manawphyulayJanuary 14, 20111min2049
ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူ လူအများကိုလည်း လေးစားတဲ့သူရဲ့မျက်နှာဟာ အင်မတန် ကျက်သရေရှိတယ်။ ခင်မင်စရာ လေးစားစရာကောင်းတယ်။ ဒီလိုလူဟာ စိတ်လည်း ပိုအေးချမ်းတယ်။ နူးညံ့တယ်။ ဒီလိုလူဟာ လူ့အသိုင်းအဝိုင်းရဲ့ ကျက်သရေဆောင်လည်းဖြစ်တယ်။ သူများကို ထိခိုက်သွားအောင် ပြောနိုင် ဆိုနိုင် လုပ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် တော်တဲ့သူ စွမ်းတဲ့ ထက်တဲ့သူလို့ ခံစားရသလား။ သူများကိုယ်ကို ကြောက်နေမှ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။ သူများ ဂုဏ်သိက္ခာကျသွားမှ ကိုယ့်ဂုဏ်သိက္ခာတက်မှာလား။ ဒီမေးခွန်းတွေကို သေသေချာချာ စဉ်းစားသင့်တယ်နော်။ တကယ် လွတ်လပ်တဲ့သူ၊ စိတ်အေးချမ်းတဲ့သူ ဖြစ်ချင်ရင် ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြည့်စေချင်ပါတယ်။