alinsettMay 29, 20121min61336
( ကျွန်တော် နှင့် တိမ်ယံသစ္စာ ) 2012 / မေလ သည်… အေးမြသော မိုးညများနှင့်အတူ…ထူးခြားကောင်းမွန်သော.စာအုပ်တစ်အုပ်ကိုပါ.. ခေါ်ဆောင်လျက်..ကျွန်တော့်ထံ ရောက်လာခဲ့သည် ။ ဝတ္ထု ပီပီသသ စာအုပ်များကို မက်မောစွာ.တောင့်တ တတ်သော ကျွန်တော့်အတွက်…. မမေ့နိုင်စရာ..စာအုပ်ကောင်းတစ်အုပ်ကို ဖတ်လိုက်ရပါသည် ။ ထိုစာအုပ်၏ အမည်မှာ..တိမ်ယံသစ္စာ ဖြစ်သည် ။ တိမ်ယံသစ္စာ ကို ဘာသာပြန်ပေးထားသူမှာ…ဝင့်ပြုံးမြင့် ဖြစ်၏ ။ ( ဘာသာပြန် စာရေးဆရာမ ဝင့်ပြုံးမြင့် ၏ ဆောင်းည ရှိုက်သံကို..ဂေဇက်တွင် ညွှန်းဆို ဝေဖန် ခဲ့ပြိးပါပြီ။ ) ဆရာမ ဝင့်ပြုံးမြင့် ရွေးချယ် ပြန်ဆိုသော.စာအုပ်များမှာ တစ်မျိုးတစ်မည် ထူးခြားနေတတ်တာ တော့….. အမှန်ပဲ ဖြစ်သည် ။ ယခုလည်း…တိမ်ယံသစ္စာ….တဲ့ ။ […]