alinsettNovember 13, 20144min2968
# မလှပတဲ့ ညတစ်ည # ######################################################## ဆက်အိပ်။ ဒီညနေခင်းဟာ ကိုယ့်အတွက်ဖြစ်စေ သူတပါးအတွက်ဖြစ်စေ…လှပမနေဘူးဆိုရင် ဆက်အိပ်။ ညနေခင်းတခုဟာ အဲသည်လောက် ရုပ်ဆိုးမသွားသင့်ဘူးလို့ တွေးဦးမလို့လား။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ… သေပြီးသားလူတွေရဲ့ နာမည်တွေ…ကုန်းရုန်းထလာတာထက်စာရင်တော့…တော်ပါသေးတယ်။ တမနက်စာလောက် လှပမှုတွေဟာ ဘာများခိုင်မြဲတည်တံ့မှာမို့လို့လဲ… ။ လူတွေက ကိုယ့်ကို နားမလည်တာနဲ့.. လူတွေကို ကိုယ်က နားလည်အောင် ရှင်းနေစရာမလိုပါဘူး ။ တချို့ပုစ္ဆာတွေက အဖြေမှန်ထွက်အောင် တွက်မိရင်  မေးသူ သိက္ခာကျတယ်။ အဟက် ။ သူတို့ဘာသာနဲ့ သူတို့ နားလည်သလို ပြန်ဆို ခံစားလိမ့်မယ်။ ကိုယ်က ကိုယ့်ဘာသာနဲ့ကိုယ်တည်ဆောက်… ဆောင့်ဆောင့်အောင့်အောင့်တော့ မလျှောက်ရ… တခါတုန်းကလို… ဘယ်သူမှ မရေးဘူးသေးတဲ့…” ဘာအကြောင်းအရာမှ မပါတဲ့ စာမျိုး” ရေးချင်နေပြန်ပြီလား ။ ဘယ်သူမှ […]