မြသဲ ( 17082011 )March 6, 20121min14915
တပ်သားကျော်ဇင်ဝင်းနှင့် သတင်းမှန် ဖုံးဖိလှည့်စားမှု ဒီနေ့ Facebook မှာ တပ်မတော်သားကျော်ဇင်ဝင်းဟု အမည်ရသော ရဲဘော်တစ်ယောက်အား ဒေါ်စုကြည်ကို ကြိုဆို၍ အထိုးကြိတ်ခံခဲ့ရတယ် ဆိုတဲ့ သတင်း ဖတ်လိုက်ရပါတယ်။ အောက်မှာလည်း တိတိကျကျသိလိုလျှင် ဖုန်းနံပါတ်ပေးထားပြီး ကိုဖိုးချိုထံသို့ ဖုန်းဆက်မေးမြန်းနိုင်ပါတယ် ဆိုတဲ့ အချက်ပါပါနေလို့ ကျွန်တော်အဲဒီဖုန်းကို ချက်ချင်းပဲ ဆက်ပြီးခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းခေါ်တဲ့အခါ ဆက်သွယ်မှု့ဧရိယာ ပြင်ပသို့ ဆိုပြီးပဲ ပြန်ပြောနေပါတယ်။ မကျေနပ်လို့ နောက်တစ်နာရီခြားပြီးမှ ထပ်ခေါ်လဲ ဆက်သွယ်မှု့ဧရိယာ ပြင်ပသို့ လို့ပဲ ထပ်ဖြစ်နေတာကြောင့် မသင်္ကာတော့ပဲ တိုက်ရိုက် မေးကြည့်ချင်သောကြောင့် အောင်ပန်းGEတပ်က ကျွန်တော့်သူငယ်ချင်းရဲဘော် ဆီဖုန်းဆက်မေးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီတပ်မှာ တပ်သားကျော်ဇင်ဝင်းဆိုတာ မရှိကြောင်းနှင့် ထိုကိစ္စအား တင်ဖြေရှင်းတင်ပြရန် တပ်မှုးမှ စီစဉ်နေကြောင်းလဲ သိရပါသည်။ ယခုဓါတ်ပုံထဲရှိ ရဲဘော်မှာ […]