နှုတ်တရာ စာတလုံး Word

ပြောသလိုလုပ် ပြုတ်သလိုလော..

မြန်မာစကားမှာရှိတယ်၊ နှုတ်တရာ စာတလုံးတဲ့၊ ပါးစပ်က စကားအခွန်းပေါင်း များစွာထက် စာနဲ့ပေနဲ့ ရေးသားတာ အပုံကြီးသာတယ် တရားဝင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါလည်း မြန်မာပြည်မှမဟုတ် ခေတ်သစ် ကမာ္ဘမှာ ဒီအတိုင်းပဲသွားတယ်။ ပြောတာ အပြောပဲရှိတယ်.. ခိုင်လုံမှုအားနည်းတယ်။ ပြသနာဖြစ်လာတဲ့အခါ ဒီလိုပါ ဟိုလိုပါနဲ့ ရှောင်ထွက်သွားလို့ရတယ်။ ဒါကြောင့်ပဲ ရှေ့နေရှေ့ရပ် စာချုပ်စာတမ်း ရုံးကန္နား ဥပဒေများ ထွန်းကားလာတယ်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲအပြီးမှာ အနိုင်ရပါတီကို အာဏာလွှဲပေးမယ်ဆိုတဲ့ ဗိုလ်ချုပ် စောမောင်ပြောစကား မြောင်းထဲရောက်တာ စာနဲ့ပေနဲ့ မထုတ်ပြန်ခဲ့လို့၊ ၁၉၉ဝ ရွေးကောက်ပွဲ ဥပဒေမှာ အနိုင်ရပါတီကို အာဏာလွှဲပေးမယ်ဆိုတဲ့ စကားလုံး အတိအကျ မပါခဲ့ပါဆိုတဲ့ ဆင်ခြေနဲ့ အနိုင်ရပါတီ အာဏာမရ၊ လွှတ်တော်မတက်ရတဲ့ ရွေးကောက်ပွဲအဖြစ် ကမာ္ဘမှာ ရှားရှားပါပါး ဖြစ်ရပ်မှတ်တမ်း ဝင်ခဲ့တယ်။ စစ်အစိုးရအဆက်ဆက် ဒီလိုပဲ ဝေ့လည်ကြောင်ပတ်လုပ် ကစားခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်ဆဲရေး စာချုပ်များလည်း ဒီလိုပဲ။ နောင်ကြမှ လုပ်ကြတာပေါ့၊ ကြည့်လုပ်ပေးပါ့မယ်၊ စကားလုံး ဝေါဟာရထက် အလုပ်ဖြစ်ဖို့အရေးကြီးတယ်နဲ့ အချိန်ဆွဲကစား အသုံးချခဲ့ကြတယ်။ သူတို့ အထက်အောက် အမိန့်ပေးစနစ်ကိ ကြည့်ရင်လည်း ဒီလိုပဲ အဘဆိုသူများ ကိုယ်လွတ်ရုန်းနိုင်တဲ့ နှုတ်အမိန့်နဲ့ပဲ ကိစ္စအတော် များများကို လုပ်ခဲ့တယ်၊ အဲဒါတွေနဲ့ပဲ ရွာလုံးကျွတ်မီးရှို့၊ အသတ်ခံရ၊ ပေါ်တာအဆွဲခံကြရရော။
အခုလည်း နောက်ဆံးဖတ်ရတဲ့ သတင်းမျာအရ ကြံ့ဖွတ်စစ်ကောင်များ ကြီးစိုးတဲ့ လွှတ်တော်နဲ့ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီတို့အကြား လွှတ်တော်ကိုယ်စားလှယ် ကျမ်းကြိ်န်တဲ့ ဝေါဟာရ သဘောတူညီမှု မရသေးဘူး။ မူလအသုံးအနှုန်း အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့အစား လေးစားလိုက်နာပါမည်လို့ ပြောင်းလဲပေးဖို့ အချေအတင် ဖြစ်နေတာပါ။ အန်အယ်လ်ဒီပါတီက ဦးညဏ်ဝင်း နေပူတောသွားပြီး စေ့စပ်ညှိနှိုင်းတာ မအောင်မြင်ဘူး၊ အခြေခံဥပဒေရုံးက မပြင်ဆင်ပေးဘူးလို့ သစ်ထူးလွင်သတင်းမှာ ဖတ်ရတယ်။ အန်အယ်ဒီကလည်း ဧပြီ၁၉ရက်နေ့ ထုတ်ပြန်မည့် လွှတ်တော်တက်ရေး ဆုံးဖြတ်ချက် ရွှေ့ဆိုင်းထားတယ်။ ကြံဖွတ်၊ စစ်တပိုင်းလွှတ်တော်ကိုယ်တိုင်က အန်အယ်လ်ဒီကို အခုတကြိမ် ဖယ်ထားပြီး ဆွေးနွေးလက်စခေါင်းစဉ်တွေကို သူတို့လူချည်းသက်သက် အပြီးဖြတ်ချင်တာလဲ ဖြစ်နိုင်တယ်။ ဘာလိုပဲဖြစ်ဖြစ် အန်အယ်လ်ဒီ လွှတ်တော်တက်ပြီး ဘာမှမလုပ်နိုင်တာထက် လွှတ်တော်မတက်ဘဲနေတာ နတ်လူသာဓု ခေါ်လိမ့်မယ်။
တချို့ကလည်း အန်အယ်လ်ဒီအနေနဲ့ စကားအသုံးအနှုန်းအပေါ် လိုက်ကပ်မနေသင့်ဘူးလို့ ဝေဖန်တယ်။ မေးချင်တာ အကယ်၍ အန်အယ်လ်ဒီသည် အဲဒီစကားလုံးနဲ့ ချည်တုပ်အရိုက်ခံရရင် မင်းတို့ဘာလုပ်ပေးမှာလဲ။ အန်အယ်လ်ဒီအနေနဲ့ နောက်မဆုတ်တမ်း တိုက်ပွဲဝင်ရမယ်။ စစ်တမတ်သား အခြေခံဥပဒေကို ပြင်မယ်ဆိုပြီး ဒီဝေါဟာရလေးတောင် မပြင်နိုင်ရင် အန်အယ်လ်ဒီရဲ့ လုပ်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ခိုင်မာမှုအပေါ် သံသယရှိစရာ အတော်ကောင်းမယ်။ ဒီမိုကရေစီစနစ်ကို သွားနေပါဒယ်ဆိုတဲ့ စစ်တပိုင်းအစိုးမရနဲ့ လွှတ်တော်အနေနဲ့လည်း ဒါလေးတောင်လိုက်ရောဖို့ ဆန္ဒမရှိရင် ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ရှင်းရှင်းကြီး မြင်နေရပြီ။ ရှင်းရှင်းလင်းလင်း သိထားဖို့က အန်အယ်လ်ဒီအနေနဲ့ ရုတ်တရက် အခွင့်ကောင်းယူ တောင်းဆိုနေတာ မဟုတ်ဘူး။ ရွေးကောက်ပွဲ မဝင်ခင်ကထဲက တရားဝင် ကြေငြာခဲ့တာ။ လွှတ်တော်တာဝန်ရှိ ပုပ်ကိုယ်များ၊ စစ်တပိုင်း ပုပ်ကိုယ်များ မျှော်လင့်ထားပြီးတဲ့ အကြောင်းအရာ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးအရ အရမ်း စွန့်စားခဲ့ရတယ်။ ပါတီမူဝါဒများကို ပြောင်းလဲပစ်ခဲ့တယ်။ မဟာမိတ်အဖွဲ့များရဲ့ ဝေဖန်မှုများကနေ လမ်းသစ်ဖောက်ခဲ့ရဒယ်။ အခြေခံ ဥပဒေအား ကာကွယ်စောင့်ရှောက်ဖို့မလို လေးစားလိုက်နာရင် လုံလောက်တယ်ဆိုတဲ့ နှစ်ဖက်နားလည်မှု လူသိရှင်ကြား ကြေငြာပြီး လွှတ်တော်အတွင်းတိုက်ပွဲကို စတင်ခဲ့တာ။ အခြားပါတီငယ်လေးတွေလို ကုပ်ချောင်းကုပ်ချောင်းနဲ့ မျက်နှာကြည့် ဝင်သွားတာ မဟုတ်ဘူး။ အခြေအနေရ လမ်းကြောင်းပြောင်းခဲ့ပေမဲ့ အရင်စိတ်ဓာတ် ဇွဲသတိ္တ တည်ကြည်မျက်နှာ ရဲရင့်နှလုံးသားတို့နဲ့ မြင့်မြတ်စိတ်ထားတို့နဲ့ မျက်နှာမော့ ဝင်သွားတာ။ တချိန်ကလို လက်ခမောင်း တဖြောင်းဖြောင်းခတ် စိန်ခေါ်သံပေးတာ ရပ်လိုက်တာပဲရှိတယ်။

12 comments

  • htoosan

    April 20, 2012 at 12:49 pm

    နဲနဲ ရိုင်းသွားရင်တော့ ခွေးလွှတ်ပါ ။
    စစ်အစိုးရ ကို မစင်စွန့်ခါနီးမှ အိမ်သာကျင်းတူးတဲ့ သူတွေရယ်လို့ သမုတ်ခဲ့တယ်။
    အခုကိုယ့် ဆရာများ ကျတော့ နဲနဲတော့ အဆင့်မြင့်သွားပါတယ် ။ မစင်စွန်ြ့ပီးမှ အီးကုန်းစရာ ရှာမတွေ့ဘူးဖြစ်နေတယ်.. .

  • ထာဝရ

    April 20, 2012 at 2:05 pm

    အက္ခရာတလုံးမှား ရင် တောင်တလုံး ခြားသလိုဘဲတဲ.
    ရွှေပေါ်ကျွန်းဆရာတော်ကြီးပြောဘူးတယ်
    ခွတ်ဒေါင်းတွေဘဲ ခေါင်းငုံ.ပြီး လွှတ်တော်ထဲဘယ် ဝင်လာမလဲ
    bravo ကိုကြောင်ကြီး

  • Foreign Resident

    April 20, 2012 at 2:37 pm

    တကယ့် တကယ်က ၊ NLD အမတ်တွေက ၊
    ” 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ပါမည် လိုကျမ်းမကြိမ်နိုင်ဘူးကွယ့် ”
    ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ရွေးကောက်ပွဲဝင်တဲ့ ဦးတည်ချက် ( ၃ ) ရပ်ထဲက တစ်ချက်က
    2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေ ဘောင်အတွင်းက ပြောင်းလဲ ( ဖျက်ဆီး ) ပစ်ဖို့ပဲကွယ် ။

    အဲဒီတော့ NLD ကိုယ်နှိုက်က
    2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေ ဘောင်အတွင်းက ပြောင်းလဲ ( ဖျက်ဆီး ) ပစ်ဖို့
    ကြိုးစားနေပါတာ ဆိုမှတော့ ၊
    အဲဒီ 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ် ကာကွယ်ပါ့မလဲကွယ် ။

    လောလောဆယ် အခြေအနေ အရ တိုင်းသူပြည်သား တစ်ယောက် အနေနှင့် ၊
    မဖျက်နိုင်ခင် စပ်ကြားမှာတော့
    2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာပါ့မယ် လို့ပဲပြောနိုင်တယ်လေ ။
    တကယ့်ဦးတည်ချက်က အခွင့်သာတာနှင့် ဖျက်ဖို့ကြိုးစားမှာလေ ။

  • kai

    April 20, 2012 at 4:23 pm

    အခြေခံဥပဒေကိုပြင်ဖို့ရာမှာ.. အခြေခံဥပဒေအတိုင်းပဲပြဌာန်းထားတဲ့.. အချက်အလက်တွေက..လွယ်လွယ်တော့မဟုတ်ဖူး..
    အဓိကပါတီကြီးဖြစ်တဲ့.. ပြည်ခိုင်ဖြိုးက ပူးပေါင်းကူညီမှရလိ်မ့်မယ်..
    ဒီတခါမှာ ပြင်လို့ရရင်.. နောင်အခါတွေမှာ.. ပြင်နိုင်ပါပြီဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေတာလည်း.. သတိပြုစရာအချက်တခုပါ…။

    လူထုအနေနဲ့ကတော့.. NLD အဆုံးအဖြတ်ကိုပဲ.. အားပေးထောက်ခံတာကောင်းမယ်လို့ထင်တယ်..
    ကြည့်ရတာ.. ပြဿနာသိပ်မကြီးဘူးလို့ထင်ပါတယ်.. 🙂

  • kyeemite

    April 20, 2012 at 5:17 pm

    ကျုပ်တော့ NLD ရဲ့ဗွေဆော်ဦးတောင်းဆိုချက်နဲ့ ဒီစကားရပ်
    ပြင်မပေးဘူးဆို လွှတ်တော်တက်မည်မဟုတ်ဆိုတဲ့ ပထမဦးဆုံးခြေလှမ်း
    ကိုအပြည့်အဝထောက်ခံတယ်..့ NLD ရေ ..တောင့်ထားကွ..

    • Swal Taw Ywet

      April 20, 2012 at 10:12 pm

      Yes, Totally agreed with Ko Kyee Mite.
      This is the challenge for Military backed government –
      ” How much do they want to change ? ”
      Need to support NLD strongly and unitedly.
      NLD ရေ ..တောင့်ထားကွ…
      We are together with NLD.

      Let’s try our best for our mother land- Free and Fair.
      With respect,
      Swal Taw Ywet.

  • ဗိုက်ကလေး

    April 20, 2012 at 5:27 pm

    ပြောင်ဂျီးတို ့ အရင်လို ဆလက်ကွက်တော့ ပြလို ့ရမယ် မထင်ပါဘူး ဘိုးကြောင်ရယ်..
    ပြောသာပြောရတာ အကွက်ကလဲ ခပ်ဆန်းဆန်းတွေချည်း သုံးခဲ့ကြသကိုးဗျ..
    များတို ့ကတော့ဘားမှမသိလို ့ဘားမှ ပြောတတ်ပါဘူး..
    တစ်ခုရှိတာက ….
    ရုတ်ရုတ် ရုတ်ရုတ်လုပ်တာနဲ ့ ပြောင်ဂျီးကို နဖူးတက်တောက်ဖို ့အချိန်မရွေးပဲ

    (ရွာထဲက နဖူးပြောင်သူများကို ရည်ရွယ်တိုက်ခိုက် စောင်းမြောင်းပြောဆိုခြင်း အလျင်းမဟုတ်ရပါကြောင်း)

  • စပ်ဖြဲ

    April 20, 2012 at 9:51 pm

    တိဘူးဗျာ.. မဲတော့ပေးပီးဘီ အပြည့်အဝလဲ အားပေးထားတယ်… လုပ်ကြပေါ့ … မရရင်တော့ NLD ကို
    ညံ့တယ်လို. ပြောရမှာဘဲ … သူများကြောင့်လို.တော့ လက်ညိုးမထိုးနဲ. .. မိဘတွေလိုပေါ့ အကောင်းဆုံးတော့ လုပ်ပေးမယ် .. ကြိုးစားရမှာ မင်းတို.တာဝန်ဘဲ .. 😀

  • kai

    April 21, 2012 at 1:52 am

    သမ္မတကတော့.. ဂျပန်တွေဆီ.. တိုင်းပြည်အကြွေးတွေလျှော်ပေးနိုင်ဖို့.. ကြီုးစားနေလေရဲ့..
    ဘီလီယန်ဒေါ်လာတွေပါ..
    အောင်မြင်ပါစေဗျာ..

    Thein Sein and Japanese Prime Minister Yoshihiko Noda will discuss a “comprehensive solution” to resolving Myanmar’s debt when they meet in Tokyo tomorrow, said Masaru Sato, assistant press secretary at Japan’s foreign ministry. Japan pledged 403 billion yen ($4.9 billion) in loans to Myanmar between 1967 and 1987, according to foreign ministry data.

    ဒေါ်အောင်ဆန်းစုကြည်လည်း.. မကြာခင်ကမ္ဘာပါတ်မယ်ထင်ရပါတယ်..
    ဘယ်သူသာသလည်း ကြည့်ရမှာပေါ့..။
    အိမ်(တိုင်းပြည်)ကို.. ပိုပါလာနိုင်သူ.. အနိုင်ဟေ့…။ 🙂

    =
    Myanmar president starts Japan trip, loan resumption eyed

    Reuters – 5 hours ago
    By Kiyoshi Takenaka | TOKYO (Reuters) – Myanmar President Thein Sein, his government braced to emerge from Western sanctions, arrived in Tokyo on Friday to ..

    • ဗိုက်ကလေး

      April 21, 2012 at 11:10 am

      ဦးသိန်းစိန်လာရင် အကြွေး ရှော်ပေးမယ် ကြားတယ် သဂျီးရ
      ကိုယ့်ကိုယ့်ကို အကြွေးတင်နေလို ့ညစ်နေရတဲ့အထဲ အူးသမဒကပါ အကြွေးမကင်းဆိုတော့ စိတ်မကောင်းလှဘူးဗျို ့..
      သနားသောအားဖြင့် ဂျပန်ကြီးက ကြွေးကင်းလွတ်ပေးမယ်လို ့ လုံးဝဥဿုံ မဘုတ်ဆုံပင် ယုံကြည်မျှော်လင့်ပါ၏..

  • Foreign Resident

    April 21, 2012 at 8:31 am

    အဘ အထင်နော် ။
    ဒီ စကားလုံးပြောင်းလဲဖို့ ကိစ္စမှာ ၊ NLD အခြေအနေ မကောင်းဘူး ။

    ဘာဖြစ်လို့လဲဆိုတော့ ၊
    အဲဒီ စကားလုံးကို ရွတ်ဆိုပြီး ကျမ်းကြိမ်ရမယ်လို့ ၊
    ၂၀၀၈ အခြေခံဥပဒေထဲမှာ အတိအလင်းပါတယ် ။

    အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး အနေနှင့် ကတော့
    လိုက်လျောချင်ရင်တောင် ဘယ်လိုမှ
    သူ့လုပ်ပိုင်ခွင့် ဘောင်ထဲကနေ မဖြစ်နိုင်ဘူး ။

    အဖြစ်နိုင်ဆုံးက NLD မပါပဲ လွှတ်တော်ကျင်းပ ၊
    လွှတ်တော် ကိုယ်စားလှယ် ၇၅ % က
    မဲခွဲ ဆုံးဖြတ်ပြီး စကားလုံးကို ပြင်ဆင်ပေး ။

    အဘ အပေါ်မှာ ပြောခဲ့တဲ့ ၊
    1st Amendment ဆိုတာ အဲဒါပေါ့ ။

    ပြီးတော့မှ NLD လွှတ်တော်ထဲဝင်ပေါ့ ။

  • Don Juan Ronald

    April 21, 2012 at 2:30 pm

    ဖတ် သွား ပါ တယ် ဆရာ ရေ ~~~
    ဘယ် လို ဝင် ဆွေး နွေး ရ မ လဲ မ သိ လို့ ။
    နောက် ဆုံး တော့ စိတ် နာ သွား ပေး ပါ သည် ။

Leave a Reply