ဘလက်က ဓါတ်ပုံဆရာ၊ ကိုပီတာက မော်ဒယ်

black chawNovember 4, 20111min8311

ကျွန်တော်သည် Marketing Manager ဘဝဖြင့် ကုမ္ပဏီဝန်ထမ်းဘဝကို ဖြတ်သန်းခဲ့ဘူးသည့် အလျောက် ကြော်ငြာဖန်တည်းမှု အတွေ့အကြုံအချို့ ရှိခဲ့ပါသည်။ ကြော်ငြာကိစ္စ ဆိုတော့ ဓါတ်ပုံဆရာများနှင့် လည်း ဆက်ဆံရပါသည်ပေါ့။ ယနေ့ နာမည်ကြီး ဓါတ်ပုံဆရာ လေးယောက်ခန့် နှင့် တွဲ အလုပ်လုပ်ခဲ့ဘူးပါသည်။ ၎င်းတို့ထဲမှ ဘယ်သူက အတော်ဆုံး ဆိုတာ ကျွန်တော် မပြောနိုင်ပါသော်လည်း၊ အဆင်အပြေဆုံး ဓါတ်ပုံဆရာဆိုလျှင်တော့ ကိုပီတာကို ပြရပေမည်။ ကျွန်တော် ကိုပီတာ နှင့် ကြော်ငြာ လေးခုလောက် ရိုက်ခဲ့ဘူးပါသည်။ ဆက်ဆံရေးကောင်းပြီး လိုချင်တာကို ခက်ခက်ခဲခဲ ပြောရန်မလိုပါ။ နေ့လယ်စာ ဘာညာဆိုလည်း သိတ်ချေးမများတတ်ပါ။ အလုပ်လုပ်ရတာ၊ ပြောရဆိုရတာ အဆင်ပြေဆုံးဟု သတ်မှတ်ချင်ပါသည်။ အနှီ ဓါတ်ပုံဆရာကိုပီတာကို ကျွန်ုပ်ဘလက်က ရိုက်ကွင်းမှတ်တမ်းဓါတ်ပုံလေးတွေ ရိုက်ထားဖြစ်ပါသည်။ တစ်ခါသားမှာ ကျွန်တော်က

“ကိုပီတာ ဓါတ်ပုံရိုက်မယ် အိုက်တင်” ဟု အော်ပြောခိုက် ဓါတ်ပုံ ဆရာ ကိုပီတာ ပေးသွားသော အိုက်တင်လေးကို ကျွန်တော် အမိအရ ရိုက်ဖြစ်ပါသည်။ ရိုက်ထားသည့်ပုံလေးကို ကိုပီတာက ကျွန်တော့် ကင်မရာကိုယူကြည့်ပြီး မိုက်တယ် ဟု မှတ်ချက်ပေးပါသည်။ သူ့ကို ပုံကြီးချဲ့ပေးရန်လည်း request လုပ်ပါသေးသည်။ ကျွန်တော်ကလည်း ကတိပေးပြီး ဒီနေ့အထိ ပုံကြီးချဲ့ပြီးလက်ဆောင်မပေးဖြစ်ပါ။ အခု ဒီပုံလေးကို အမှတ်တရအနေဖြင့် ဘလက်က ဓါတ်ပုံဆရာ၊ ကိုပီတာ က မော်ဒယ် ခေါင်းစဉ်ဖြင့် တင်ပေးဖြစ်ပါသည်။ ကျေးဇူးပါ။

လွန်ခဲ့သည့် ငါးနှစ်ခန့်က ဖြစ်ပါကြောင်း။ ထိုစဉ်က ကင်မရာအစုတ်လေးနဲ့ ရိုက်ထားတာ ဖြစ်တဲ့အတွက် ရုပ်ထွက်မကောင်းပါက ခွင့်လွှတ်ကြပါ။

ဓါတ်ပုံဆရာ ရဲ့ အိုက်တင်။

 

မုဒ် ဝင်နေတဲ့ ကိုပီတာ။

 

ရိုက်ကွင်းပေါ်မှာပါပဲ။

 

ရိုက်ကွင်းပေါ်မှာပါ။

 

11 comments

  • Diamond Key

    November 4, 2011 at 4:19 pm

    ကိုချောကတော့ စူပါ့ Super cameraman ဗျို့။ မော်ဒယ်မျိုးစုံကို အိုက်တင်ပေးခိုင်းနိုင်တဲ့ စူပါကင်မရာမင်းကြီးကို အိုက်တင်ပေးခိုင်းပြီး ရိုက်နိုင်သူဆိုတောလေ။
    ထိုစဉ်က ကင်မရာအစုတ်လေးနဲ့ ရိုက်ထားတာ ဆိုတော့ အခု အကောင်းကြီးနဲ့ ရိုက်နေပြီပေ့ါ ညာနဲ့နော် ဒါပဲ။

  • inz@ghi

    November 4, 2011 at 4:23 pm

    ကိုဘလက် ခင်ဗျားကျနော်နဲ့လာတူနေတာ ခုမှ သိတယ်ဗျာ…
    လေးစားပါသည် စီနီယာကြီး
    Mkt field ထဲက ဒါ့ပုံဆြာ အနေနဲ့ ဂုဏ်ယူပါ၏

    ကျနော်သိတဲ့ ဒ့ါပုံရိုက်တဲ့ marketer တယောက်ကတော့ S Pore က ကိုရဲလွင်ဦး(MPS)ဖြစ်ပါကြောင်း

  • MaMa

    November 4, 2011 at 4:28 pm

    ဆရာ့ဆရာဆိုတာ ဒါမျိုးကို ပြောတာထင်တယ်။ 😀

  • ပေါက်ဖော်

    November 4, 2011 at 4:42 pm

    အားကျထှာ….(ဂဇာဂီ့လေသံဖြင့်..)
    စက်ကစီလေးတွေကို.. ရိုက်ချင်စမ်းပါဘိ.. ( ဒါ့ပုံ..ဒါ့ပုံ..)

    • inz@ghi

      November 4, 2011 at 8:44 pm

      တိန်. …
      ကော်ပီရိုက်နော်ဟေ့လူကြီး ….

      လေသံဖမ်းပီး …အတုယူချက်ကလည်း မြန်ထှာ …

  • နွယ်ပင်

    November 4, 2011 at 4:55 pm

    အရင်တုန်က ကွာလတီမဂဇင်းတစ်ခုမှာ အလုပ်လုပ်တုန်းကတော့
    ဦးပီတာနဲ့ အလုပ်တူတူတွဲလုပ်ဖူးတယ် ဦးပီတာက အလုပ်လုပ်တာ
    တိကျတယ် သေချာတယ် သူလို့ချင်တဲ့ အိုက်တင် ၊ mood နဲ့
    လိုချင်တဲ့ အနေအထားတစ်ခုကို မရမချင်း အပင်ပန်းခံရိုက်ပေးတက်တယ်လေ
    ဒါပေမယ့် အချိန်နောက်ကျတာ တစ်ခုပဲပြောစရာရှိတယ်
    ဦးပီတာနဲ့ ရိုက်ရမယ့် ရှူတင်ရှိတိုင်း အမြဲ အိမ်ပြန်နောက်ကျတက်တယ်
    တစ်ခါမှတ်မှတ်ရ စည်သူမောင်နဲ့ ခင်မြဥူခိုင်ကို strand hotel မှာ မဂဇင်း Cover ရိုက်တုန်းက
    အိမ်ကို ည (2) နာရီမှပြန်ရောက်တယ် ….

  • nozomi

    November 4, 2011 at 5:04 pm

    ကိုချောကြီး ပို့စ် က ပုံလေးတွေမှာ တစ်ခု လိုနေသလိုဘဲဗျ..

    အား သိပြီ အောက်ဆုံးပုံမှာ ကိုချော မင်းသားအနေနဲ့ မင်းသမီးဘေး ဝင်ရိုက်လိုက်ရမှာ

  • blackchaw

    November 4, 2011 at 5:05 pm

    သူကအထနှေးတတ်ပေမယ့် မုဒ် ဝင်သွားရင် အိုကေသွားတာမျိုးပါ။
    မီးအလင်းအမှောင် ကစားတတ်တယ်ဗျ။ ကျွန်တော်ကတော့ မှောင်သွားရင်
    သိတ်ရိုက်လို့မရတော့ဘူးထင်တာ။ သူ ရိုက်ပြမှ မိုက်တယ်ဗျ။

  • မှောင်လဲမရိုက်တတ်
    လင်းလဲအလုပ်မဖြစ်
    လှုပ်ရင်ပိုဆိုး
    ဒါကြောင့်ကျနော်ကိုပေါက်က ရပ်နေတဲ့မြင်ကွင်းတွေကိုဘဲရိုက်တယ်ဗျာ။

  • windtalker

    November 4, 2011 at 7:02 pm

    အားပါး ၊ ကြည့်စမ်း ၊ ကိုဘလက်ကြီး က မော်ဒယ်လေးတွေ ကို ငှားရမ်းခဲ့ဖူးတာဘဲ ။
    ဘာတဲ့ ဒါ့ပုံ ရိုက်ဖို ့ကို ပြောတာပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 4, 2011 at 7:16 pm

    ကိုပီတာနော်
    ကိုပီတာ
    ရှင်စားလိုက်တာတွေမနဲဘူး ဟူးဟူးဟူး
    မှတ်ချက်။ ။ ခံမပြောရ ပိုးစိုးပက်စက်ဖြစ်လိမ့်မည်
    ပုံ……
    ……..ဓာတ်ရိုက်ဓာတ်ဆင်
    ……………………………ဆြာ..မိုက်ကယ်ဂျော်နီအောင်ပု

Leave a Reply