pitiJanuary 24, 20111min82
အပျော်တမ်းအဆင့်မှ ဆုကြေးစားစနစ်ကို စတင်ကူးပြောင်းတာတဲ့ မြန်မာနိုင်ငံနေရှင်နယ်လိဂ် MNL League ပြိုင်ပွဲတွေမှာ မန္တလေးမြို့အခြေစိုက်အသင်းဖြစ်တဲ့ ရတနာပုံFC အသင်းဟာဆိုရင်ဖြင့် အအောင်မြင်ဆုံးအသင်းတစ်ခုဖြစ်ပါတယ်။ ဆုကြေးစားစနစ်ပြောင်းလဲခဲ့တဲ့ အချိန်တိုအတွင်းမှာ ချန်ပီယံ ဆုဖလား (၄) လုံးကို ရယူနိုင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ စတင်ကျင်းပခဲ့တဲ့ပွဲဖြစ်တဲ့ MNL Cup ပြိုင်ပွဲရဲ့ ချန်ပီယံအပြင် ကျင်းပပြီးစီးခဲ့သော အမှတ်ပေးချန်ပီယံ ပြိုင်ပွဲ နှစ်ကြိမ်စလုံးမှာ ချန်ပီယံဆုဖလားကို ရရှိထားခဲ့ရုံမက AFC Presend Cup ပြိုင်ပွဲမှာပါ ချန်ပီယံဆုကို ရရှိထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲ (၄) ခုစလုံးမှာ ခင်မောင်ထွန်းဟာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ပြီး အသင်းကို ဦးဆောင်ကစားနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ခင်မောင်ထွန်းဟာ ရတနာပုံFC အသင်းအခြေစိုက်ရာ မန္တလေးမြို့မှာရှိတဲ့ လူမူရေးအသင်းအဖွဲ့တွေကို ငွေလှူဒါန်းဖို့ ထူးခြားတဲ့အစီအစဉ်တစ်ခုကို ပြုလုပ်ဖို့ပြင်ဆင်နေပါတယ်။ ဒါကတော့ မုံရွာမြို့မှာ […]


pitiJanuary 8, 20111min1528
၂၀၁၀-၂၀၁၁ နိုင်ငံခြားသားခရီးသွားများဝင်ရောက်မှုဟာ အတော်လေးများလာတာကို တွေ့မြင်နေရပါတယ်။ ဒါဟာ ကောင်းတဲ့ကိစ္စတစ်ခုပါ။ နိုင်ငံခြားသားတွေဝင်ရောက်မှုကြောင့် ပြည်တွင်းကသူတွေအတွက် အလုပ်အကိုင်အခွင့်အရေးတွေ အတော်အသင့်အဆင်ပြေခဲ့တာပေါ့။ မန္တလေးမြို့မှာလည်း နိုင်ငံခြားသားခရီးသွားတွေဝင်ရောက်မှုဟာ များပြားလာခဲ့ပါတယ်။ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းက မော်တော်ကားတွေဟာ တစ်လလုံးနီးပါး အလုပ်လုပ်နေရတယ်လို့ဆိုပါတယ်။   ကက/….. အပါအဝင် အငှားယဉ်များ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်ခွင့်ရှိတဲ့ နံပါတ်အပြာကားများ အပြင် လုပ်ငန်းလိုအပ်ချက်အရ နံပါတ်အနက်တွေပါ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှာ အဆင်ပြေနေကြပါတယ်။ ထူးခြားတာကတော့ စက်မှုဇုံထုပ်လို့ နံမည်ခံထားတဲ့ လိုင်စင်မဲ့ကားတွေကို အသွင်ပြောင်းထားတဲ့ကားတွေ တိုးလုပ်ငန်းထဲ အလုံးအရင်းနဲ့ ဝင်ရောက်လာတာပါ။ ကညနမှာ တရားဝင်နံပါတ်ရပြီး ဝင်ရောက်လုပ်ကိုင်နေရင်တော့ မထူးဆန်းဘူးပြောရမှာပေါ့။ အခုတော့ ဘာနံပါတ်မှမကျသေးဘဲ၊ အင်ဂျင်နံပါတ်ထဲရေးထားတဲ့ လိုင်စင်မဲ့ကားတွေ အလုံးအရင်းနဲ့ ဝင်ရောက်ပြေးဆွဲလာနေတာပါ။ ဒီလိုင်စင်မရှိသေးတဲ့ စက်မှုဇုံနံပါတ်တပ်ကားများဟာ မော်ဒယ်မြင့်ကားတွေဖြစ်ပါတယ်။ ဈေးနှုန်းကျတော့ အတော်ချိုပါတယ်။ တရားဝင်ဝယ်ယူထားတဲ့ ကားတွေရဲ့ဈေး တစ်ဝက်ခန့်သာရှိပါတယ်။ […]


pitiDecember 6, 20101min642
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပြည်သူတွေလိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အပြည့်အဝပေးမယ်ဆိုတဲ့ ပါတီစုံရွေးကောက်ပွဲကြီးကတော့ နိုင်ဝင်ဘာလ (၇) ရက်နေ့က ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ရွေးကောက်ပွဲရဲ့ ရလာဒ်ကတော့ ကျွန်တော်တို့လူအများ ကြိုတင်သိရှိထားသလိုပါပဲ။ ကြံ့ဖွံ့လို့ ပြည်သူတွေအများစုခေါ်တဲ့ ခြင်္သေ့တွေကပဲ နိုင်သွားပါတယ်။ ဘာပဲပြောပြောပါ။ ကျွန်တော်တို့ဟာ ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရလာဒ်ကို ပြောင်းလဲလို့မှမရတော့ လက်ခံရမှာပါ။ ရွေးကောက်ပွဲကြီးအပြီးမှာ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ကြလိမ့်မယ်.. ရေးသားနိုင်ကြလိမ့်မယ်..ပြောဆိုနိုင် ကြလိမ့်မယ်… လုပ်ကိုင်ခွင့်ရကြမယ်လို့ပဲမျှော်လင့်ရတော့မှာပေါ့နော်။ နိုဝင်ဘာရွေးကောက်ပွဲအပြီး ရက်အနည်းငယ်အတွင်း (နိုဝင်ဘာ ၁၃) ရက်နေ့က ပြည်သူ့အချစ်တော် တစ်ဦးဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွတ်ငြိမ်းခွင့်ပြုပေးခဲ့တဲ့ မင်္ဂလာသတင်းကို ကြားမြင်သိရှိခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တဲ့သတင်းကို လူထုကအလွန်စိတ်ဝင်စားသလို သတင်းဂျာနယ်တွေမှာ ဓါတ်ပုံတွေနဲ့တကွ ဝေဝေဆာဆာ ဖော်ပြလာခဲ့ကြတာတွေ့ရတော့ သတင်းဂျာနယ်တွေရဲ့ လွတ်လပ်ခွင့်ကို ကျွန်တော်တို့ရရှိပြီလို့ […]


pitiDecember 4, 20101min721
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အပြည့်အဝပေးမယ်ဆိုတဲ့ ပါတီစုံရွေးကောက်ပွဲကြီးကတော့ ကျင်းပပြီးစီးသွားခဲ့တာ တစ်လလောက်ရှိခဲ့ပါပြီ။ ရွေးကောက်ပွဲရဲ့ ရလာဒ်ကတော့ ကျွန်တော်တို့အများ မျှော်လင့်ထားသလိုပါပဲ။ ဘာပဲပြောပြောပါ။ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲရဲ့ ရလာဒ်ကို ပြောင်းလဲလို့မရတော့ လက်ခံရမှာပါ။ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ကြလိမ့်မယ်.. ရေးသားနိုင်ကြလိမ့်မယ်..ပြောဆိုနိုင် ကြလိမ့်မယ်… လုပ်ကိုင်ခွင့်ရကြမယ်လို့မျှော်လင့်ရတာပေါ့နော်။ နိုဝင်ဘာရွေးကောက်ပွဲအပြီး ရက်အနည်းငယ်အတွင်း (နိုဝင်ဘာ ၁၃) ရက်နေ့က ပြည်သူ့အချစ်တော် တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွတ်ငြိမ်းခွင့်ပြုပေးခဲ့တဲ့ မင်္ဂလာသတင်းကို ဂျာနယ်တွေမှာ ဝေဝေဆာဆာ ဓါတ်ပုံတွေနဲ့တကွ ဖော်ပြလာခဲ့ကြတာတွေ့ရတော့ သတင်းဂျာနယ်တွေရဲ့ လွတ်လပ်ခွင့်ကို ကျွန်တော်တို့ရရှိပြီလို့ ထင်ခဲ့ပါတယ်၊ ဒါပေမယ့် ဂျာနယ်အချို့ အရေးယူခံရတာကိုတွေ့ရတော့………. မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေရရှိစေတဲ့ စီးပွားရေးလုပ်ငန်းကောင်းတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ အခြားဆက်နွယ်နေတဲ့ လုပ်ငန်းရှင်တွေဟာ နိုဝင်ဘာရွေးကောက်ပွဲကို အတော်စိတ်ပူပန်ခဲ့ကြရပါတယ်။ မတော်လို့ […]