မြစ်   အိမ်မက်တွေပြောင်းပြန်စီး သိပ် ခရီးမတွင်ခဲ့တဲ့မြစ် သူသူငါငါ ဇကာချ အညစ်အကြေးတွေဆေးကြောခဲ့တဲ့မြစ် ခေတ်အလာ ကြပ်ခိုး တိတ်တခိုး မျိုချ ခဲ့ရတဲ့မြစ် နေအပြောက် တိမ်တောက်တယ်ဆိုတာလဲ တုံဏာဘာဝိ သူမသိရတဲ့မြစ် သူမသိငါမသိ ဒုက္ခသည်တွေတပြုံတမ( ငုံ မ) ထားတဲ့မြစ် ဓါတုရည်တွေ ကြုံသလို ဝင်နှောက်လဲ ချောင်းငယ်ထင် ခါးထစ်ခွင်နေရတဲ့မြစ် အဲဒီမြစ် မြစ်ဟာမြစ်လိုနေရင်း စီးဆင်း အခင်းအကျင်းတွေ လက်သိပ်ထို းတတ်ခဲ့။ မြစ်တစ်စင်းရဲ့ မာယာ သူ ခဝါ ချတတ်ခဲ့။ အချိန်တန် အိမ်ပြန် တဲ့ အကြော သူ သဘောကျ နေတတ်ခဲ့။ မျောနေတဲ့ ဒိုက် နဲ့  […]