black chawNovember 4, 20111min8111
ကျွန်တော်သည် Marketing Manager ဘဝဖြင့် ကုမ္ပဏီဝန်ထမ်းဘဝကို ဖြတ်သန်းခဲ့ဘူးသည့် အလျောက် ကြော်ငြာဖန်တည်းမှု အတွေ့အကြုံအချို့ ရှိခဲ့ပါသည်။ ကြော်ငြာကိစ္စ ဆိုတော့ ဓါတ်ပုံဆရာများနှင့် လည်း ဆက်ဆံရပါသည်ပေါ့။ ယနေ့ နာမည်ကြီး ဓါတ်ပုံဆရာ လေးယောက်ခန့် နှင့် တွဲ အလုပ်လုပ်ခဲ့ဘူးပါသည်။ ၎င်းတို့ထဲမှ ဘယ်သူက အတော်ဆုံး ဆိုတာ ကျွန်တော် မပြောနိုင်ပါသော်လည်း၊ အဆင်အပြေဆုံး ဓါတ်ပုံဆရာဆိုလျှင်တော့ ကိုပီတာကို ပြရပေမည်။ ကျွန်တော် ကိုပီတာ နှင့် ကြော်ငြာ လေးခုလောက် ရိုက်ခဲ့ဘူးပါသည်။ ဆက်ဆံရေးကောင်းပြီး လိုချင်တာကို ခက်ခက်ခဲခဲ ပြောရန်မလိုပါ။ နေ့လယ်စာ ဘာညာဆိုလည်း သိတ်ချေးမများတတ်ပါ။ အလုပ်လုပ်ရတာ၊ ပြောရဆိုရတာ အဆင်ပြေဆုံးဟု သတ်မှတ်ချင်ပါသည်။ အနှီ ဓါတ်ပုံဆရာကိုပီတာကို ကျွန်ုပ်ဘလက်က ရိုက်ကွင်းမှတ်တမ်းဓါတ်ပုံလေးတွေ ရိုက်ထားဖြစ်ပါသည်။ တစ်ခါသားမှာ […]