ခက်တော့ခက်နေပါပြီ

အူးေလးNovember 4, 20111min52

နေရာမှားပြီး တင်ပြရေးသားမိပါသည်၊ ခွင့်လွှတ်ပေးကြပါတော့ခင်ဗျား၊ ကျုပ်တို့ဆီမလဲ ရှုပ်ကိုရှုပ်နေလို့ပါ ၊
..  ..  ..  ..  ..  ..
***  ဝက်ထီးတောင်ကျေးရွာအုပ်စု လှေကြီးချိုင်ကျေးရွာ အုပ်ချုပ်ရေးမှုးသည် သံတွဲခရိုင်ကျေးရွာအုပ်ချုပ်ရေးမှုးကြီး၏
စေခိုင်းချက်တစ်ခုအား မဆောင်ရွက်နိုင်ခဲ့ပါသဖြင့် ဖြုတ်ထုတ်သတ် အရေးယူခံခဲ့ရခြင်း အကြောင်းရင်းမှန်မှာ…
ငါးလုပ်ငန်းဦးစီးဋ္ဌာနနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုး တို့က လှေကြီးချိုင်ကျေးရွာအုပ်ချုုပ်ရေးမှုးအား ကျေးရွာတွင်ရှိ
ငါးဖမ်းစက်လှေ များထံမှ ဆက်ကြေးတောင်းခိုင်းရာတွင် မတောင်းခဲ့ပါသော ကျေးရွာအုပ်ချုပ်ရေးမှုးကို ကြီးစွာဒေါသ
ထားလျှက် ကျေးရွာတွင်းရှိ နယ်မြေခံမဟုတ်သည့် လူနည်းစုအား လုပ်ကြံ တိုင်ကြားချက် ခိုင်းစေပြီး ကျေးရွာအုပ်ချုပ်
ရေးမှုး အား ဖြုတ်ထုတ်သတ် အမှုပြုလုပ်ခဲ့သည့်ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပါသည်။
(၎င်း အမှု၏ ဖြစ်ရပ်မှန်ကို သက်ဆိုင်ရာအာဏာပိုင် အဆင့်ဆင့်သို့ တင်ပြပြီးဖြစ်ကြောင်းသိရပါသည်)
…  …  …  …  …
ကျီးကန်းရဲ ကျေးရွာ အုပ်ချုပ်ရေးမှုးတစ်ဦးကိုလည်း ခရိုင်အုပ်ချုပ်ရေးမှုးမှ ခုတုံးလုပ် အကြံထုတ်လျှက် ဖြုတ်ထုတ်သတ်
ပြုလုပ် အရေးယူခဲ့ခြင်း အကြောင်းရင်းမှန်မှာ…..
ခရိုင်အုပ်ချုပ်ရေးမှုး၏ ဦးလေး နှင့် ကျီးကန်းရဲကျေးရွာ အုပ်ချုပ်ရေးမှုး တို့မှာ ယ္ခင်က ငါးအရောင်းအဝယ် ပြုလုပ်ကြသည့်
ရင်းနှီးသောကုန်သည် များဖြစ်ကြပါသည်၊ အကြောင်းမတိုင်ဆိုင်ပါ၍ မသင့်မြတ်ဖြစ်ကြပြီးနောက်ပိုင်းတွင်  ဦးလေးတော်
စပ်သူက သူ၏စီးပွါးရေးကိစ္စအရပ်ရပ်အတွက် လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှုး ကြောင့် အခက်အခဲရှိနိုင်သည်ဟု တွက်ဆပြီး
ခရိုင်အုပ်ချုပ်ရေးမှုးအား အကြောင်းရှာ၍ ပြဿနာရှာခိုင်းခဲ့ ပါသည်။
အတိုချုံးတင်ပြရပါလျှင် ကျေးရွာအုပ်ချုပ်ရေးမှုးမှာ အရေးယူခံခဲ့ရပါတော့သည်၊ နောက်ထပ်တစ်ကြိမ် ပြန်လည်ရွေးကောက်
တင်မြှေုာက်သောအခါ ဖြုတ်ထုတ် ခံရသော ကျေးရွာအုပ်ချုပ်ရေးမှုး သာလျှင် ရွာသူရွာသား ထောက်ခံမဲ အများဆုံးဖြင့်
အနိုင်ရရှိခဲ့ပြန်ပါသော်လည်း တစ်ခြားတစ်ယောက်ကို ကျေးရွာအုပ်ချုပ်ရေးတာဝန် ပေးလိုက်ခြင်းဖြင့် ထပ်မံ အာဏာပြ
ဖြုတ်ထုတ်သတ် လုပ်ခဲ့ပါသည်။
(၎င်း အမှုဖြစ်ရပ်မှန်ကို သက်သေစုံလင်စွာဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တင်ပြ အသနားခံခဲ့ပါသော်လည်း
ယ္ခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါ)
… … … … … … …
၎င်း ကျေးရွာအုပ်ချုပ်ရေးမှုး နှစ်ဦး၏ အသနားခံဖြေရှင်းချက်များကို ကျေးရွာသူရွာသားများ၏ သက်သေခံလက်မှတ်
များနှင့် အတူ တင်ပြ ခဲ့ပါသော်လည်း ခရိုင်အုပ်ချုပ်ရေးမှုးက အကြောင်းပြငြင်းဆိုခဲ့ပါသောကြောင့် တရားမမျှတမှု
ဖြစ်ပေါ်ခြင်းကို အများပြည်သူများ သိပါစေရန် သတင်းအဖြစ်ရေးသားတင်ပြခြင်းသာဖြစ်ပါသည်ခင်ဗျား ၊
….   ….   ….   ….    ….
နောက်ထပ် တစ်ချက်တင်ပြချင်ပါသည်၊

တန်ဆောင်မုန်းလဆန်း ၁၄/၁၅ ရက်တွင် ကျင်းပပြုလုပ်မည့် ဋ္ဌာနဆိုင်ရာ ( အမှုထမ်းပေါင်းစုံ)  ဘုံကထိန်ပွဲ
တွင် .. ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးဦးစီးဋ္ဌာန မှ ကြီးမှုးကျင်းပပြုလုပ်သည့် ဋ္ဌာနပေါင်းစုံ ဘုံကထိန်ပွဲ ဟု
စာတန်းထိုး သတင်းရေးသားရမည်ဖြစ်သော်လည်း .. သံတွဲခရိုင်အုပ်ချုပ်ရေးဦးစီးဋ္ဌာန ရုံးမှကျင်းပသော
ဘုံကထိန်ပွဲတော် ဟု ရေးသားသတင်းရေးနေပါသဖြင့် ဋ္ဌာနဆိုင်ရာဝန်ထမ်းအားလုံး စိတ်ဓါတ်ပျက်ပြား
လျှက်ရှိနေကြပါကြောင်း နှင့် အလှုငွေထည့်ဝင်ကြရပြီး သူ့ရုံးတစ်ခု၏ နာမည်ကောင်းယူနေခြင်းအပေါ်
စဉ်းစားရခက်နေကြပါကြောင်း ကြားသိနေရပါသည်။
အချုပ်ဆိုရသော် သံတွဲတစ်မြို့လုံး၏ အုပ်ချုပ်ရေးတာဝန်ယူထားပါသော ခရိုင်အုပ်ချုပ်ရေးမှုးသည်
အားနည်းချက်များစွာရှိနေခြင်း ၊ လာဘ်စားမှုပေါင်းများစွာ ရှိနေခြင်းနှင့်အတူ ခရိုင်မြို့ကြီး ဖွံ့ဖြိုး
တိုးတက်လာစေရန် မည်သည့် ကောင်းကျိုးလုပ်ငန်းတစ်ခုတစ်လေ