pitiJanuary 24, 20111min78
အပျော်တမ်းအဆင့်မှ ဆုကြေးစားစနစ်ကို စတင်ကူးပြောင်းတာတဲ့ မြန်မာနိုင်ငံနေရှင်နယ်လိဂ် MNL League ပြိုင်ပွဲတွေမှာ မန္တလေးမြို့အခြေစိုက်အသင်းဖြစ်တဲ့ ရတနာပုံFC အသင်းဟာဆိုရင်ဖြင့် အအောင်မြင်ဆုံးအသင်းတစ်ခုဖြစ်ပါတယ်။ ဆုကြေးစားစနစ်ပြောင်းလဲခဲ့တဲ့ အချိန်တိုအတွင်းမှာ ချန်ပီယံ ဆုဖလား (၄) လုံးကို ရယူနိုင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ စတင်ကျင်းပခဲ့တဲ့ပွဲဖြစ်တဲ့ MNL Cup ပြိုင်ပွဲရဲ့ ချန်ပီယံအပြင် ကျင်းပပြီးစီးခဲ့သော အမှတ်ပေးချန်ပီယံ ပြိုင်ပွဲ နှစ်ကြိမ်စလုံးမှာ ချန်ပီယံဆုဖလားကို ရရှိထားခဲ့ရုံမက AFC Presend Cup ပြိုင်ပွဲမှာပါ ချန်ပီယံဆုကို ရရှိထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲ (၄) ခုစလုံးမှာ ခင်မောင်ထွန်းဟာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ပြီး အသင်းကို ဦးဆောင်ကစားနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ခင်မောင်ထွန်းဟာ ရတနာပုံFC အသင်းအခြေစိုက်ရာ မန္တလေးမြို့မှာရှိတဲ့ လူမူရေးအသင်းအဖွဲ့တွေကို ငွေလှူဒါန်းဖို့ ထူးခြားတဲ့အစီအစဉ်တစ်ခုကို ပြုလုပ်ဖို့ပြင်ဆင်နေပါတယ်။ ဒါကတော့ မုံရွာမြို့မှာ […]