အကူအညီပေးနိုင်သူများ ကူညီပေးပါရန် လေးစားစွာဖြင့် အနှုးအညွတ် တောင်းခံပါသည်။ by Lumin Thaungtun on Sunday, March 11, 2012 at 11:51am · သို့ နိုင်ငံတော်အတွင်းရှိ ကူညီမှုပေးနိုင်သော လူကြီးများထံပေးစာ ကျွန်တော်၏အမည်မှာ အောင်ကျော်သူဖြစ် ပြီး ကိုယ်ပိုင်အမှတ်-36303/တပ်ကြပ် အဆင့်ဖြင့်တပ်မတော်ရေတွင်တာဝန်ထမ်းဆောင်နေရင်း လူမှုဒုက္ခရောက်နေပါသဖြင့် အကူအညီပေးနိုင်ပါရန်လေးစားစွာဖြင့်တင်ပြအပ်ပါသည်။ ကျွန်တော်၏ဖြစ်စဉ်မှာ- ကျွန်တော်သည် 2002 ခုနှစ်တွင် 10တန်းအောင်မြင်ပြီး 5နှစ်သက်တမ်းအာမခံစာချုပ်ဖြင့် တာဝန်ထမ်းဆောင်ရန် တပ်မတော်ရေမှလာရောက်ခေါ်ဆောင်သဖြင့်စတင်အမှုထမ်း ဆောင်ခဲ့ပါသည်။တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်ကျရာရေပိုင်နက်ပင်လယ် များတွင် သက်စွန့်ဆန်ဖျားဖြင့်သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နာဂစ်မှုန်တိုင်း တွင်လည်း ကလေးငယ်ဖြင့် အိမ်ပြိုသွားသောဇနီးသည်အား ပြန်လည်မကူညီနိုင်ပဲ တိမ်းမှောက်သွားသော ကျွန်တော်၏ စစ်ရေယာဉ်415အား ပြန်လည်ကောင်းမွန်အောင် တစ်လ နှင့် တစ်ရက်ကြာအောင်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယခု ကျွန်တော်သည် မြိတ်မြို့နယ် […]