natureJanuary 30, 20121min54811
ကျွန်တော်တို့ ငယ်စဉ်တုန်းက ကားလမ်းများ ကောင်းစွာမပေါက်ရောက်သေးတာကြောင့် ခရီးသွားရင် ရေလမ်းကိုသာ အဓိက အသုံးပြုပြီး သွားလာကြရပါတယ်။ အဲဒီတုန်းက လူကြီးတွေက မြစ်ဝကျွန်းပေါ်ဟာ ချောင်းငယ်လေးတွေများတာကြောင့် ကားလမ်းမပေါက်နိုင်ဘူးလို့ ပြောသံကြားခဲ့ရဘူးပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ နေရာတော်တော်များများကို ကားတွေနဲ့ သွားလာနိုင်ပြီ ဖြစ်လို့  ရေလမ်းသွား တဲ့သဘောင်္ခေတ်ကုန်သလိုဖြစ်နေပါတယ်။ ကားနဲ့သွားရင်အချိန်ကုန်သက်သာပြီးမြန်မြန်ရောက်ပါတယ်။ နေ့ခြင်းပြန်သွားလို့လာလို့ရပါတယ်။ သင်္ဘောနဲ့သွားရင်တော့ တမေ့တမောစီးရပါတယ်။ ဒါပေမဲ့သဘောင်္ရဲ့ အားသာချက်ကတော့ ကုန်များစွာကိုတင်နိုင်တဲ့အတွက်စရိပ်သက်သာလို့ ကုန်တင်ဖို့အတွက် ကတော့ သဘောင်္ခေတ်က မကုန်သေးဘူးလို့ပြောလို့ရပါတယ်။ ရေလမ်းခရီးသွားမယ်ဆိုရင် အချိန်ကုန်သက်သာပြီး ဆီ (လောင်စာဆီ) ကုန်သက်သာဖို့အတွက် ရေစုန်ရေဆန်ကို တွက်တတ်ဖို့ အရေးကြီးပါတယ်။ ရေစုန်ရေဆန် (ရေတက်ရေကျ) ကို တွက်ဖို့အတွက် မြန်မာ ပြက္ခဒိန် ရက် ကိုသိဖို့လိုပါတယ်။ လဆန်းရက်ဆို လရဲ့ဆွဲအားကြောင့်ရေတက်တယ်လို့ကြားဖူးပါတယ်။ လဆန်းဆို ရေတက်ရက် မို့  […]