Zaw WonnaDecember 23, 20111min1659
newsroom.unl.edu သင့်ရဲ့ မော်တော်ကား သို့မဟုတ် ဆိုင်ကယ်ကို ဆီဖြည့်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိရသင့်ပါတယ်။ ၁။ မနက်စောစောမှာ ဆီဖြည့်ပါ။ ဆီဆိုင်အများစုဟာ သူတို့ရဲ့ ဆီတိုင်ကီတွေကို မြေကြီးထဲမှာ မြုပ်ထားလေ့ ရှိတဲ့အတွက် မြေကြီးရဲ့ အအေးဆုံးအချိန်မှာ ဆီဟာ သိပ်သည်းဆ ပိုများပါတယ်။ နေ့လည် သို့မဟုတ် ညနေပိုင်းမှာ ဆီဖြည့်မယ်ဆိုရင် ဆီတစ်လီတာအတွက် တကယ်ရှိရမှာထက် နည်းနေမှာ ဖြစ်ပါတယ်။ ၂။ ကိုယ်တိုင် ဆီဖြည့်ရမယ်ဆိုရင် မောင်းတံကို အမြန် မညှစ်မိပါစေနဲ့။ ဆီပန့်ရဲ့ မောင်းတံမှာ အနှေး၊ ပုံမှန်၊ အမြန်ဆိုပြီး အဆင့်သုံးဆင့် ရှိပါတယ်။ မောင်းတံကို အနှေး အနေအထားနဲ့ ညှစ်မယ်ဆိုရင် ဆီတွေရဲ့ အမှုန်အမွှား (အမြုပ်)ဖြစ်နှုန်း နည်းပါးပါတယ်။ ဆီပန့်တွေမှာ ဆီရဲ့ အမြုပ်တွေကို စုပ်ယူပြီး […]