ကြောင်လတ်October 28, 20111min2259
    မီးလေးတို့အိမ်ကိုရောက်တော့ အိတ်ကိုဖွင့်ပေးလိုက်တယ်ဆိုရင်ပဲ ကျွန်တော်လည်း ကြောက်ကြောက် လန့်လန့်နဲ့ ဆက်တီခုံအောက်ကိုပြေးဝင်ပြီးပုန်းနေလိုက်ပါတယ်။ အချိန်ကတော့  ည ရ နာရီလောက်ရှိမယ် ထင်ပါတယ်။       အိမ်ထဲမှာမီးထွန်းထားတာတွေ့ပါတယ်။ “ရွှေဝါရေ လာ လာ ထွက်လာခဲ့လေ” မီးလေးကခုံအောက်ကိုငုံ့ကြည့်ရင်း ကျွန်တော့ကိုထွက်လာဖို့ ခေါ်ပါတယ်၊ ကျွန်တော်လည်း ခုံအောက်မှာပဲ ညိမ်နေတဲ့အတွက် မီးလေးက ထပ်ခေါ်ရင်းလှမ်းဆွဲဖို့လုပ်ပါတယ်။     “ရွှေဝါ လာလေ ထွက်လာခဲ့” “နေပါစေဦးသမီးရယ်၊ ကြောင်လေးက လောလောဆယ်ကြောက်နေမှာပေါ့ ၊ထားလိုက်သမီး နောက်နေ့ကြရင် ယဉ်သွားလိမ့်မယ်၊ အဲဒီတော့မှသမီးလေးနဲ့အတူတူဆော့ပေါ့။” မီးလေးအဖေက ဝင်ပြောလိုက်မှ မီးလေးလဲနောက်ဖေးကိုထွက်သွားကြပါတယ်။  သူတို့တွေလည်း အဝတ်လဲသူလဲ၊ရေချိုးသူချိုးနဲ့  အလုပ်ရှုပ်နေပြီး ကျွန်တော့်ကို ခဏတော့မေ့သွားပါတယ်။  သူတို့အလစ်မှာ ကျွန်တော်နောက်ဖေးဆောင်ဖက်ကို အသာလေးသွားပြီးချောင် တစ်ချောင်မှာသွား ခွေနေလိုက်ပါတယ်။ ရှေ့ဆက်ပြီးဘယ်လိုတွေကြုံတွေ့ရမယ်ဆိုတာ စိတ်ထဲမှာတွေးမိတော့အမေနဲ့ မောင်နှမတွေကို သတိရလာပါတယ်။ […]