weiweiApril 23, 20124min16912
ရွှေစက်တော်ကနေ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ချောက် မြို့တွေကို ဖြတ်ပြီး ပုဂံကို သွားခဲ့တဲ့ လမ်းတစ်လျှောက်မှ ပုံရိပ်များဖြစ်ပါတယ်။ ကားပေါ်ကနေ လျှပ်တစ်ပြတ်ရိုက်ထားတာဖြစ်လို့ သေချာရိုက်ထားတဲ့ အလှပုံတွေတော့ မဟုတ်ပါဘူး။ မရောက်ဖူးတဲ့သူတွေနဲ့ မရောက်တာကြာတဲ့သူတွေအတွက် ကားစီးရင်းမြင်ရတဲ့ မြင်ကွင်းတစ်ချို့ကို တင်ပြပေးချင်လို့ ဒီပို့စ်ကို တင်ဖြစ်ခြင်းဖြစ်ပါတယ်။ အညာဒေသဖြစ်ပေမယ့် ဆည်မြောင်းတွေကျေးဇူးကြောင့် လမ်းခရီးတစ်လျှောက် စိမ်းစိမ်းစိုစိုရှိပါတယ်။ သင်္ကြန်တွင်းမှာ မီးသတ်ပိုက်တွေနဲ့တောင် ရေကစားနိုင်ကြတာ တွေ့ခဲ့ရပါတယ်။ ဆိုးတာကတော့ အမူးသမားတွေနဲ့ ဆိုင်ကယ်သမားတွေပါပဲ။ အပျော်လွန်ပြီး လမ်းလယ်ခေါင်မှာ မူးရူးပြီး ကခုန်နေကြတာကတော့ ခရီးသွားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ခဲ့ရပါတယ်။ မနက် ၆ နာရီလောက် ငဖဲကနေထွက်ခဲ့ပြီး ပုဂံကို နေ့လည် ၃ နာရီလောက်မှာမှ ရောက်ခဲ့ပါတယ်။ လမ်းသိပ်မကောင်းလို့ အရမ်းမောင်းလို့မရသလို သင်္ကြန်တွင်း အလှူခံ […]


weiweiApril 21, 20125min1339
ရွှေစက်တော်ကို ငယ်ငယ်ကလေးဘဝကထဲကနေ အခုအချိန်အထိ ၅ ကြိမ်ထက်မနည်း ရောက်ဖူးခဲ့ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ် ပြောင်းလဲမှုကတော့ တဲတန်းတွေ ဆိုင်ခန်းတွေ ဘုရားဖူးတွေ ပိုပိုများလာတာပဲဖြစ်ပါတယ်။ ပိုစည်လာတာနဲ့အမျှ နေထိုင်ရေး၊ စားသောက်ရေးနဲ့ အထူးသဖြင့် အပေါ့အလေးသွားဖို့ အခက်အခဲပိုဖြစ်လာပါတယ်။ အခုတစ်ခေါက်တော့ ရွှေစက်တော်ဘုရားအနီးက ငဖဲမြို့နယ် သီပေါရွာက ကျွန်မမိဘတွေ ကိုးကွယ်ဆည်းကပ်တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ညအိပ်တည်းခိုခဲ့ပါတယ်။ ဆရာတော်ဆီအရင်ဝင်ပြီး ထမင်းစားပြီးမှ ဆရာတော်က ရ မိုင်ခရီးကို ဖြတ်လမ်းကနေ လိုက်ပို့ပေးပါတယ်။ အောက်စက်တော်ရာ အထက်စက်တော်ရာဖူးပြီး ခဏတစ်ဖြုတ်ပဲနေပြီး ပြန်ခဲ့ကြတယ်။ လမ်းရောက်မှ သန့်ရှင်းတဲ့ မန်းချောင်းထဲမှာ ရေချိုးဆင်းကြပါတယ်။ ဘုန်းကြီးကျောင်းမှာ ညအိပ်ပြီး မနက်စောစောမှာမှ ပုဂံဘက်ကို ခရီးဆက်ခဲ့ကြပါတယ် … ဓါတ်ပုံတွေက ကားပေါ်ကနေ ရိုက်ထားတာများပါတယ်။ ကားမှန်ခံနေလို့ သိပ်မကြည်ဘူးဖြစ်နေပါတယ်။ ဘုရားပွဲဈေးတန်းမှာ ဩ့င်္ကန်ရေ လိုက်ပက်နေတာနဲ့ […]


weiweiApril 20, 20122min22124
ခရီးစဉ်တလျှောက်ထဲမှာ အနှစ်သက်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ရွှေစက်တော်သွား တောလားထဲက မန်းချောင်းဖြစ်ပါတယ်။ ဘုရားပတ်ဝန်းကျင်မှာ ဘုရားဖူးတွေနဲ့ စည်ကားနေတဲ့ မန်းချောင်းက ဘုရားနဲ့ဝေးတဲ့ ရွာလေးတစ်ရွာကိုဖြတ်စီးနေချိန်မှာတော့ တိတ်ဆိတ်လို့နေပါတယ်။ အဲဒီလို သန့်ရှင်းကြည်လင်ပြီး တိတ်ဆိတ်နေတဲ့ နေရာအထိသွားပြီး ရေကစားခဲ့ကြတယ်။ ကလေးတွေ အလွန်ပျော်ခဲ့ကြတဲ့ နေရာလေးတစ်ခုပါ။ ရေက နွေးနွေးလေးနဲ့ ကြည်လင်နေပါတယ်။ နေဝင်ရီတရောအချိန်လေးမို့ အလွန်လှပပါတယ်။ အဲဒီနေရာရောက်တော့ ရွာထဲက ဓါတ်ပုံဆရာတွေကို သတိရမိပါတယ် … ကျွန်မရိုက်နေကျကင်မရာထဲက မန်မိုရီကတ် အိမ်က ကွန်ပျူတာထဲ မေ့ကျန်နေခဲ့လို့ အဖေ့ကင်မရာနဲ့ပဲ တစ်လမ်းလုံးရိုက်ခဲ့ရပါတယ် … ကင်မရာကို အထာမကျတာကြောင့် တစ်ဝက်လောက်ပဲကြည်လင်ပြီး တစ်ဝက်လောက်က ဝါးနေတဲ့အတွက် အညာခရီးစဉ်မှာ ဓါတ်ပုံတွေ အရမ်းများများတင်နိုင်မှာ မဟုတ်တဲ့အကြောင်း ကြိုတင်တောင်းပန်ထားချင်ပါတယ် …


weiweiApril 20, 20122min43054
ဒီနှစ်သင်္ကြန်ရက်တွေကို ခရီးထွက်ခြင်းဖြင့် အချိန်ကုန်လွန်ခဲ့ပါတယ် … အရမ်းပူပြင်းတဲ့နွေရာသီမှာ ရွှေစက်တော် ပုဂံ ညောင်ဦး ဘုရားဖူးထွက်ဖြစ်ခဲ့တယ် … ဘုရားဖူးရတဲ့ကြည်နူးခြင်း ခံစားချက်ထက် ပူပြင်းခြင်းခံစားချက်က ပိုထင်ရှားခဲ့တဲ့ ပုဂံခရီးစဉ်ကို ပြန်ပြီးတော့တောင် မစဉ်းစားချင်လောက်အောင် ဖြစ်နေမိပါတယ် … ခရီးစဉ်တလျှောက် အစီအစဉ်တကျ မရေးတော့ပဲနဲ့ အဆင်ပြေသလို ပြောပြတာ ပိုကောင်းမယ်ထင်လို့ ပထမဆုံးအပိုင်း (၁)ကို ဘုရားနဲ့မစပဲ ထန်းရည်နဲ့ပဲ အရင်စတင်လိုက်ပါတယ် … ထန်းတောထဲမှာ ထန်းရည်အရင်သောက်ပြီးမှပဲ အေးအေးဆေးဆေး ဘုရားဖူးကြတာပေါ့ …. ညောင်ဦးမြို့မှအထွက် ကျောက်ပန်းတောင်းသို့သွားသည့် ကားလမ်းနဘေးတစ်နေရာမှာတည်ရှိပါတယ် … ပူပြင်းနေ့လည်ခင်းမှာ လေတဖြူးဖြူးနဲ့ အေးအေးဆေးဆေး အနားယူနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ် …