ကြောင်လတ်October 22, 20111min36320
အမတ်မင်းရဲ့ အတုံ့အလှည့်ရှိခဲ့ရင်  ပို့စ်ထဲမှာ ကြောင်တစ်ကောင်ရဲ့ ဒုက္ခ (ကြောင်တစ်ကောင်မွေးရတဲ့ဒုက္ခ)ဆိုတာလေးတွေ့လို့ ကြောင်တစ်ကောင်ဘက်ကနေ ခံစားရေးဖွဲ့ကြည့်လိုက်တာပါ။ ဝူး…..တီတီ…..တီတီ ….. အိမ်ရှေ့မှာ ကားတစ်စီးထိုးရပ်သံနဲအတူစူးရှတဲ့ ဟွန်းသံကိုကြားတော့စပ်စပ်စုစုရှိတဲ့ကျွန်တော် အိမ်ရှေ့ဘက်ထွက်သွားပြီးပုံဏားကွယ်လေးမှာအသာလေးကပ်ပြီးချောင်းကြည့်လိုက်ပါတယ်။ ကားပေါ်ကဆင်းလာတဲ့မိသားစုငါးယောက်ဟာကျွန်တော့ကိုမြင်ပဲကျော်ပြီးအိမ်ထဲဝင်သွားပါတယ်။ “ညောင် …ညောင် ….ညောင်” “ဟယ်ကြောင်လေးတွေ သုံးကောင်တောင်၊ ချစ်စရာလေးတွေတော့..ကြီးမေရေ မီးလေးတစ်ကောင်ယူမယ်၊ မီးလေးကိုတစ်ကောင်ပေးနော်”   အမေ့ရင်ခွင်ထဲတိုးဝှေ့ရင်း နို့ချိုသောက်နေကြတဲ့ ကျွန်တော့ရဲ့ညီတွေညီမတွေကတော့ ကိုတွေ့လိုက်တဲ့အခါ အဲဒီအထဲမှာပါလာတဲ့အသက် လေးနှစ်လောက်ရှိတဲ့ကလေးမလေးတစ်ယောက်ရဲ့အသံစာစာလေးကို စပြီးကြားလိုက်ရပါတယ်။  ဒီကလေးမလေးဟာ  ကျွန်တော်တို့နေတဲ့အိမ်ရှင် မိန်းမကြီးရဲ့ ညီမငယ်ကမွေးတဲ့ တူမလေးဖြစ်ပါတယ်။ သူတို့တတွေက မြို့ထဲမှာနေကြတာပါ။ သူတို့မိသားစု ဟာသီတင်းကျွတ်မှာ အမကြီးကိုလာကန်တော့ကြတာပါ။ “မီးလေးရယ် ကြောင်လေးတွေက ငယ်ပါသေးတယ်၊နို့မခွဲသေးဘူးနောက်နို့ခွဲတော့မှယူနော်..” “ဟင့်အင်း..ဟင့်အင်း  မရဘူး  အခုယူသွားမယ်၊ နို့မခွဲသေးရင် မီးလေးသောက်တဲ့ နွားနို့်တိုက်ပြီးမွေးမှာပေါ့” အိမ်ရှင်မိန်းမကြီးက အကျိုးအကြောင်းရှင်းပြပေမဲ့ အိမ်မှာအငယ်ဆုံးဖြစ်ပြီး အလိုလိုက်ခံ ထားရဟန်တူတဲ့ […]