manawphyulayAugust 2, 20101min1354
စာအုပ်စာပေ လူ့မိတ်ဆွေ လူတစ်ဦးသည် နှစ်သက်စွဲလန်းရာ ဝါသနာတစ်ခုကို စောက်ချလုပ်မြဲဖြစ်သည်။ သို့သော် ထိုဝါသနာသည် မည်မျှအကျိုးရှိစေမည် အကျိုးယုတ်စေမည်လို့ ကိုယ့်ပိုင်စဉ်းစားဉာဏ်နဲ့ တွေးတော ဆင်ခြင်သင့်ပေသည်။ စွဲမြဲသင့်တဲ့ ဝါသနာကတော့ လူအမျိုးမျိုး စိတ်အမျိုးမျိုးဆိုတာ လူတိုင်းမှာ ရှိနေမည်မှာအမှန်ပင်။ လူတိုင်း သူ့အာရုံနဲ့သူ လုပ်ချင်တာ ဖြစ်ချင်တာကို လုပ်နေကြမယ်လို့ မြင်မိပါသည်။ ယနေ့ခေတ်လူငယ်တွေ အဲ လူငယ်တွေဆိုလို့ ကျွန်မ သူငယ်ချင်း နန္ဒ တစ်ယောက်ကတော့ နင်က ဘယ်ခေတ်ကလဲလို့ ကျွန်မကို ပြောဖူးပါသည်။ ဟုတ်ပါတယ်။ ကျွန်မကလည်း ကိုယ်နဲ့အမြင်မတူရင် ခေတ်မတူသလိုပဲ ခံစားမိတတ်သည်။ ကျွန်မ ဝါသနာကတော့ စာဖတ်ခြင်းနဲ့ စာရေးခြင်းကို အားသန်ပါသည်။ ကျွန်မအမြင်ကို ပြောရရင် စွဲမြဲသင့်တဲ့ ဝါသနာတွေထဲမှာ စာဖတ်ခြင်းကို ပိုပြီး ဂရုစိုက်အလေးပေးပါသည်။ စာပေသည် အိမ်တွင်း၌သာ […]