weiweiOctober 27, 20101min1527
လွန်ခဲ့တယ့် ၆ နှစ်လောက်တုန်းက ကျွန်မက အလုပ်နဲ့နီးတဲ့ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်ထဲက ရပ်ကွက်တစ်ခုမှာ နေခဲ့ဖူးပါတယ်။ အလုပ်ချိန်ပြင်ပ ညနေဘက်နဲ့ညဖက်မှာ ပတ်ဝန်းကျင်က ကလေးတွေကို စာသင်ပေးချင်တဲ့ စေတနာပေါ်လာတာနဲ့ နွေရာသီမှာ လက်လှမ်းမှီသလောက် ကလေးတွေစုလိုက်ပါတယ်။ အဲဒီအထဲက ၈ တန်းကျောင်းသားလေးတစ်ယောက်ကိုတော့ ကျွန်မ၏တပည့်ကျော်အနေနဲ့ အမြဲအမှတ်ရနေပါတယ်။ ပထမဆုံးသူနဲ့စတွေ့တယ့်နေ့မှာ ကျွန်မက သချင်္ာသင်ဖို့ သူ့အရည်အချင်းကို စပြီးစစ်ဆေးလိုက်ပါတယ်။ ဖတ်စာအုပ်ကို မကိုင်ပဲနဲ့ အပေါင်း အနှုတ် အမြှောက် အစား စပြီးစစ်ဆေးကြည့်တယ်။ ရိုးရိုး ဂဏန်းလေးတွေပေါင်းခိုင်း နှုတ်ခိုင်းတော့ တစ်ဆယ်မကျော်တယ့်အထိ အဆင်ပြေနေပါတယ်။ သူ့လက်နဲ့ခြေထောက်နဲ့မဆံ့တဲ့ ကိန်းဂဏန်းတွေကိုတောင် မပေါင်းတတ်ပါဘူး။ အဲဒါနဲ့ အမြှောက်စပြီးမေးကြည့်တယ်။ ၂ အလီထက်ကျော်သွားတာ တစ်ခုမှ သူမရတော့ဘူး။ အဲဒါနဲ့ အစားကို ထပ်မေးကြည့်တယ်။ အစားဆိုတာဘာမှန်းကို မသိဘူး။ ၄ […]