“ပုဆိုး”ပါတဲ့…ဗျာတို့။။။။ မြန်မာလူမျိုးများ၏ ဝတ်စားဆင်ယင်မှုတွင် ရှေးရှေးကာလများက တည်းက  “လုံချည်” ခေါ် “ပုဆိုး” “ထမီ” များဝတ်ဆင်ခဲ့ကြသည်..ယခုကာလ၌ ဝတ်ဆင်ကြသော လုံချည်ပုဆိုးတို့ကို မည်သည့် အချိန်က စတင် ဝတ်ဆင်ခဲ့သည်ကို မှတ်တမ်းမှတ်ရာများရှာဖွေသင့်ကောင်းတယ်လို့ထင်မြင်မိပါတယ်။ “လုံချည်”ဟုခေါ်လျှင် ယခုခေတ် ယောက်ျားဝတ် နှင့် အမျိုးသမီး ဝတ်အားလုံးအား သိမ်းကြုံခေါ်ဆိုခြင်းဖြစ်ပြီ “ပုဆိုး” ဟုခေါ်ဆိုလျှင် ယောက်ျားလေးဝတ်ဟုသိထားကြပြီး “ထမီ” ဟုခေါ်လျှင် မိန်းကလေးဝတ်ဟုသိထားကြပါတယ် ယခင် သက်ဦးဆံပိုင် ရှင်ဘုရင်များလက်ထက်က  ရှင်ဘုရင် မင်းညီမင်းသားများရဲ့ ပုဆိုးဟာ အရှည်အတောင်နှစ်ခန့်ရှိတယ်လို့သိရပြီး  သာမန် လက်လုပ်လက်စားလူတန်းစားတွေရဲ့ ပုဆိုးဟာ မည်မျှအတိုင်းအတာရှိတယ်လို့မသိခဲ့ရပါဘူး ….။။။ ““ရှင်ဘုရင့် ပုဆိုး ပိုးချည်ပဲ”” ဆိုတဲ့ အရင်ကလူကြီးတွေ ပြောစကားအရ တော့ ရှင်ဘုရင်ရဲ့ပုဆိုးဟာ ပိုးသားစစ်စစ်တွေနဲ့သာ  ရက်လုပ်ထားတယ်လို့ မှတ်သားရပါတယ် ““အတောင်နှစ်ဆယ်ဝတ်မင်းယောက်ျား”” လို့ […]