပင်တော့ တင်ပေးလိုက်မယ် ။
    မေမြို့က စိန်ပန်းပြာတွေရလာတယ်။

  • unclegyi1974

    April 20, 2012 at 11:21 pm

    ကိုပေါက်ကစိန်ပန်းကိုဘာဖြစ်လို့လွမ်းတာလဲဟင်
    နွေဦးပေါက်လာလို့လား
    ဇာတ်လမ်းလေးတွေရှိထားလို့လား
    ကျွန်တော်လည်းလွမ်းတယ်လွမ်းခြင်းကိုတခါတည်းပြောလိုက်မယ်
    ကျွန်တော်တို့နေခဲ့တဲ့အထကကျောင်းဝိုင်းကြီးထဲမှာစိန်ပန်းပင်တွေအများကြီးပဲ
    ငယ်ငယ်တုန်းကစိန်ပန်းပွင့်ပြီဆိုဝတ်ဆံကလေးတွေနဲ့ချိတ်ပြီး
    ကစားကြတာဝတ်ဆံကြွေသွားတဲ့သူအရှုံး
    အမည်ပေးထားတာကြက်ခွပ်တာတဲ့
    ကျောင်းေတော်ကြီးကအခုအထက၁လမ်းမတော်

  • အီးကယ်ဂျန်ရေ
    စိန်ပန်းနီတွေပွင့်တဲ့ မန်းတ္ကသိုလ်မှာဆုံဘူးတဲ့ စိန်ပန်းပြာတွေပွင့်တဲ့အရပ်က ကောင်မလေးကိုလွမ်းတာပေါ့
    သိသားနဲ့လာမေးနေတယ်ကွယ်

Leave a Reply