koyin sithuDecember 27, 20121min16010
တစ်နေ့သ၌ ကျွန်ုပ်သည် ကိုယ်ရေးကိုယ်တာ အကြောင်းအရာတစ်ခုကို အကြောင်းပြု၍  လွန်စွာ စိတ်ပျက်ခြင်း စိတ်ဓာတ်ကျခြင်း အားငယ်ခြင်း သိမ်ငယ်ခြင်းစသော စိတ်ခံစားချက်တို့ကို အကြောင်းပြု၍ လောကကြီးတွင် ဆက်လက် အသက်ရှင်သန်ချင်စိတ်တို့ ကုန်ခမ်းလျှက် ရှိလေတော့၏။ မည်သည့်အလုပ်ကိုမျှ လုပ်ကိုင်ချင်စိတ်လည်း မရှိဖြစ်နေ၏။ ထိုကြောင့် ဘာဆက်လုပ်ရမယ်မှန်း မသိသဖြင့် ကျွန်ုပ်စိတ်နေကျ အဓိဌာန်ပုတီး၊ တားရော့အိတ်၊ Red Ruby ဆေးလိပ်တစ်ဘူး အိပ်ကပ်ထဲထည့်၍ ကျွန်ုပ်နေထိုင်ရာ အိမ်ခန်းကလေးမှ ထွက်လာခဲ့လေ၏ ခြေဦးတည့်ရာ လမ်းလျှောက်ထွက်လာရင်းဖြင့် ကျွန်ုပ်သည် မျက်စိထဲတွင် ရှိသမျှ အရာဝတ္ထုအားလုံးတို့ကို မြင်သလိုလို မမြင်သလိုလို ဖြစ်နေ၏ တွေ့သမျှ လူတိုင်းကိုလည်း မမြင်သကဲ့သို့ ဖြစ်နေလေတော့၏ ကျွန်ုပ်သည် လမ်းရှိသမျှကို ဆက်လျှောက်၍သာနေမိတော့၏ ထိုကဲ့သို နာရီဝက်လောက် လမ်းဆက်လျှောက်နေရာမှာ ခဏရပ်ပြီး ဘယ်ရောက်နေလဲ ကြည့်မိလိုက်ရာ ကျွန်ုပ်ငယ်စဉ်က […]