weiweiNovember 11, 20101min14010
ထူးထူးခြားခြားတပည့်တွေအကြောင်းထဲမှာ သူလေးလဲပါတယ်။ ကျွန်မက သူငယ်တန်းကနေ ၉ တန်းအထိ ပတ်ဝန်းကျင်က ကလေးတွေကို စာသင်ပေးတဲ့အချိန်ကပေါ့။ ကလေးလေးတစ်ယောက်ကို သူ့အမေက ခေါ်လာပြီး ကျူရှင်လာအပ်တယ်။ ကလေးလေးက သေးလွန်းလို့ သူငယ်တန်းကလေးလို့ထင်မိတယ်။ ဒါပေမယ့် ကလေးအမေက ကျောင်းဖွင့်ရင် ပထမတန်းတက်ရမှာတဲ့။ သူငယ်တန်းအောင်ပြီးပြီလို့ပြောပါတယ်။ အသက်ဘယ်လောက်လဲလို့မေးကြည့်တော့ ၅ နှစ်ကျော်ပြီး ၆ နှစ်ထဲမှာတဲ့။ ကလေးက ကျန်းမာရေးသိပ်မကောင်းတော့ သေးသေးလေးဖြစ်နေတယ်။ အဲဒါနဲ့ စာစသင်တော့တာပေါ့။ ပထမတန်းစာအုပ်နဲ့လဲ စလိုက်ရော စာတွေကို မဖတ်တတ်တာကို သိလိုက်ရတယ်။ အဲဒါနဲ့ ကကြီး ခခွေးပြန်ဆိုခိုင်းတော့ ဆိုတတ်ပေမယ့် တစ်လုံးချင်းရေးပြီး မေးရင် မသိပါဘူး .. ဝလုံးကိုတောင် သေချာဝိုင်းအောင် မဆွဲတတ်တာကို တွေ့လိုက်ရတယ်။ တစ်ခုခုတော့လွဲနေပြီဆိုပြီး ကလေးအမေကို ခေါ်မေးကြည့်တော့ သူငယ်တန်းတုန်းက သမီးက တချိန်လုံးနေမကောင်းဖြစ်နေလို့ ကျောင်းတက်ရတယ်ကို […]