အညာခရီးစဉ် (၁) ထန်းရည်ကြိုက်သူများအတွက်

weiweiApril 20, 20122min40954

ဒီနှစ်သင်္ကြန်ရက်တွေကို ခရီးထွက်ခြင်းဖြင့် အချိန်ကုန်လွန်ခဲ့ပါတယ် …
အရမ်းပူပြင်းတဲ့နွေရာသီမှာ ရွှေစက်တော် ပုဂံ ညောင်ဦး ဘုရားဖူးထွက်ဖြစ်ခဲ့တယ် … ဘုရားဖူးရတဲ့ကြည်နူးခြင်း ခံစားချက်ထက် ပူပြင်းခြင်းခံစားချက်က ပိုထင်ရှားခဲ့တဲ့ ပုဂံခရီးစဉ်ကို ပြန်ပြီးတော့တောင် မစဉ်းစားချင်လောက်အောင် ဖြစ်နေမိပါတယ် … ခရီးစဉ်တလျှောက် အစီအစဉ်တကျ မရေးတော့ပဲနဲ့ အဆင်ပြေသလို ပြောပြတာ ပိုကောင်းမယ်ထင်လို့ ပထမဆုံးအပိုင်း (၁)ကို ဘုရားနဲ့မစပဲ ထန်းရည်နဲ့ပဲ အရင်စတင်လိုက်ပါတယ် …
ထန်းတောထဲမှာ ထန်းရည်အရင်သောက်ပြီးမှပဲ အေးအေးဆေးဆေး ဘုရားဖူးကြတာပေါ့ ….

ထန်းတောဘေးမှာ ကားကိုရပ်ထားလိုက်ပါတယ် ...
ထန်းရည်ဆိုင် အပြင်အဆင်ကို အကဲခတ်ကြည့်လိုက်တယ်
ထန်းရည်ထိုင်သောက်ရမယ့် ခုံလေးတွေက ထိုင်ချင်စရာ
ထန်းရည်အိုး သယ်နေတဲ့ အမျိုးသမီးတစ်ဦး
ထန်းတက်သမားတစ်ဦး
ကျွမ်းကျင်ရာလိမ္မာဆိုသလိုပဲ ထန်းတက်တာ အရမ်းမြန်ပါတယ် ..
အိုးအသေးက အချိုရည်နဲ့ အိုးအကြီးက အခါးရည်ပါ (ထန်းရည်စစ်စစ်)
ထန်းပင်တွေ အများကြီးပဲ
ထန်းရည်ဆိုင်မှာတွေ့ခဲ့တဲ့ ဆီကြိတ်ဆုံလေးတစ်ခု

ညောင်ဦးမြို့မှအထွက် ကျောက်ပန်းတောင်းသို့သွားသည့် ကားလမ်းနဘေးတစ်နေရာမှာတည်ရှိပါတယ် … ပူပြင်းနေ့လည်ခင်းမှာ လေတဖြူးဖြူးနဲ့ အေးအေးဆေးဆေး အနားယူနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ် …

54 comments

  • ကြောင်ကြီး

    April 20, 2012 at 10:45 am

    သန်လျင်ဖက် သင်္ဘောစီးသွားပြီး ထန်းရည်သောက်ဖူးတယ်.. စစ်သလား တုသလား သိပါဘူး… ချဉ်စုတ်စုတ်နဲ့…။ ပင်ကျရည်ဆို ချိုတယ်ဆိုလား မူးတယ်ဆိုလား..။ အရင်က ရန်ကုန်မှာ အထမ်းနဲ့လှည့်ရောင်းတဲ့ ထန်းရေသည်ရှိတယ်။ နောက်ပိုင်း ဆန်ဆေးရေ အရောများလို့ ဝယ်သူနည်းသွားတာ။ ပြည်မှာလည်း ထန်းရည်သောက်ဖူးတယ်။ ထန်းရည်မူးရင် နောက်ပြန်ယိုင်လဲတတ်တယ်။ အရက်နဲမတူဘူး သူက ရှေ့ကိုဟပ်ထိုးလဲတာ။ ဒါကြောင့် ထန်းရေမူးရင် နောက်စေ့ကွဲ မာလကီးယားတတ်တယ်။

    • ALITTLE

      April 20, 2012 at 4:02 pm

      ဦးကြောင်ကြီးရေ ကျနော်အမှတ်မမှားဘူးဆိုရင်တော. ထန်းရေထဲကို ဆန်ဆေးရေရောလို.မရဘူးဗျ ဆန်ဆေးရေရောတယ်လို.ပြောတဲ.သူဆိုရင်ထန်းရေအကြောင်းမသိတဲ.လူမို.လို.သာပြောကြတာဗျ ပြောရရင် viscosity ဆိုလားဘာဆိုလားပဲ အဲ.ဒါမတူလို.ဖြစ်မယ်ဗျ
      တချို.ကပြောကြသေးတယ်အော်ကခြေမှာဆန်စေ.လေးတွေတောင်ပါသေးတယ်ဆိုပဲ အဲ.ဒါတခြားအကြောင်းကြောင်.ဖြစ်ရတာပါ ဒါကတော.ဒိုင်လျှိုပေါ.နော်. သိထားသင်.တာကတော.ဆန်ဆေးရေရောလို.မရဘူးဆိုတာပါပဲ ကြောင်ကြီး -ျီးဖုံးပြတာတော.မဟုတ်ပါဘူး ဟီး သိထားမိတာလေးပြောပြတာပါ

    • ဗိုက်ကလေး

      April 20, 2012 at 6:54 pm

      ဟမငေး..ကိုအောင်ဘုရဲ့
      ဒီမှာ ထန်းရေတွေတိုက်နေပြီ လာသောက်ပါလှည့်တော့လား..လာသောက်လှည့်ပါတော့လား..လှည့်သောက်ပါတော့လား
      🙄

      • windtalker

        April 20, 2012 at 7:51 pm

        အမ်မလေး ငပေါက်ဖော် ရဲ ့
        အန်တီဝေ ရဲ ့စေတနာ ဓါတ်ပုံတွေမြင်ရတော့
        ချန်းပီးအောင် သောက်တတ်တဲ့ နင့် ကို သတိရလိုက်တာ.. အဟစ်အဟစ် ဘွတ်

  • ဆူး

    April 20, 2012 at 10:54 am

    ထန်းရည် မသောက်ပဲ ပုံကြည့်သွားတယ်။
    တခါမှ မမူးဘူးသေးဘူး။ သောက်မှ မသောက်ဖူးတာကို.. ဟိဟိ
    ဒို့ ဘိုးဘွားတွေများ ဘယ်လို ရှာရှာဖွေဖွေ သိရှိပြီး သောက်ကြလဲ မသိဘူး။
    ဒီလောက် မြင့်တဲ့ အပင်မှ ဒီအပင် အရွက်ကြားထဲက အရည် ကို သောက်လို့ ရတယ် သောက်ရင် မူးတယ် ဆိုတာ ဘယ်လို စပြီး သိခဲ့ ကြလဲ မသိဘူး။

    ဒီခေတ်ဆို ရှာဖွေ သူ နာမည် နဲ့ အရည်လို့ နာမည်ပေးချင် ပေးလိမ့်မယ်
    ဂျော်နီဝေါ့ကား ဆိုတဲ့ နာမည် လိုမျိုးပေါ့.. ဟိဟိ..

  • weiwei

    April 20, 2012 at 11:20 am

    ဒီပို့စ်က ကိုအောင်ပုအတွက် သတိတရနဲ့ ရိုက်လာခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းပါ … 🙂
    အချိုတစ်အိုးကို ငါးရာနဲ့ အခါးတစ်အိုးကို တစ်ထောင်ကျပ်သာ ပေးရပါတယ် … အဖေကတော့ ထန်းရည်စစ်တယ်လို့ပြောတာပဲ … ဟုတ်မဟုတ်တော့မသိဘူး … သောက်ရမှာကြောက်လို့ နဲနဲလေးတောင် မမြည်းခဲ့မိဘူး …

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 21, 2012 at 7:55 pm

      အန်တီကတော့လုပ် B
      သားတို့ရွာမှာတော့ ထန်းရည်စစ်လားမစစ်လားဆိုတာကို
      ထန်းလှီးတဲ့ ခြောက်ပြား ထန်းတက်တဲ့ချိန်မှာ လွယ်တက်သွားတဲ့
      ဝါးကျဉ်ထောက်ကို အလျှင်စစ်ရပါတယ်ဗျ
      သူက ရေနဲ့ဆော်ဒါကို အပင်ပေါ်မှာအပြီးသွားရောဒါ

  • aye.kk

    April 20, 2012 at 11:39 am

    wei wei ရေ..
    ပုံလေးတွေမြင်ရလို ့ကျေးဇူးပါနော်။
    အရင်ကပေါ့နော်..
    ကျိုက်ထိုကကျိုက်ပေါလောနားမှာထန်းတောကြီးပါဘဲ..
    ထန်းရေချိုမြမြမွှေးမွှေးလေးအပင်အောက်ကနေထိုင်ပြီးသောက်ခဲ့ရတာမေ့မရဘူး။
    အိမ်ငှားထားတဲ့မြေကွက်လပ်အလွတ်မှာအမေကထန်းပင်စိုက်ထားတာ
    ထန်းသီးမှည့်တွေကောက်ပြီးမုန် ့လုပ်တန်းကစားခဲ့ကြတာရယ်။
    အမေကိုယ်တိုင်ထန်းသီးမုန် ့မွှေးမွှေးချိုချိုလုပ်ကျွေးခဲ့တာတွေကိုမေ့လို ့မရနိုင်ခဲ့ဘူး။
    ကျွေးကျေးဇူးတွေကြီးမားလွန်းခဲ့တဲ့အမေ့ကိုအရမ်းလွှမ်းမိပါ၏။။

  • အမေရိကန်ငတုံး

    April 20, 2012 at 11:46 am

    အား ဂလု မြင်ရတာနဲ.တင်တော်တော်သောက်ချင်စရာလေးတွေ။
    😆 ထန်းရည်အစစ်ဆိုတာအင်မတန်ရှားသာွးဘီ။ရွာတွေမှာတောင်မြူအိုးထဲမှာ
    မိုးလင်းကတည်းကရောပီးသား၊အခုပုံစံကြည့်ရတာတော့အစစ်ဖြစ်ဖို.များပါတယ်။
    ပါဆယ်တစ်မြူလောက်ဆွဲလာတာမဟုတ်ဖူးကြီးဒေါ်ဆူးရယ်။ကြွက်ကြော်လေးနဲ.ဆို
    ဂဟလု(တံထွေးနင်သံ) 😀 :mrgreen:

    • ဆူး

      April 20, 2012 at 2:24 pm

      ဆရာ ငတုံး လူမှားနေပြီ။ ဒေါ်ဆူး မဟုတ်ဘူး ဒေါ်ဝေ ဖြစ်ရမှာ

    • ALITTLE

      April 20, 2012 at 4:05 pm

      ဦးငတုံးရေ ကြုံတုန်းအကြံပြုပါရစေ နောက်များတော.ကြွက်ကြော်နဲ.မမြည်းနဲ.ဗျ
      ထန်းရည်နဲ. ငါးပိလူမသိစေနဲ.တဲ.
      ထန်းရည်လေးနဲ. ငါးပိထောင်းလေးဆို အရမ်းသောက်လို.ကောင်းဆိုပဲဗျ မယုံမရှိနဲ.ကိုယ်တွေ.ဗျို.

  • FattyCat

    April 20, 2012 at 12:29 pm

    ထန်းပင်အောက်မှာ ဖျာကြမ်းခင်းလို့…
    ဖျားကြမ်းပေါ်ကို ပဲကြီးလှော်တွေဖြန့်ပစ်လိုက်တယ်…
    ပြီးရင် ထန်းရည်ခါးကို တစ်ငုံငုံလိုက် ဖြန့်ပစ်ထားတဲ့ ပဲကြီးလှော်လေးတွေကိုကောက်စားလိုက်
    ထန်းရည်ခါးက များလာပေမယ့် ပဲကြီးလှော်က နဲနဲလာတယ်…
    လူက မူးလာသလို ပဲကြီးလှော်လဲ ရှာရခက်လာတယ်…
    မူးမူးနဲ့ ပဲကြီးလှော်ကိုရှာ…တွေ့တဲ့အရသာပေါ့

  • Lwin Aung

    April 20, 2012 at 12:35 pm

    ohh, It is real Myanmar whisky .

  • kai

    April 20, 2012 at 12:35 pm

    ဘယ်နှာ..အပင်ကထန်းရေကမူးရမှာလည်း..
    သောက်ကြည့်တာမဟုတ်ဖူး..။
    သဘာဝသစ်သီးဖျော်အရည်လေ..

    မူးတယ်ဆိုတာက.. အရက်ဖြစ်သွားလို့ပါ..
    အရက်ဖြစ်အောင်.. ထန်းရေအိုးထဲ.. အရင်ရှိပြီးသားအရက်ဖြစ်စေတဲ့.. ဗက်တီးရီးယားက.. နေအပူချိန်နဲ့.. ချက်သလိုဖြစ်ပြီး.. နေ့လည်မွန်းတည့်ကနေ..မွန်းလွဲမှာသောက်မှ… မူးတာ..

    ကဲ..
    ထန်းရေမူးသမားတို့ရော..ကျွဲခိုးတာမပေါ်ခင်.. ရှင်းပြကြပါဦး..။ 😕

    • ALITTLE

      April 20, 2012 at 4:07 pm

      ဟုတ်ပဗျာ ရွာထဲမှာပြောတော.သမ္မဂတွေဘာတွေတောင်ဖွဲ.လို.ထန်းရည်ဘယ်အချိန်မူးလဲတောင်မသိကြပါဘူးဗျာ ပင်ကျရည်ဆိုတာမမူးဘူးဗျ မူးအောင်တမင်လုပ်ယူရတာ အပေါ်ကပုံမှာပဲကြည်. ဘာလို. အချိုနဲ.အခါးခွဲထားသလဲ သိချင်ရင်တော.ဝယ်သာဖတ်ကြည်.ကြဗျို.

  • cobra

    April 20, 2012 at 12:39 pm

    ထန်းရည်ကိုသိပ်ကြိုက်တာပေါ့ဗျာ…….
    စစ်စစ်လေးလည်းသောက်ချင်တယ်
    သန်လျင်ဘက်သွားတဲ့လမ်းမှ မိတ်ဆက်ဆိုတဲ ့ထန်းရည်ဆိုင်တော့
    ရှိတယ်အဲ့ဆိုင်တော့တော်တော်လေးကောင်းတယ်။
    ကျွန်တော်တို့ဆိုသန်လျင်အထိသွားသောက်ရတယ်
    ကြိုက်လွန်းလို့။

  • cobra

    April 20, 2012 at 12:40 pm

    ထန်းရည်ကိုသိပ်ကြိုက်တာပေါ့ဗျာ…….
    စစ်စစ်လေးလည်းသောက်ချင်တယ်
    သန်လျင်ဘက်သွားတဲ့လမ်းမှ မိတ်ဆက်ဆိုတဲ ့ထန်းရည်ဆိုင်တော့
    ရှိတယ်။ အဲ့ဆိုင်တော့တော်တော်လေးကောင်းတယ်။
    ကျွန်တော်တို့ဆိုသန်လျင်အထိသွားသောက်ရတယ်။
    ကြိုက်လွန်းလို့။

  • weiwei

    April 20, 2012 at 12:43 pm

    မူးတာကို ကြောက်လို့မသောက်ကြည့်ခဲ့တာ မဟုတ်ပါဘူး … အိုးမဲမဲကြီးနဲ့ အရည်ဖြူဖြူမြင်ပြီး အနံ့ကလဲ ချဉ်စုတ်စုတ်နဲ့မို့ မသောက်ရဲခဲ့တာ …
    ကလေးတွေတောင်မှ သောက်ခဲ့ကြတယ် …

  • ရဲစည်

    April 20, 2012 at 1:14 pm

    ထန်းရည်က ထန်းလက်ကရတယ်လို့ ကြားဖူးပါတယ်။အထွက်ကောင်းတဲ့ ထန်းပင်တစ်ပင်က တနေ့လုံးတညလုံးခံမှ မြူ၂ဝလောက်ရပါတယ် ဒါတောင်မနက်ပိုင်း ဦးရေက အမြုပ်တွေကြီးဘဲ။ပုရွက်ဆိတ်တွေ အကောင်လေးတွေတောင် ပါသေး…။ထန်းရည်က ကြာရင်ချဉ်လာတယ် ခါးပီးမူးစေတာက ထန်းရည် မခံခင်ကတည်းက သစ်ရာခေါက်ကို မြူထဲထည့်ထားရတယ်လို့ ကြားဖူးပါတယ်။ပြောသာပြောရတာ ……ဂလု။

    • စော်ဘွားလေး မောင်မာန်ခ

      April 20, 2012 at 10:09 pm

      ထန်းရည်ကထန်းနို့ကလာတယ်လုပ်ပါဆြာရယ်………
      ထန်းလက်ကလာရင်ထန်းပင်အမွှေးတုံးနေပါဦးမယ်……..

  • အရင့်ရောင်

    April 20, 2012 at 1:18 pm

    ပုဂံညောင်ဦး ကားလမ်းဘေးကပုံရိပ်တွေထင်ပါ့နော်

  • ရောင်ခြည်ခ

    April 20, 2012 at 2:05 pm

    အရင်ကတော့ အဲ့ဒီဘက်တွေကို ခဏခဏရောက်ဖြစ်တယ်၊ အခုတော့ မမဝေ ပုံလေးတွေကြည့်ပြီး ပိုလွမ်းသွားတယ်၊ ငယ်ငယ်ကတော့ ရွာမှာနေရင်းနဲ့ ညီမတစ်ယောက်က ထန်ရေအချိုတိုက်လို့ တစ်ခါတော့ သောက်ဖူးတယ်၊ ထညက်ရည်သောက်ရသလိုအရသာမျိုး၊

  • ဦးဦးပါလေရာ

    April 20, 2012 at 2:11 pm

    မဝေဝေက သောက်ရမှာကြောက်လို့ နဲနဲလေးတောင် မမြည်းခဲ့မိတာ မှန်ပါတယ်။
    ဗိုက်အကျင့်မရှိပဲသောက်ရင် ချဉ်စပြုတဲ့ ထန်းရည်ဟာ ဗိုက်နာတတ်၊ ဝမ်းလျှောတတ်ပါတယ်။

    ထန်းရည်ချိုကို လုံးလုံးမချဉ်ပဲသောက်ချင်ရင် မနက်ကမှ တက်လဲထားတဲ့မြူအိုးကို နေမပူခင် ပြန်ချပြီးသောက်မှ တကယ့်ချိုတဲ့ သဘာဝ သစ်ပင်ရည်(သစ်သီးရည်မဟုတ်ပါသူကြီး)ကို သောက်ရပါတယ်။
    ထန်းရည်ခါးကို လိုချင်ရင် အလျှင်တည်ထားတဲ့ အခါးအိုးသတ်သတ်နဲ့ ခံကြပါတယ်။ ခံကတည်းက အလျှင်(တဆေး/သဘာဝဗက်တီးရီးယား) ထည့်ခံကြပါတယ်။ ပြန်ချတဲ့အခါ အခုပုံမှာမြင်ရသလို့ပဲ စဉ့်အိုးထဲမှာ စုထည့်ပြီး (ထား)တည်ပါတယ်။ သိပ်မပေါက်ခင် အဖြူနောက်နောက် ကနေ တဖြေးဖြေး အဖြူရောင်လဲပျောက် အနည်လဲကျပြီး ခပ်ပုပ်ပုပ်ရောင်ဖြစ်တဲ့အချိန်မှာ သေသေချာချာမူးတဲ့ ထန်းရည်ခါးစစ်စစ်ဖြစ်ပါတယ်။ မနက်ကတည်တဲ့အိုးဟာ ညနေ နေမညိုခင် အဲလိုဖြစ်ပါပြီ။ ငှက်ခါးတောင် အရောင်လို့ တင်စားကြပါတယ်။
    အခါးဖြစ်ဖြစ် အချိုဖြစ်ဖြစ် များရင် ဝမ်းလျှောတတ်ပါတယ်။

    တကယ်တော့ထန်းရည်ဆိုတာ အသီးမသီးတဲ့ အသီးခိုင်ရဲ့ထိပ်ကို လှီးဖြတ်ပြီး –
    သစ်ပင်က အသီးအတွက် ပို့ပေးတဲ့အာဟာရရည်ကို အိုးနဲ့ခံယူတာပါ။
    အဲဒီအသီးခိုင်အူတိုင်ကို ထန်းနို့လို့ခေါ်ပါတယ်။
    အဲဒီထန်းနို့ကို နေ့စဉ် ခြောက်ပြီးတင်းသွားတဲ့ လှီးဖြတ်ရာကို ပါးပါးလေး အကွင်းလိုက် လှီးလှီးပြီး ထန်းနို့ခံရတာပါ။
    အဲဒါကြောင့် ထန်းလှီးတဲ့ဒါးဟာ မြိနေအောင် ပြတ်ဘို့လိုပါတယ်။

    ကြားဘူးတာပြောတာပါ။
    လက်တွေ့ကတော့ ထန်းနဲ့ပတ်သက်ရင် ထန်းလျှက်ပဲစားဘူးတယ်…. 😀 😀

    • kai

      April 20, 2012 at 3:03 pm

      အင်း..
      အသိဂျပန်တယောက်ကို ထန်းရည်တိုက်လိုက်တာ.. အပြန်တလမ်းလုံးဝမ်းလျှောပြီး. တိုကျိုလည်းရောက်.. ဆေးရုံလည်းတန်းတက်ပဲ..
      အထဲမသန့်ပဲ..ဝမ်းကိုက်ပိုးများရှိနေလားလို့ထင်မိတာ..
      ကျုပ်သောက်တာကျ.. အိုကေလို့..

      လက်တွေ့ကျကျလေးရှင်းပြပေးတာ..ကျေးဇူးပါဗျာ..။
      စကားလုံးလေးတွေ..ပြန်အမှတ်ရသွားမိတယ်..။ 🙂

  • သမိန်ဂီ့

    April 20, 2012 at 2:14 pm

    ထန်းရည်ကို ဆိုဒါရော ဗူးသွပ်ပီး
    အရှေ့ကျွန်းကို အိပ်စပို့ လုပ်နိုင်ရင်
    မီလျှံ ဘစ်ဇနက်ပဲ….
    😛

    အခြေအနေပေးရင်
    တီလုပ်ပြီက ကနာ္တရတွေတောင် ထန်းတော တွေ
    သွား လုပ်ပစ်ချင်ရဲ့..

    • ဆူး

      April 20, 2012 at 2:30 pm

      ကြားဖူးတာတော့ အဖေ စိုက်ထားတာ သားလောက်မှ ကောင်းကောင်း အကျိုးစ ခံစားရတယ်လို့ ကြားဖူးတယ်။ ဟုတ်မဟုတ်တော့ သိဘူး အဲဒီလိုင်း မဟုတ်လို့.. ကြားဖူးနားဝ ပြောပြတာ.. 😀

      • ALITTLE

        April 20, 2012 at 4:15 pm

        ဟုတ်တယ်ဗျ အညာဘက်မှာ သားတစ်ယောက်မွေးရင် ထန် ၂ဝ စိုက်ပေးတယ်တဲ.သူလဲလူပျိုဖြစ်ရော ထန်းပင်က ထန်းစချက်လို.ရတာပဲတဲ.

    • kai

      April 20, 2012 at 2:59 pm

      ဂီဂီနောက်ကျနေပြီ..
      ယူအက်စ်မှာ.. ထန်းရေကိုပုလင်း/အလူမီနီယံဗူးတို့နဲ့.. အင်ပို့လုပ်ထားတာတွေရှိတယ်..
      အလွမ်းပြေဝယ်တောင်သောက်လိုက်သေး..
      ၁၀၀%လို့ရေးထားတာပဲ..

      ပြီးခဲ့တဲ့တပါတ်ကတင်.. အုန်းရေကိုပုလင်းထဲထည့်ရောင်းနေတာ.. ထိုင်းဆိုင်မှာတွေ့လို့.. ဝယ်လာသေးတယ်..
      ၁၀၀%လို့ဆိုတာမို့ပါ..။ အုန်းရေအစစ်ကရှားတယ်…။
      သောက်လည်းကြည့်ရော.. အထဲမှာ.. အနယ်တွေနဲ့..
      အဲဒါနဲ့.. ပစ်ထားလိုက်ရော..။ 😆

      • Inz@ghi

        April 20, 2012 at 3:02 pm

        သူက အစစ်လေ သဂျီးရဲ့… သများက အရော …
        တခါတခါ အရောတွေက အလုပ်ဖြစ်တတ်တယ်နော…

        သံပုရာလေးရော …ချူးဟိုင် စတိုင်လေး ဖြစ်..
        ကိုလာလေးရော … ကယ်လစီယံလေးရော …
        အို ဘယ့် အရော …

        😀

        • ဆူး

          April 20, 2012 at 4:07 pm

          ဘူးနဲ့ ထွက်တယ် ဆိုတော့ ထန်းရေ က မူးတယ် ဆိုတော့ အယ်ကိုဟော % ဘယ်လောက် ဆိုပြီး ပါတယ် သူ ကျတော့ ဘယ်လို စံနှုန်းနဲ့ ရေးထားလဲ

        • kai

          April 21, 2012 at 12:05 am

          ထန်းရည်ခါးကို လိုချင်ရင် အလျှင်တည်ထားတဲ့ အခါးအိုးသတ်သတ်နဲ့ ခံကြပါတယ်။ ခံကတည်းက အလျှင်(တဆေး/သဘာဝဗက်တီးရီးယား) ထည့်ခံကြပါတယ်။ ပြန်ချတဲ့အခါ အခုပုံမှာမြင်ရသလို့ပဲ စဉ့်အိုးထဲမှာ စုထည့်ပြီး (ထား)တည်ပါတယ်။ သိပ်မပေါက်ခင် အဖြူနောက်နောက် ကနေ တဖြေးဖြေး အဖြူရောင်လဲပျောက် အနည်လဲကျပြီး ခပ်ပုပ်ပုပ်ရောင်ဖြစ်တဲ့အချိန်မှာ သေသေချာချာမူးတဲ့ ထန်းရည်ခါးစစ်စစ်ဖြစ်ပါတယ်။ မနက်ကတည်တဲ့အိုးဟာ ညနေ နေမညိုခင် အဲလိုဖြစ်ပါပြီ။ ငှက်ခါးတောင် အရောင်လို့ တင်စားကြပါတယ်။

          http://www.nationmaster.com/encyclopedia/Nipa-palm

          ထရေက သဘာဝအတိုင်းဆို အရက်မဖြစ်ဖူးလေ.. အရက်ဖေါက်လိုက်လို့.. အရက်ဖြစ်တာ..ဆူမမရဲ့..
          အပေါ်မှာ ဦးပါလေရာရေးပေးထားတယ်..
          ဆိုတော့.. ၁၀၀%ဂျုစ့်ဆိုအိုကေပါတယ်..

  • ဦးဦးပါလေရာ

    April 20, 2012 at 2:20 pm

    ထန်းပင်က ထန်းရည် ထန်းလျှက် ရပါတယ်။
    ထန်သီးလဲစားရပါတယ်။ ထန်းသီးအစို့ပေါက်ဖြစ်တဲ့ ထန်းမြစ်ကို မီးဖုတ်စားပြုတ်စားရပါတယ်။ အဲလောက်ပေါတဲ့ထန်းမြစ်ကို ရန်ကုန်လိုမြို့ထဲအရောက်သယ်နို်င်ရင် တော်တော်ဈေးကြီးရပါတယ်။
    ထန်းပင်ရဲ့မြေကြီးထဲကအမြစ်ကတော့ အုန်းမြစ်တွေလိုပါပဲ။ မြေကုပ်အားကောင်းလို့ မြေဆီလွှာတိုက်စားမှု့ကို ကာကွယ်ပါတယ်။
    ထန်းပင်ပင်စည်(ထန်းလုံး)ဟာ အုန်းပင်ပင်စည်လိုမဟုတ်ပဲ ကြာလေ ခြောက်လေ မာလေဖြစ်တာမို့ အိမ်တိုင် စတဲ့ အမာခံတွေမှာ သုံးရပါတယ်။
    ထန်းလက်ကို အိမ်မိုးပါတယ်။
    ထန်းလက်နဲ့ ကုလားထိုင် စားပွဲစတဲ့ ပရိဘောဂတွေလုပ်ပါတယ်။

    ပြောချင်တာက အဲဒါ
    အခုမှလိုရင်းရောက်တယ်။
    အခုလိုနွေရာသီလေးမှာ ထန်းလက်နဲ့လုပ်တဲ့ပက်လက်ကုလားထိုင်လေးပေါ် ထိုင်ရတဲ့အရသာဟာ တခြားဘယ်ပရိဘောဂနဲ့မှ မတူရေးချမတူအောင် ကောင်းလွန်းလို့ –
    ပလပ်စတစ်ကုလားထိုင်ပေါ်ထိုင်ရင်း အလွမ်းသယ်လိုက်တာပါ…. 😛

    • weiwei

      April 20, 2012 at 2:55 pm

      တကယ်မှန်ပါတယ် ဦးဦးပါလေရာ ..
      ထန်းရွက်မိုးထားတဲ့ တဲအောက်မှာ ထန်းလက်နဲ့လုပ်တဲ့ ပက်လက်ကုထားလိုင်ပေါ်မှာထိုင်းရင်း အုန်းထန်းလျက်နဲ့ ဇီးယိုကိုစားပြီး ရေနွေးကြမ်း သောက်ခဲ့ရတဲ့ အရသာက ဘာနဲ့မှမလဲနိုင်အောင် ကောင်းပါတယ် … ယွန်းလက်ဖက်အစ်နဲ့ထည့်တည်ခင်းတဲ့ လက်ဖက်သုတ်လဲ ပါသေးတယ် …
      နေ့လည် ၃ နာရီအချိန်လောက်မို့ အပြင်မှာ အလွန်ပူတာကြောင့် တစ်နာရီလောက် ထိုင်နားခဲ့ကြပါတယ် … အမှတ်တရအနေနဲ့ ထန်းသီးကနေလုပ်တဲ့ ထန်းရည်ငှဲ့ပေးတဲ့ခွက်ကလေးတောင် ဝယ်ခဲ့သေးတယ် … 🙂

      • ALITTLE

        April 20, 2012 at 4:17 pm

        နွေနေပူမှာ ထန်းရည်သောက်ပြီးအလုပ်ကြမ်းလုပ်ရတဲ.သူတွေဆိုရင် ရေငတ်ပြေတဲ.အပြင် အသားအရည်မွဲခြောက်တာကိုကာကွယ်နိုင်ပြီး နေပူဒါဏ်လဲခံနိုင်ပါတယ်

    • အိမ်လွမ်းသူ

      April 20, 2012 at 3:40 pm

      ထန်းပင်တစ်ပင် လုံးက ဘာမှပြစ်စရာ မရှိအောင်ကို တန်ဖိုးရှိတယ်နော်။

  • ကောင်းမြတ်သူ

    April 20, 2012 at 2:52 pm

    မူးရယ်…..မူးရယ်……
    ပုံတွေ ကြိုက်တယ်ဗျာ…
    ဘိန်းစိုက်ခင်းတွေ တွေ့ရင်လည်း တင်ပေးအုံးနော်…… ဘိန်းပန်းကလှတယ်ဆိုလို့……..

    • စော်ဘွားလေး မောင်မာန်ခ

      April 20, 2012 at 10:14 pm

      ဂယ်တွေ့ချင်တာလား……..ဒ့ါပုံတော့မရိုက်ခိုင်းလိုက်ပါနဲ့ဗျာ…..
      ဒါ့ပုံရိုက်တာတွေ့ရင်လည်လှီးတတ်ကြတယ်ဗျ…….
      မနောက်ကောင်းနောက်ကောင်းလုပ်ပါနဲ့……ကိုယ့်ဆြာရဲ့….

  • marblecommet

    April 20, 2012 at 2:53 pm

    အန်တီဝေ မီကောင်းဘူး
    သများကို သမာဓိပျက်အောင်
    လုပ်ပြန်နေတယ် အာဟင့်

  • manawphyulay

    April 20, 2012 at 3:09 pm

    မမဝေတို့ကတော့ နေပူတယ် နေပူတယ်နဲ့ ဘုရားအရင်မဖူးပဲ ဘယ်နှယ် ထန်းတောအရင်ဝင်လိုက်တာလဲ။ ၁၂ နာရီကျော်ရင် ထန်းရည်ချိုကရော ရသေးလို့လား မမရဲ့ ပုံစံလေးတွေက သောက်ချင်စရာ ထိုင်ခုံနဲ့ သောက်ချင်စရာ တောရွာဓလေ့ အုန်းမှုတ်ခွက်ရှည်နဲ့ဆိုတော့ တစ်ကျိုက်လောက် မော့လိုက်ရင် အတော်ပဲ ကောင်းမှာ ဂလု ဂလု…

    • weiwei

      April 20, 2012 at 3:56 pm

      ထန်းတောကို အရင်ဝင်တာ မဟုတ်ရပါဘူး မနောရယ် …
      ပုဂံကအပြန်မှာ နေပူနေသေးလို့ ကားအပူသက်သာအောင် ထန်းတောထဲခဏဝင်ပြီး အပန်းဖြေခဲ့တာပါ ..
      ရွာသူားတွေကိုတော့ ထန်းရည်အရင်တိုက်ပြီးမှ ဘုရားဖူးပို့ဖို့ စိတ်ကူးတယ်လေ … အဲဒါမှ နောက်ပိုင်းတင်မယ့် ဘုရားတွေကို စိတ်ပါလက်ပါ ဖူးကြမှာပေါ့ …
      ဒုတိယပို့စ်အနေနဲ့ မန်းချောင်းထဲမှာ ရေချိုးဖို့လဲ စီစဉ်ထားပါသေးတယ် …
      ဘုရားတွေကတော့ ဖြည်းဖြည်းပေါ့ … 😛

  • ရွာစားကျော်

    April 20, 2012 at 3:50 pm

    ထန်း.. ပင်ကျရည်၊ ထန်း.. ပင်ကျရည်
    ချိုတမြမြ .. ခါးသလေဗျ… အေ့
    ပုံလေးတွေ အားပေးရင်း အမြင်လေးနဲ့ လေချဉ်တက်သွားပါတယ် ခင်ဗျ

  • တညင်သား

    April 20, 2012 at 4:57 pm

    ထန်းရည် ပညာရှင်တွေကြားထဲ နဲနဲဝင်ပြောကြည့်အုံးမယ်..
    မှုးတဲ့ထန်းရည်က အလျှင်လို့ ခေါ်တဲ့(တချို့ဒေသတွေမှာ) အိုးကပ်လေးတွေ ချန်ထားရပါတယ်.. အိုးမဆေးလဲ ဖြစ်တယ်ပေါ့
    ဒီထက်မူးချင်ရင် မြေကြီးထဲ တရက်လောက်မြုတ်ထားရင်ရပြီ… တချို့ဆိုင်တွေမှာ မနေ့ကအရည်ရော ဒီနေ့အရည်ရော ပေါင်းပြီးရောင်းတာ
    အပျက်ရည်လို့ ခေါ်ကြတယ် ချဉ်တူးတူး အရသာ ဝမ်းပို ပျက်တက် တယ်… ထန်းလျှက် ချက်တဲ့ ထန်ရည်က အိုးကို ပြောင်နေအောင် ဆေးကြောပြီး မီးသင်း ရပါတယ်..ထန်ရည်တကယ့်အချို ကို ဘယ်သူမှ မသောက်နိင်ဘူး ထင်ပါတယ် အညာဖက်မှာ ထမင်းနဲ့တောင် ရောစားကြပါတယ်.. ထန်းရည်ကို ဆန်ဆေးရည် လုံးဝ ရောလို့မရပါဘူး ပုတ်သွားတက်ပါတယ်…
    သန်လျှင် အုတ်ဖိုစု မှာရောင်းတဲ့ ထန်းရည်က သောက်လို့ကောင်းအောင် ပြင်ထားတယ်လို့ ထင်ပါတယ် ..အခုလိုသင်္ကြန်မှာဆိုရင် ရောင်းကောင်းသလားမမေးနဲ့ (ပေါ ချောင် မှုး)…
    ထန်းပင် အဖိုနဲ့ အစ်မနဲ့ အရသာမတူ အပင်ကောက်နဲ့ အပင်ဖြောင့် ကျောက်တောင်မှာ(ကုန်းမြင့်)ပေါက်တဲ့အပင်နဲ့ ရေစပ်မှာပေါက်တဲ့အပင် အရသာတွေမတူကြပါဘူး….
    နေညိုလို့ လေပြိုလာရင် တပုလင်းလောက်တော့ ဆွဲလိုက်တယ် အစာကြေ ရင်ချောင် စီးရွှင် ဝမ်းမှန်တယ်လေ…:) 🙂 🙂

    • weiwei

      April 20, 2012 at 6:05 pm

      ထန်းရည်ပညာရှင်တွေ မဆွေးနွေးသွားတာတစ်ခု သတိထားမိတယ် ..
      နဖါချေးကို ထန်းရည်ထဲထည့်လိုက်ရင် အဆိပ်ဖြစ်ပြီး အလွန်မူးတယ်လို့ ကြားဖူးတယ် … အသက်အန္တရာယ်တောင်ရှိနိုင်တယ်တဲ့ … ထန်းရည်သောက်မယ့်ခွက်အောက်မှာ ကပ်ထားရုံနဲ့တောင်မှ အဆိပ်ဖြစ်လောက်အောင်ပဲ နဖါချေးက အစွမ်းထက်တယ်လို့ ကြားဖူးပါတယ် …

  • R Ga

    April 20, 2012 at 5:30 pm

    မဝေ ရေ ထန်းရေ ဆို အရမ်း သောက်ချင်ဘိ ။ ဘယ်ဒေသသွားသွား ထန်းတော ဘယ်မှာရှိသလဲ အရင်မေးတယ်။ နောက် မရရအောင်သွားသောက်တယ်။ အခုလည်း သွားရည်တွေယိုနေဘိ…။ မဝေ ရက်စက် တယ်။ ကျွန်တော်တို့ အတွက် ဝယ်လာဝူးးးးးးးးး

  • blackchaw

    April 20, 2012 at 6:37 pm

    မဝေ တိုက်တဲ့ ထန်းရေတစ်ခွက် ဝင်သောက်သွားပါတယ်။
    အညာရောက်ပြီး ထန်းရေ မသောက်ဖြစ်ခဲ့တာ အခုမှ
    ပြန်နှမြောနေတယ်ဗျာ။

  • koaung

    April 20, 2012 at 7:25 pm

    ဒါ့ပုံတွေကလဲမိုက် ထန်းရေလေးကလဲမိုက် ကြက်ကျော်လေးနဲ့သာဆို ကိုကြီးကျော်ကိုအတုယူပလိုက်မယ်
    :mrgreen:

  • Swal Taw Ywet

    April 20, 2012 at 8:31 pm

    Dear Sister, Wei Wei,
    While reading your post, I remembered our comments
    ( TTNU replied my comment in her post. ) Like as-
    Swal Taw Ywet says:
    Dear Teacher, TTNU,
    Thanks for your reminding.
    For me, I don’t drink any အရက် in my whole life.
    Even Beer and Palm Juice also, I did not.
    So easy…
    ( By the way, how can we call in English, Htann Yay Kharr ?? ).
    But I saved this post to share others.
    With respect,
    Swal Taw Ywet.

    4-9-12
    TTNU says:
    Dear Swal Taw Ywet,
    You said,”Even Beer and Palm Juice also, I did not.”
    Maybe you don’t know how much tasty the toddy is.
    I mean the sweet one. While we were on volunteer trip,
    we were offered to have rice and sweet toddy for our breakfast.
    We didn’t like the smell,at first, of toddy: the sweet or the bitter.
    Later the sweet one became our delight.
    Anyway, thanks for reading this writing.
    TTNU.

    Dear Sister, Wei Wei,
    You missed a best chance, you should taste it ( Sweet Toddy ).
    Thanks for your post to remember the colorful Myanmar.

    With respect,
    Swal Taw Ywet.

  • Don Juan Ronald

    April 20, 2012 at 9:45 pm

    မှတ် မိ တ လေါက် တော့ ထန်း ရည် မူး ရင် အ ရက် ထက် ဆိုး တ လို ဘဲ ။

  • စော်ဘွားလေး မောင်မာန်ခ

    April 20, 2012 at 10:25 pm

    ထန်းရည်မသောက်ရရင်……တို့တောင်ပေါ်ကခေါင်ရည်ပဲသောက်တော့မယ်ဟေ့…..
    ထန်းရည်ကိုတို့ရှမ်းပြည်မှာလဲ…လင်းခေးဆိုတဲ့စိုင်းထီးဆိုင်ရဲ့ဇာတိကနေသောက်နိုင်တယ်နော်…..
    မြန်မာပြည်ရဲ့ဒုတိယပုဂံလို့ဆိုတဲ့မိုးနဲမြို့မှာလဲ…ထန်းပင်ရှစ်ပင်ရှိတယ်…….
    အဲမှာမှမသောက်ရရင်ခေါင်ရည်ဆိုင်ပြေးရတယ်ဗျို့……….
    လောလောဆယ်ဒယ်ဒီကြီးရဲ့ဟိုက်ကော်မရှင်ခိုးတွယ်ဘီးမူးတာပြေသေးဘူး…….
    နောက်မှခေါင်ရည်အကြောင်းရှင်းပြဦးမယ်……..
    မဝေရေ……….ထန်းရည်ကိုမသောက်နဲ့ဗျ……. ဒိန်ချဉ်ကျဲကျဲကိုဂတ်စ်ဖောက်ထားတာနဲ့တူတယ်……
    မတည့်ရင်ဝမ်းပျက်တတ်တယ်…….ကျွန်တော်ကတော့မသိခင်တုန်းက…..
    ထန်းရည်ကိုဝက်ပေါင်ခြောက်နဲ့မြည်းဖူးတယ်……နောက်မှတွဲမစားသောက်သင့်မှန်းသိတယ်….
    ပြီးလဲပြီးရောဝမ်းလျောပြီးဆေးရုံမှာလေးရက်လောက်အလည်သွားဖူးတယ်……….
    ခုတော့သိပြီဆိုတော့ထန်းရည်ကိုတစ်လတစ်ခါလောက်လင်းခေးကိုမှာသောက်နေပြီ…..
    ထန်းရည်ချိုကိုမချဉ်စေချင်ရင်မခါးစေချင်ရင်….ထန်းလျက်ခဲနှစ်ခဲလောက်ထည့်ပြီးသယ်ရတယ်ဗျို့….
    ဒါတောင်မိုင်ခြောက်ဆယ်လောက်ဝေးတော့…ရောက်လာရင်နဲနဲချဉ်နေပြီ……
    နောက်တစ်ခါကြုံရင်သောက်ကြည့်ပေါ့…….ဝမ်းပျက်ရင်တော့မသောက်နဲ့……ဝမ်းမပျက်ရင်ဆက်သောက်
    တစ်ခါသောက်ပြီးဝမ်းပျက်ဖူးရင်နောက်တစ်ခါသောက်လဲဝမ်းပျက်တတ်တယ်……
    ကျွန်တော်ကတော့တစ်လတစ်ခါဝမ်းအပျက်ခံပြီးမှာသောက်တယ်……ဟဲဟဲ…. 😛 😛 :mrgreen:

  • မြန်မာပြည်မှာ ပြိုင်စံရှားတဲ့ ဇာတ်မင်းသားကြီးရွှေမန်းတင်မောင်က တော့ ဒီလို ဟဲထားခဲ့ပြန်ပါတယ်။

    “ထန်းပင်ကျရေ……… ထန်းပင်ကျရေ ချိုတမြမြ ခါးသလေ……………လေ့……………..”

  • pooch

    April 21, 2012 at 12:50 am

    မဝေရေ ထန်းရည်ဗဟုသုတတွေအတွက် ဝင်ပြီး ဖတ်သွားပါတယ်။ ခုမှပဲ ကွန်းမန့်တွေ ဖတ်ပြီး ထန်းရည်အကြောင်း ဃဂနဏ သိရတော့တယ်။

  • amatmin

    April 21, 2012 at 8:08 am

    မနက်စောစောစီးစီး အန်တီဝေ့ ပင်ကျထန်းရည်လေး ဝင်သောက်သွားပါတယ်ဗျ. 🙂
    အပေါ်မှာ ပြောထားတဲ့အထဲမှာ ထန်းရည်ထဲကို ရောတာ
    ဆန်ဆေးရည်မဟုတ်ဘူး ဆိုတော့..ဘာများပါလိမ့် ဆိုတာလေးတော့..
    သိချင်မိသား ရယ်..

  • snow white

    April 21, 2012 at 4:55 pm

    ထန်းတောလေးကတကယ်အညာစစ်လိုဘဲနော် သောက်တော့မသောက်တက်တော့ အလည်တော့ထုင်ကြည့်ချင်တယ် ခုံလေးလုပ်ထားတာတကယ်ကိုထိုင်ချင်စရာလေးပါ

Leave a Reply