pitiOctober 11, 20111min530
ဧရာဝတီနှင့် သဘာဝပတ်ဝန်းကျင်ရေးရာများကို အဓိကထားဆွးနွေးဟောပြောတဲ့ မပြီးဆုံးသေးသောမြစ်ဆုံ ဟောပြောပွဲလေးကို မန္တလေးမြို့၊ 56 လမ်း၊ ကန်တက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ အောက်တိုဘာလ (၉) ရက်နေ့က ကျင်းပသွားခဲ့ပါတယ်။ Eco dev နဲ့ စိမ်းရောင်စို Activities တို့ ပူးပေါင်းစီစဉ်တဲ့ဒီပွဲလေးမှာ ဦးဝင်းမျိုးသူနဲ့ စာရေးဆရာ ကိုတာ တို့မှ ဟောပြောဆွေးနွေးခဲ့ကြပါတယ်။ အခမ်းအနားမှူးအဖြစ် စိမ်းရောင်စိုအဖွဲ့မှ ဦးမင်းထက်ငြိမ်းချမ်းမှ ပြုလုပ်သွားခဲ့ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ဧရာဝတီကိုချစ်ခင်တဲ့သူတွေ တော်တော်များများတက်ရောက်ခဲ့ပါတယ်။ အဓိကထားဆွေးနွေးခဲ့တာကတော့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်နားမယ့် သဝင်လွှာဟာ အဆုံးသတ်ပျော်စရာ မဟုတ်ပဲ ပြသနာတွေရဲ့ အစသာဖြစ်တဲ့အကြောင်းပါ။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ မြစ်ဆုံစီမံကိန်း ရပ်နားဖို့ပြောတဲ့အကြောင်းကို ထောက်ခံသလို တရုတ်နဲ့ဖြစ်လာနိုင့်မယ့် ပြသနာတွေကို ဘယ်လိုဖြေရှင်းကြမလဲလို့ ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးကြတာဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီဖြစ်တဲ့ CPI ဥက္ကဌဖြစ်သူနဲ့ […]


pitiOctober 2, 20111min24014
ပထမ  Good Idea က စက်တင်ဘာ 26, 2011 မှာ “မြန်မာပြည်ထဲမှာပဲ တရုတ်တွေက မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ ” ဆိုတဲ့ Post လေးကို ဖတ်လိုက်ရပါတယ်။ နောက်တော့  Foreign Resident  ကစက်တင်ဘာ 28, 2011 မှာ  ” မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ Who made it ??? ” ဆိုတဲ့ Post ရေးပီး အမြင်အသီးသီး ပြောထားတာလေးတွေ တွေ့ရပါတယ်။ Good Idea က ဟာဂျူလီ(ကသာ) ရဲ့ Facebook စာမျက်နှာကနေ ကူးယူဖော်ပြပါတယ်လို့ ဆိုပါတယ်။ ရွာသူရွာသားတွေ ဖတ်ပီးကြပီလို့ ထင်ပါတယ်။ နှစ်ယောက်စလုံးရေးထားတာကိုလေ။ ကျနော်လည်း ဖတ်ပီးတော့ စိတ်ထဲမှာ ခံစားမိတာလေးကို ရေးချင်စိတ်ပေါက်လာတယ်။ […]


pitiSeptember 13, 20111min25214
အခု မြန်မာနိုင်ငံမှာ လူစိတ်ဝင်စားမှုအရှိဆုံးထဲက တစ်ခုကတော့ ဧရာဝတီမြစ်ဆုံ ရေလှောင်တမံစီမံကိန်းဆိုရင် မှားမယ်မထင်ဘူးနော်။ လူစိတ်ဝင်စားမှုအရှိဆုံးအချိန် သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့ပြည်သူတွေရဲ့ ဧရာဝတီသတင်းတွေကို နောက်ဆုံးဖွလိုက်တဲ့သူကတော့ အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း ပါ။ သူက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားရင်း ဖွလိုက်တာပေါ့။ (သတင်းအကျယ်တော့ သူများတွေ ဖော်ပြထားပီးလို့ လင့်ပဲပေးလိုက်တော့မယ်… http://www.news-eleven.com/index.php?option=com_content&view=article&id=10124:2011-09-11-18-18-04&catid=42:2009-11-10-07-36-59&Itemid=112) မတော်တဆ ပျောက်ကွယ်သွားမှာစိုးနေရတဲ့ မြစ်ဆုံပုံလေးကို ဧရာဝတီသတင်းစာမျက်နှာကနေ ကူးယူဖော်ပြပေးထားတာပါ။ ခွင့်ပြုခွင့် ပေးမယ် ထင်ပါတယ်… ဝန်ကြီးပြောတာက အရပ်ထဲက အလုပ်ကြမ်းသမားတွေ ရန်ဖြစ်တဲ့အခါ စကားနိုင်လုသလိုပါပဲ။ ပညာသားမပါဘူး၊ လူယဉ်ကျေးမဆန်ဘူးလို့ ပြောရင် မလွန်ဘူးထင်တယ်။ ငါ့စကား နွားရ ဆိုသလို ငါဝန်ကြီး … ငါ့ထက်ပိုသိသူမရှိဘူး… ငါ့ကို ဆရာလာမလုပ်နဲ့ ဆိုသလို အခြောက်တိုက် ရမ်းနေတယ်ထင်တယ်။ […]


pitiAugust 24, 20111min36124
မန္တလေးမြို့ဟာ ဟိုးတစ်ချိန်ကဆိုရင် စက်ဘီးမြို့တော်အဖြစ် ကျော်ကြားခဲ့တဲ့ မြို့တစ်မြို့ပေါ့။ ၂၀၀၄ ခုနှစ်နောက်ပိုင်းမှာတော့ ဆိုင်ကယ်တွေကို လိုင်စင်လွယ်ကူသက်သာစွာ ပြုလုပ်ပေးခဲ့တာကြောင့် ဆိုင်ကယ်မြို့တော်အဖြစ် ကျော်ကြားနေပါတယ်။ လူဦးရေ ၁ သန်းကျော်လောက် မှီတင်းနေထိုင်တဲ့ မြို့ကြီးမှာ ဆိုင်ကယ်စီးရေက ၄ သိန်းလောက် ရှိမယ်ထင်ပါတယ်။ ဆိုင်ကယ်အသစ်တွေလည်း တစ်နေ့တစ်ခြား တိုးပွားလာနေဆဲပါ။ တရုပ်ဆိုင်ကယ် အသစ်စက်စက်တွေရောင်းတဲ့ ဆိုင်တွေလည်း မိုးဦးကျမှိုပေါက်သလို ဖွင့်လာကြတာ တွေ့နေရပါတယ်။ လိုင်စင်ရှိတဲ့ဆိုင်ကယ်တွေ များပြားလှသလို လိုင်စင်မဲ့ဆိုင်ကယ်တွေကလည်း များပြားနေပါတယ်။ လိုင်စင်မဲ့ဆိုင်ကယ်တွေ၊ လိုင်စင်ရှိပြီး နံပါတ်ပြားဖြုတ်ပြီး စီးနင်းတဲ့ဆိုင်ကယ်တွေ လမ်းပေါ်မှာ အများအပြား တွေ့ရှိနေရပါတယ်။ ဒီလိုစီးကမ်းမဲ့တဲ့ဆိုင်ကယ်အရေအတွက် များလာတာဟာ လုံးဝမကောင်းပါဘူး။ ဆယ်စုနှစ်အတွင်းမှာ ဆိုင်ကယ်နဲ့ ရာဇဝတ်မှုတွေ ကျူးလွန်းကြသူတွေ အားလုံးနီးပါးဟာ လိုင်စင်မဲ့၊ နံပါတ်အတုတပ်ထားတဲ့ဆိုင်ကယ်တွေ ဖြစ်တာ သတိထားမပါတယ်။ သက်ဆိုင်ရာက ရာဇဝတ်မှုတွေ […]


pitiJuly 21, 20111min1334
မန္တလေးက တစ်ကိုယ်တော်အာဇာနည်နေ့အခမ်းအနား ပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်ဗျာ…   နေ့လည်ပိုင်းမှာ သူရဲ့ရှေ့က ဗိုလ်ချုပ်ပုံလေးကို လူတချို့က ခွာသွားပါတယ်… သူကတော့ မနော်ယမ္မံပန်းခြံထဲမှာ ထည်းထည်းကြီးရှိနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ဘက်ကို မျက်နှာမူရင်း မေတ္တာပို့နေတုန်းပါ တချို့ကလည်း သူနဲ့အတူ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေကို ထိုင်ကန်တော့ပြီး အလေးပြုသွားကြပါတယ် သူ့ရဲ့ရှေ့မှာ သူမြတ်နိုးတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့စကားနဲ့ ဗိုလ်ချုပ်ဟောတဲ့ တရား စာအုပ်ကလေးချပြီးတော့လေ… နံမည်ကြီးချင်လို့ လုပ်တာမဟုတ်ပေမယ့် ယခုအခါမှာတော့ သူဟာ ထင်ပေါ်တဲ့သူတစ်ဦးဖြစ်သွားပါတယ်… သူက မနက် ၁ဝ နာရီဝန်းကျင်ကနေ နေ့လည် ၄ နာရီ ဝန်းကျင်ခန့်ထိ ဒီတိုင်းလေး နေသွားခဲ့တာပါ    


pitiJuly 19, 20111min26721
ဇူလိုင်လ (၁၉) ရက်နေ့။ အာဇာနည်နေ့။ မြန်မာတစ်မျိုးသားလုံး မမေ့သင့်တဲ့နေ့တစ်နေ့ပါ။ မနက်ပိုင်းကတည်းက မိုးနတ်မင်းကြီးကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်အပေါင်းကို သတိယလွမ်းဆွတ်လို့ ထင်ပါရဲ့… အုံ့ဆိုင်းမှိုင်းလို့နေတယ်လေ။ ကျနော်လည်း ၁ဝ နာရီထိုးမှ မြို့သစ်ကနေ (၆၂) လမ်းအတိုင်း မြို့ထဲကို ထွက်လာခဲ့ပါတယ်။ စိတ်ကတော့ ငယ်ငယ်က တတ်ရောက်အလေးပြု အမျှဝေခဲ့ဘူးတဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို သတိရနေပါတယ်။ ဒီလိုနဲ့လာခဲ့တာ မနော်ယမန်ပန်းခြံအလွန်လေးလည်ရောက်ရော… လမ်းအနောက်ဖက် ပလက်ဖေါင်းပေါ်မှာ ထူးခြားတဲ့မြင်ကွင်းတစ်ခုကို အမှတ်မထင်မြင်တွေ့လိုက်ရပါတယ်။ ဒါနဲ့ ဆိုင်ကယ်ကို ရပ်ပြီး သေချာကြည့်မိတော့ ပလက်ဖောင်းဘေးက စတီးလက်ရန်းကလေးပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံကိုချိတ်ဆွဲပြီး အလေးပြုရှိခိုး အမျှဝေနေတဲ့ သူတစ်ဦးဖြစ်နေတာ တွေ့ရပါတယ်။  ကျနော် အံ့အားသင့်သွားမိပါတယ်။ ဒီလို သတိတရရှိတဲ့သူတွေလည်း ရှိပါသေးလားလို့ပေါ့။ တကယ်တန်းကျတော့ မန္တလေးသားတွေရဲ့ ရင်ထဲမှာ အာဇာနည်နေ့ကို လွမ်းဆွတ်တဲ့စိတ်ရှိကြပါတယ်။ […]


pitiJuly 11, 20111min19714
မန္တလေးအခြေစိုက် ထုတ်ဝေနေတဲ့ ဂျာနယ်လေးစောင်က ကြံ့ဖွံ့ကပိုင်တယ်။ ကြံ့ဖွံ့ပိုင် ရွှေမန္တလေးဂျာနယ်နဲ့ အထက်မြန်မာဂျာနယ်ရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်သလို စာပေလူမူကူညီရေးအစီအစဉ်မှာ ဘဏ္ဍရေးမှူး တာဝန်ယူထားတဲ့ ဦးမျိုးမင်းမင်းက ဂျာနယ်ထုတ်ဝေမှုအရှုံးပေါ်နေတာကို ဖာထေးဖို့ စာပေလူမှုရေး ရန်ပုံငွေတွေကို ဘဏ်မသွင်းပဲ ထုတ်ယူသုံးစွဲထားရာက ဒီကနေ့မနက်ကကျင်းပတဲ့ အထူးအစည်း အဝေးမှာ ဗူးပေါ်သလို ပေါ်ပါတော့တယ်။ အစည်းအဝေးမှာ နာယက ဆရာဦးညီစေမင်းရဲ့ ဩဝါဒစကားမှာပဲ “ ကျွန်တော့်စာမူခတွေထဲက စာပေလူမှုရေးအစီအစဉ်ကို ငွေကျပ် တစ်သိန်းခွဲ လှူခဲ့တယ်။ စာရင်းရှင်းတမ်းမှာ မပါဘူးဖြစ်နေတယ်။ “ ဆိုပြီး ထည့်ပြောခဲ့ပါတယ်။ ဒီလိုပဲ အလှူပေါင်းများစွာဟာ စာရင်းမှာမပါဘဲ ငွေကျပ်သိန်းပေါင်းများစွာဟာ ပျောက်ဆုံးလျက်ရှိတယ်။ လက်ဝယ်ရှိနေတဲ့ အလှူငွေ တွေကိုလည်း ဘဏ်မှာ သိမ်းထားတာမရှိပဲ ကိုယ်ပိုင်အဖြစ် သုံးစွဲထားတာကို အားလုံးက သိကြတယ်။ ဒါကြောင့် ငါးနှစ်ထက်မနည်း […]


pitiJuly 6, 20111min21518
မန္တလေးမြို့က အချို့လက်ဘက်ရည်ဆိုင်တွေဟာ အကြွေအနှုတ် တကယ်ရှားလို့လား၊ အကြံအဖန်လုပ်တာလားမသိပါဘူး။ ဆေးလိပ်တို့၊ ဘာတို့ ပဲ အမ်းနေကြပါတယ်။ မင်းသီဟတို့လို ဆိုင်ကြီးတွေကတော့ ငါးဆယ်ကအစ အနှုတ်အသစ်စက်စက်လေးတွေ အမ်းပေးပါတယ်။ ဒါပေမယ့် ဆိုင်အများစုကတော့ အကြွေအနှုတ်ရှိနေတာတောင် ခပ်တည်တည်နဲ့ ဆေးလိပ်တွေပဲ အမ်းနေပါတယ်။ ဆေးလိပ်အမ်းတယ်ဆိုတော့ ဖောက်သည်တွေအတွက် ဆေးလိပ်ပိုသောက်ဖြစ်သွားစေနိုင်တာပေါ့နော်။ မကောင်းတဲ့အကျင့်ပါပဲ။ အထူးသဖြင့် ယူနီစန်လက်ဘက်ရည်ဆိုင်ကတော့ အတော်ကို ဈေးကွက်အမြင်ရှိတယ်လို့ ဆိုရမယ်ထင်ပါတယ်။ အကြွေအနှုတ်ရှိတာတောင် ဆေးလိပ်တို့၊ သူတို့ဆီကုထုတ်တဲ့ သောက်လို့မကောင်းတဲ့ နန်းဝေ နို့မုှုန့်ထုတ်တို့ ခပ်တည်တည်နဲ့ အမ်းလေ့ရှိပါတယ်။ ကိုယ့်ရှေ့မှာတင် တစ်ခြားတစ်ယောက်က ရာတန်ပေးပြီး ပိုက်ဆံရှင်းသွားတာ မြင်လိုက်ရတဲ့ကြားက အနှုတ်မရှိဘူးဆိုပီး ဇွတ်ကိုပဲ နို့မှုန့်ထုတ်တို့၊ ဆေးလိပ်တို့အမ်းတာ ယူနီစန်လက်ဘက်ရည်ဆိုင်ရဲ့ အကျင့်ဖြစ်နေပါပီ။ သက်ဆိုင်ရာက အကြွေအနှုတ်တွေ လဲပေးနေတဲ့ကြားက စီးပွားရေးအမြင်ရှိတာကို ပြောပါတယ်။ တခြားဆိုင်အချို့က အနှုတ်အခက်အခဲရှိလို့ […]


pitiJune 13, 20111min570
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်ဟာ စာနယ်ဇင်းများနဲ့ အပတ်စဉ်တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးနိုင်ခြင်း မရှိသေးပေမယ့် ဝန်ကြီးချုပ်ရဲ့ အစည်းအဝေးများမှာ မန္တလေးအခြေစိုက် စာနယ်ဇင်းများ တက်ရောက်သတင်းယူခွင့်ကို ဇွန်လ (၁၃) ရက်နေ့က စတင်ပြီးခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဇွန်လ (၁၃) ရက်နေ့ မွန်းလွဲ (၁း၃၀) နာရီ အချိန်မှာ အထွေထွေအုပ်ချုပ်ရေးမှူးများနဲ့ တွေ့ဆုံတဲ့အစည်းအဝေးမှာ စတင်တက်ရောက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပထမဆုံးစာနယ်ဇင်းသမားများကို တက်ရောက်ခွင့်ပြုခဲ့တာဖြစ်လို့ အားနည်းချက် အချို့တော့ ရှိသေးတယ်လို့ဆိုပါတယ်။ စာနယ်ဇင်းသမားများအတွက် နေရာအခက်အခဲ တွေ ရှိခဲ့တဲ့အတွက် သတင်းသမားအချို့ တက်ရောက်ဖို့ အနှောက်အယှက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အစည်းအဝေးကို ဖိတ်ကြားတာကအစ ပထမဆုံးအစီအစဉ်ဖြစ်လို့ ကပ်ပြီးဖိတ်ကြားတဲ့အတွက် ဂျာနယ်လစ်အချို့ တက်ရောက်သတင်းရယူဖို့ အချိန်မမှီဖြစ်ခဲ့ရပါတယ်။  နောက်ထပ်ပြုလုပ်တဲ့ အစည်းအဝေးများမှာတော့ ပိုမိုအဆင်ပြေစွာ သတင်းယူနိုင်ခွင့် ရနိုင်မယ်လို့ ယူဆရပါတယ်။ အပတ်စဉ်သတင်းစာရှင်းလင်းပွဲကိုလည်း […]


pitiMay 13, 20111min26314
ပြည်ပအသံလွှင့်ဌာနတွေဖြစ်တဲ့ BBC, VOA, RFA လို အသံလွှင့်ဌာနတွေက မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်ရတာဟာ လမ်းအသုံးပြုခကောက်ခံတဲ့နှုန်းထား ကြီးမြင့်တာကြောင့်လို့ ဆိုကြ၊ ပြောကြလွန်းလို့ထင်ပါတယ်။ မြန်မာနိုင်ငံအစိုးရသစ် ပြည်သူလူထုတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ချက် ကြီးကြီးမားမားထားလို့ လမ်းအသုံးပြုခကောက်ခံတဲ့ဈေးနှုန်းတွေ လျော့ချဖို့ စီစဉ်နေတယ်လို့ဆိုကြပါတယ်။ ဆောက်လုပ်ရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးဟာ လမ်းအသုံးပြုခကောက်ခံခွင့် လေလံအောင်ထားတာ ၁ လကျော်ကျော်သာ ရှိသေးတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ ကန်ထရိုက်တွေကို နေပြည်တော်ကို ဆင့်ခေါ်ပြီး အစည်းအဝေးတစ်ခု မေလ (၁၂) ရက်နေ့က ဝန်ကြီးဌာနအဆောက်အဦမှာ ပြုလုပ်ခဲ့တယ်လို့ လမ်းကြေးအသုံးပြုခကောက်ခံခွင့်ရထားတဲ့ သူတွေဆီက သိရပါတယ်။ ဝန်ကြီးဟာ ကုန်ဈေးနှုန်းကျဆင်းစေဖို့ရည်ရွယ်ပြီး လမ်းအသုံးပြုခတွေကို လက်ရှိကောက်ခံနေတဲ့ နှုန်းထားကနေ အတော်လျော့ချထားတဲ့နှုန်းထားနဲ့ကောက်ခံဖို့ ညွှန်ကြားခဲ့ပါတယ်။ တစ်မိုင်ကို ပြားခြောက်ဆယ် နှုန်းနဲ့ ကောက်ခံဖို့ညွှန်ကြားခဲ့ပါတယ်တဲ့။ နှုန်းထားအသစ်ကို ကြားလိုက်ရတဲ့ ကန်ထရိုက်တွေဟာ […]


pitiMay 13, 20111min20817
ရာသီဥတုတွေဖောက်ပြန်နေတာ နှစ်တွေတော်တော်ကြာလာခဲ့ပါပြီ။  ကျနော်တို့ ရွှေပြည်ကြီးကတော့ ရာသီဥတုတွေ ဖောက်ပြန်နေတယ်ဆိုတာကို “နာဂစ်” ရဲ့  ပြင်းထန်တဲ့ ရိုက်ခတ်မှုကို ခံရပြီးမှ သတိထားမိလာခဲ့ကြပါတယ်။ နာဂစ်မလာခင် တစ်နှစ်စောပြီး ချောင်းသာကမ်းခြေကို “မာလာ” ဆိုတဲ့ မုန်တိုင်းတစ်ခု ဝင်ခဲ့တုန်းကတည်းက သတိပြုမိရမယ့်ဟာကို ပေါ့ပေါ့ဆဆ နေခဲ့မိကြပါတယ်။ အဲဒါကြောင့်လည်း နာဂစ်ဆိုတဲ့ မုန်းတိုင်းလည်းတိုက်ခတ်ခံရရော ကျနော်တို့ ရွှေတွေဟာ အငိုက်မိသွားခဲ့ရပြီး လူ့အသက်ပေါင်း မြောက်များစွာ ဆုံးရှုံးခဲ့ရပါတယ်။ ကျနော်တို့ ရွှေပြည်ကြီးဟာ မုန်တိုင်းတွေ တိုက်လေ့တိုက်စမရှိတဲ့ အလွန်သာယာတဲ့ တိုင်းပြည်တစ်ခု ဖြစ်ခဲ့တယ်လေ။ ဟော… ပြီးခဲ့တဲ့နှစ်က “ဂီရိ” ဆိုတဲ့ မုန်းတိုင်းတစ်ခုဟာ မြန်မာနိုင်ငံ အလယ်ပိုင်းအထိ ကျူးကျော်ဝင်ရောက်ပြီး လမ်းစရှာလာခဲ့တယ်။ ဂီရိမုန်တိုင်း လာနေပြီဆိုတော့ ကျနော်တို့ရွှေတွေ အတော်ကြောက်ပြီး သတိနဲ့ စောင့်ကြည့်နေခဲ့ကြရတယ်။ ရခိုင်မှာ လူ့အသက်အနည်းငယ် […]


pitiApril 18, 20111min16813
တန်ခိုးကြီး ဘုရားတွေမှာတော့ လေလံဈေးမြင့်တယ်ဆိုပြီး ကား၊ ဆိုင်ကယ်/စက်ဘီးအပ်နှံခွင့်အပါအဝင် အရပ်ရပ် ကောက်ခံတဲ့နှုန်းထားတွေက စီးပွားရေး ဆန်လွန်းလှပါတယ်


pitiMarch 24, 20111min55
ရာသီဥတုတွေဖောက်ပြန်နေတာ နှစ်တွေတော်တော်ကြာလာခဲ့ပါပြီ။  ကျနော်တို့ ရွှေပြည်ကြီးကတော့ ရာသီဥတုတွေ ဖောက်ပြန်နေတယ်ဆိုတာကို “နာဂစ်” ရဲ့  ပြင်းထန်တဲ့ ရိုက်ခတ်မှုကို ခံရပြီးမှ သတိထားမိလာခဲ့ကြပါတယ်။ နာဂစ်မလာခင် တစ်နှစ်စောပြီး ချောင်းသာကမ်းခြေကို “မာလာ” ဆိုတဲ့ မုန်တိုင်းတစ်ခု ဝင်ခဲ့တုန်းကတည်းက သတိပြုမိရမယ့်ဟာကို ပေါ့ပေါ့ဆဆ နေခဲ့မိကြပါတယ်။ အဲဒါကြောင့်လည်း နာဂစ်ဆိုတဲ့ မုန်းတိုင်းလည်းတိုက်ခတ်ခံရရော ကျနော်တို့ ရွှေတွေဟာ အငိုက်မိသွားခဲ့ရပြီး လူ့အသက်ပေါင်း မြောက်များစွာ ဆုံးရှုံးခဲ့ရပါတယ်။ ကျနော်တို့ ရွှေပြည်ကြီးဟာ မုန်တိုင်းတွေ တိုက်လေ့တိုက်စမရှိတဲ့ အလွန်သာယာတဲ့ တိုင်းပြည်တစ်ခု ဖြစ်ခဲ့တယ်လေ။ ဟော… ပြီးခဲ့တဲ့နှစ်က “ဂီရိ” ဆိုတဲ့ မုန်းတိုင်းတစ်ခုဟာ မြန်မာနိုင်ငံ အလယ်ပိုင်းအထိ ကျူးကျော်ဝင်ရောက်ပြီး လမ်းစရှာလာခဲ့တယ်။ ဂီရိမုန်တိုင်း လာနေပြီဆိုတော့ ကျနော်တို့ရွှေတွေ အတော်ကြောက်ပြီး သတိနဲ့ စောင့်ကြည့်နေခဲ့ကြရတယ်။ ရခိုင်မှာ လူ့အသက်အနည်းငယ် […]