နံပါတ်တွေ …။။ နံပါတ်တွေ လူတွေဟာ နံပါတ်တွေနဲကျင်လည်ရင်း..နံပါတ်တွေကြားထဲမှာပျော်မွေနေခဲ့ကြတာ ထောင်စုနှစ်တစ်ခုမကတော့ဘူးလို့ထင်တာပဲ… ဒီလောက်နှစ်တွေအများကြီး ..နံပါတ်တွေကို ယုံစားလာကြတယ်…. နံပါတ်တွေရဲ့လွမ်းမိုးမှုကိုခံစားခဲကြရတယ်..နံပါတ်တွေကပဲ လူ့လောကကိုသိမ်းပိုက်ထားကြတယ် လူတွေဟာနံပါတ်တွေနောက်ကိုကောက်ကောက်ပါအောင်လိုက်ကြတယ်… နံပါတ်တွေကပဲလူ့ဘဝကိုမြင့်မားစေသလို…နံပါတ်တွေကပဲလူ့ဘဝကိုစုတ်ပြတ်သတ်သွားစေတယ် ငယ်စဉ်ကထဲက အရာဝတ္ထု တစ်ခုကို ““ တစ်”” လို့ရေတွက်တတ်ဘို့ စတင်သင်ကြားခဲကြရတယ် အတန်းထဲမှာအဆင့်““တစ်”” ရဘို့ အကြိမ်နားချခြင်းခံခဲ့ကြရတယ်။။။။။။။ နည်းနည်းကြီးပြင်းလာတော့ တစ်ပေမှာ 12” လက်မ ရှိတာတို့ တစ်မိုင်မှာ 5280 ပေ ရှိတာတို့ နံပါတ် “7” မှာကံကောင်းစေတာတို့ 13 ဂဏန်းဟာကံမကောင်းတတ်တာတို့ပေါ့။။။။။ ။။။။။။။။။။။။။။။သင်အနီးနားပါတ်ဝန်းကျင်ကိုကြည့်လိုက်ပါအုံး။။။။။။။။။။။။။။။။ ယာဉ်တွေကားတွေ အားလုံနံပါတ်တွေနဲ့ ပြက္ခဒိန်တွေ ရက်စွဲတွေ သူတိုလည်းနံပါတ်တွေနဲ့ အိမ်တွေ အဆောက်အဦးတွေ သူတို့လည်းနံပါတ်တွေနဲပဲလေ စက်တွေ ကရိယာတွေ သူတို့မှာလဲနံပါတ်တွေနဲ့ ဗေဒင်တွေ နက္ခတ်တာယာတွေ သူတို့မှာလဲနံပါတ်တွေနဲ့ ဥပဒေတွေပုဒ်မတွေ သူတိုလည်းနံပါတ်တွေနဲ့ အကျဉ်းသားတွေ […]