Nan ShinFebruary 22, 20131min1242
    လှပတဲ့ညတွေထဲကို ဘဝမလှတဲ့ ညဟာ ဈေးရောင်းထွက်ခဲ့… ညကဆိုင်ကယ်ကိုစီးပြီး ဆိုင်ကယ်က သူ ့အလှကိုစီးတယ်..။   ပါသွားတဲ့ နှုတ်ခမ်းနီနဲ ့ မိတ်ကပ်ခပ်ပါးပါးကို ချဖျောက်နိုင်ခဲ့လို ့ အမေအိုနဲ ့ဒုက္ခိတမောင်ငယ်အတွက် မုန်းဟင်းခါးနှစ်ပွဲ အဖမဲ့သားလေးအတွက် နို ့ဗူးတစ်ဗူး.. ခပ်ပျော့ပျော့ရင်ကို ကော့ပြီးဝယ်လာခဲ့တယ်…။   ကြာကြာမကော့နိုင်ရှာပါဘူး အလုပ်ဒါဏ်က ပြင်းလွန်းတော့ ခပ်ညွန် ့ညွန် ့လေးပြန်ငြိမ်ရင်း ညအလှမှာ ဘဝမလှတဲ့ အလှအပကိုချပြဖို ့ ဈေးဘန်းပြင် အိပ်စက်လိုက်လေရဲ ့…။   နန်းရှင်  


လူတို့၏စိတ်ကို ခြောက်ခြားစေတတ်သော အရာများထဲတွင် ‘ည’ ဟူသော ဝေါဟာရမှာ ပါဝင်လေသည်။ ‘ည’ သည် တိတ်ဆိတ်လေလေ၊ ခြောက်ခြားဖွယ် ကောင်းလေလေပင် ဖြစ်၏။ သန်းခေါင်ကျော် ညဉ့်နက် အများသူငါ အိပ်မောကျနေသော အချိန်တွင် မိမိတစ်ယောက်တည်း အိပ်စက်မရ နိုးကြားနေရသော အဖြစ်ကို ကြုံဖူးသူများမှာ တိတ်ဆိတ်သော ည၏ ခြောက်ခြားဖွယ် ကောင်းပုံကို အလွယ်တကူ လက်ခံနိုင်ပေလိမ့်မည်။ ထိုသို့ မိမိ၏အခန်းတွင်း ညအချိန် တစ်ယောက်တည်း နိုးကြားနေရခြင်းထက် ညအချိန် တောလမ်းခရီးတစ်ခုအား အဖော်မပါဘဲ ဖြတ်သန်းသွားနေရသူ၏ အဖြစ်က ပို၍ပင် တုန်လှုပ်ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည် ဖြစ်၏။ ယခုတင်ပြမည့် အဖြစ်အပျက်မှာ လွန်ခဲ့သော ၁၉၈၈ ခုနှစ်ခန့်က ရေနံချောင်းမြို့နယ် အတွင်းရှိ ရွာတစ်ရွာတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ်လေသည်။ ကျွန်တော်တို့ရွာ၏ […]