ဓါတ်ပုံပညာ မှတ်စုများ (၂)

Diamond KeyNovember 4, 20112min20820

ဒီရက်ပိုင်း စိန်သော့ ရဲ့ အလုပ်မှာ ဟိုဟိုဒီဒီ ကိစ္စလေးတွေ ရှိနေရတာနဲ့ မှတ်စု (၂) ဆီ မဆက်နိုင်ဘူး ဖြစ်နေပါတယ်။ မှတ်စု (၂) မှာ ဆက်ပြောမှာက Lighting အလင်းပေးမှု ကဏ္ဍပါ။ အခုပထမပိုင်းမှာ ပြောနေတာတွေက ရွာထဲမှာ မျိုးစုံသော ကင်မရာ (ဖုံးကင်မရာ အပါအဝင် ဘာဘာညာညာ ကင်မရာများ) ကိုင်နေသူတွေ အတွက် ကင်မရာရဲ့ စက်ပိုင်းဆိုင်ရာ (အထူးအထွေ) အကူအညီ မပါတဲ့ ဓါတ်ပုံရိုက်တဲ့ အကြောင်းအရာလေးတွေကိုပါ။

Outdoor ဓါတ်ပုံလို့ခေါ်တဲ့ စိန်သော့တို့တွေ အမြဲရိုက်နေတဲ့ (စိန်သော့က ဆြာမှော်တို့၊ ဆြာဇာ တို့လို Model ရိုက်တာ မရဘူးနော်… ကြိုပြောထားတာ (ရိုက်တတ်တယ်ထင်နေမှာ စိုးလို့၊ ပေါ်လွင်ထင်ရှားအောင် လက်ပိုက် ရိုက်ရတာတို့ ဘာတို့ဆိုတာက ဆြာမှော်တို့ပြောပြမှ ဩော ဒီလိုလား ဆိုပြီး သိရတာ) အဆောက်အဦးတွေရဲ့ ပြင်ပမှာ ရိုက်တဲ့ ပုံတွေ၊ ရှုခင်းပုံတွေ မှာက ထူးခြားကောင်းမွန်တဲ့ ပုံလေးတွေကောင်းစေဖို့ရာမှာ ရိုက်သူအတွက် အဓိကရင်ဆိုင်ရတာက သဘာဝ အလင်းကို အကောင်းဆုံး အသုံးချ နိုင်ဖို့ပါ။

အလင်းဆိုရာမှာ သဘာဝအလင်း နဲ့ လူလုပ်ဖန်တီးထားတဲ့ အလင်းဆိုပြီး နှစ်မျိုးရှိရာမှာ စိန်သော့ အခုဆက်ပြောသွားမှာတွေက သဘာဝအလင်းကိုပဲ ဦးတည်ပြောမှာ ဖြစ်ပါတယ်။ နေကလာတဲ့ အလင်းရောင်နဲ့ ကိုယ်ရိုက်လိုတဲ့ ပုံလေးတွေ အတွက် ကိုယ်ရိုက်မဲ့ အကြောင်းအရာ subject ကို မတူတဲ့ နေရာကနေ အလင်းပေးပုံ ကွဲပြားတဲ့ အနေအထားရအောင် ရိုက်ယူရပါတယ်။

အရာဝထ္ထုတစ်ခု ၊ subject တစ်ခုကို အလင်းရောင် ကျရောက် (အလင်းပေး) ရာမှာ အလင်းလာရာ လမ်းကြောင်း အမျိုးမျိူး ရှိပါတယ်။ အရှေ့တည့်တည့် (ရိုက်သူရဲ့ အနောက်တည့်တည့်ကနေလာတဲ့ အလင်း)၊ အနောက်တည့်တည့်၊ ဘေးတည့်တည့်၊ အပေါ်တည့်တည့်က လာတာမျိုး၊ အရှေ့ အနောက် ဘေးစောင်းစောင်း (၄၅ံ အစောင်းအမြင့်) ကလာတာမျိုး စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။

ရိုက်ကူးတဲ့ အချိန်နဲ့ ရာသီဥတု အခြေအနေ (မနက်စောစော၊ ညနေ၊ တိမ်ရှိတာ၊ မိုးရွာ၊ နှင်းကျ) ပေါ်မူတည်ပြီးလည်း အလင်း အနည်းအများ မတူတဲ့ အနေအထား အမျိုးမျိုး ရှိနိုင်ပါတယ်။ နေ့အလင်း၊ နေအလင်းတွေက အမြဲ တစ်သမတ်တည်းရှိနေတာ မဟုတ်ဘူးလေ။ အချိန်နဲ့ အမျှကို ပြောင်းနေတာပါ။ ဒါ့အပြင် နေအလင်းက လာတဲ့ အရောင်ကလည်း အရောင်ပြောင်း တတ်ပါသေးတယ်။ နံနက်ခင်းနေထွက်စနဲ့ နေဝင်ချိန်တွေမှာ အဝါ၊ လိမ္မော်ရောင်သန်းတာ၊ နေထွက်ပြီးတာနဲ့ တစ်ဖြေးဖြေး အပြာရောင် ဖြစ်လာပါတယ်။

ဒီလို အလင်းလာရာလမ်းကြောင်းတွေ မတူတဲ့ အပေါ်မှာ မူတည်ပြီး ဓါတ်ပုံထဲမှာ မတူတဲ့ ရလဒ်တွေကို ဖြစ်စေပါတယ်။ ဥပမာပြောရရင် မိမိရိုက်မဲ့ အရာဝထ္ထုဆီ ကျရောက်နေတဲ့ တည့်တည့်အလင်းဟာ ဓါတ်ပုံရိုက်ကူးရာမှာ ဓါတ်ပုံမှာ အလင်းမှန်ကန်ဖို့ အတွက် လွယ်ကူပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဓါတ်ပုံထဲမှာရှိနေတဲ့ အရာအားလုံးဆီကို ကျနေတဲ့ အလင်းရောင်က ညီနေလို့ပါ။ ဒါပေမယ့် ဒီလိုဓါတ်ပုံမျိုးတွေမှာက အရောင်၊ အရာဝထ္ထုတွေရဲ့ အနုစိတ်လက္ခဏာ တွေကိုတော့လျှော့စေပါတယ်။ တည့်တည့်ကျရောက်တဲ့ အလင်းဟာ အရာဝထ္ထုကို ပြားစေပါတယ်။ လုံးတာ၊ ခုံးတာတွေ၊ အနုစိတ်လက္ခဏာတွေ ပေါ်ဖို့ဆိုရင် ဘေးစောင်းစောင်းက လာတဲ့ အလင်းမျိုးက အကောင်းဆုံးပါ။

ရိုက်ကူးမယ့် အရာအတွက် အနောက်တည့်တည့်မှ အလင်းမှာမူ ရိုက်သူအတွက် ကင်မရာဆီ တည့်တည့်ကျရောက်တဲ့ အလင်းဖြစ်ပါတယ်။ ဓါတ်ပုံအတွက် ရိုက်ရတာ အလွန်ခက်ပေမယ့် ထူးခြား ဆန်းပြား လှပစေတဲ့ အလင်းမျိုးဖြစ်ပါတယ်။ ဒီလိုပုံတွေရိုက်တဲ့ အခါ အထူးသတိထားရမှာက နေအလင်းတန်းဟာ ကင်မရာမှန်ဘီလူးဆီ တိုက်ရိုက်မကျရောက်စေဖို့ပဲ ဖြစ်ပါတယ်။ (အထူးပြုရိုက်ချက်မျိုးတွေမှာ lens light flare ပေါ်စေဖို့ ရိုက်တာမျိုးတွေ ကတော့ ချွင်းချက်ပေါ့)။

ဒါကြောင့် ဘယ်ကင်မရာနဲ့ ဖြစ်ဖြစ် ဓါတ်ပုံလေးတွေ ရိုက်တော့မယ်ဆိုရင် ကိုယ်ပြချင်တဲ့ ပုံထဲက အကြောင်းအရာလေးတွေပေါ်လွင်ထင်ရှားစေဖို့အတွက် အလင်းကျရာ အနေအထားလေးတွေ လိုချင်သလိုရစေဖို့ နေရာယူကာ ရိုက်မယ်ဆိုရင်တော့ သာမန်နဲ့ မတူတဲ့ ပုံလေးတွေ ဖြစ်လာမှာပါ။

(ဓါတ်ပုံပညာ မှတ်စုများ (၃) ဆီ…..ဆက်ပါအုံးမယ်။ ရွာထဲမှာ ရေးဖြစ်အောင် အားပေးနေသူတွေကို အထူးကျေးဇူးတင်ပါတယ်။ စိန်သော့ရဲ့ ဓါတ်ပုံမှတ်စုတွေဆီကနေ ရွာသူရွာသားတွေ အတွက် တစ်စုံတစ်ရာ ဗဟုသုတလေး ပါတယ်ဆိုရင်ပဲ ရွာထဲက အမတ်မင်းတို့၊ ဆူးတို့၊ စုံစုံတို့လို ကျီးပေါင်းတက်၊ မျက်မှန်တပ်၊ ဇက်ကြောတက်၊ မျက်စိညောင်းရတာကိုပဲ ကျေနပ်လျှက် ရှိနေပါကြောင်း)
လေးစားခင်မင်လျှက် –
စိန်သော့

20 comments

  • blackchaw

    November 4, 2011 at 4:15 pm

    ကိုစိန်သော့ရေ။
    ဓါတ်ပုံရူး ဘလက်
    ဝင်ရောက် ဖတ်ရှု လေ့လာသင်ကြား သွားပါသည်။

  • inz@ghi

    November 4, 2011 at 4:20 pm

    အားပေးတယ် ဆြာဒိုင်းမွန်းရေ့ …ကျေးဇု
    ကျနော့်လည်းအဲ့သည့် ဖလဲယား ကိစ္စ အတော် ဒုက္ခပေးသဗျ…
    ကျနော်က ဝိုဒ်တွေ အရိုက်များတော့ ဖလဲယား ဝင်ဖို့က အတော် များတယ်ဗျ…

    ဆြာ့ ဂီယာလေး ပြောပြပေးပါလာဗျာ …
    ကျနော်က 550Dပါဗျ..

    သည်ရက်ပိုင်းတော့ ကျနော်လည်း ပေါက်ကရပဲ အရေးများနေတယ်ဆြာရေ့ …

    • Diamond Key

      November 4, 2011 at 4:29 pm

      အမြင့်လှမ်းချင်ပါသော်လည်း ဘဝရဲ့ ငွေကြေးအခြေအနေမပေးတာကြောင့် D3100 လေးနဲ့ ညားနေရကြောင်းပါ။ ပါလာတဲ့ ပြောင်းက ၁၈ – ၅၅၊ အပိုရှည်ထားတာက ၅ဝ – ၃၀ဝ ဖြစ်ကြောင်းပါ ကိုဇာရေ။

      • inz@ghi

        November 4, 2011 at 8:59 pm

        ဆြာသော့ ….
        ကျနော်လည်း မထူးပါဘူး …
        kit lens ၂လုံးပဲ အဓိက သုံးနိုင်တာပါ
        18-55mm,
        55-250 mm ပါ ….
        ကျနော် လူရိုက်ဖို့ nifty fifty 50mm 1.8f ဝယ်ထားတယ်ဗျ ..အစိမ်း၁၀ဝအောက်ပဲ ပေးရတာပါ …
        အကြီးဆုံးရင်းနှီးမြှပ်နှံတာကတော့ 10-17mm fisheye tokina ပါပဲ …500လောက်ပဲ ပေးရတာပါ
        ရွှေပါတ်တွေ အနီပါတ်တွေ ကိုင်နိုင်ဝူးဆြာ့ ….

        အဲ့ဒါ ကွန်ဗားရှင်း ရင်းင်းတွေ ရီဗာ့စ်ရင်းင်းတွေ နဲ့ပဲ အစုံလျောက်ရိုက်ရတာ …

        သဂျီး တနားပီး တားတို့၂ယောက်ကို လန်းစ် ဝယ်ပေးမား တိဝူးနော်…

        • Diamond Key

          November 8, 2011 at 9:04 am

          ကိုဇာ ပြောတာ ” ထောက်…………….ခံ………………..တယ်” သဂျီး။
          တားတို့၂ယောက်ကို လန်းစ် ဝယ်ပေးရင် ရွာအလှ တွေ များကြီး များကြီး ရမှာနော်……… းD
          😀
          😀

  • pan pan

    November 4, 2011 at 4:24 pm

    တချို့ပုံတွေက ကြည်နူးစရာ
    တချို့ပုံတွေက လွမ်းစရာ
    တချို့ပုံတွေက ချစ်စရာ
    တချို့ပုံတွေက ငိုချင်စရာ
    …………

  • koyinmaung

    November 4, 2011 at 4:26 pm

    ရန်ဖန်ရန်ခါရိုက်တတ်တဲ့ကျနော်တို့အတွက်
    မှတ်သားစရာပါဘဲ
    ကျေးဇူးပါကိုစိန်သော့ရေ……

  • amatmin

    November 4, 2011 at 4:51 pm

    ဆရာ ဦးစိန်သော့ရေ..

    ှဓါတ်ပုံပညာ မှတ်စုတွေ အတွက်ကျေးဇူးပါဗျာ..စောင့်ဖတ်နေပါတယ်..
    ဦးစိန်သော့ကြီး ဆီက ပညာယူပြီးမှ ပဲ ဟိုဆရာတွေ ပို့စ်ကို.
    နဲနဲ နားလည်လောက်မယ်ထင်တယ်..
    (အခုတော့ ကိုယ်ကမမှီလို့.. အဓိက တော့ မသိလို့)

  • nozomi

    November 4, 2011 at 4:55 pm

    အမှတ် (၂) မလာလို့ မျှော်နေတာ
    ပုံတွေအကုန်ကြိုက်တယ် ( ဆရာရိုက်တာပဲ ကြိုက်ရမှာပေါ့ )
    ရေတံခွန်ပုံလေးကတော့ ကိုစိန်သော့ကြီးပြောတဲ့ အလင်းအမှောင်ဆိုတာကို ပိုထင်ရှားစေသလားလို့
    နောက်ပို့စ် တွေကို မျှော်နေမယ်နော

  • kocho

    November 4, 2011 at 6:33 pm

    ဆွဲဆရာရေ့ဆွဲ(အဲ) ဆက်ဆရာရေ့ဆက် 😀

  • တိုက်တိုက်ဆိုင်ဆိုင်မနေ့က မှအင်းဝက ကိုစိန်သော့ရိုက်ပြထားတဲ့ ကျောင်းတော်ကြီးကို ဓါတ်ပုံရိုက်လာတာ
    တင်ပေးအုံးမယ်။

    • Diamond Key

      November 8, 2011 at 9:05 am

      ပြပါဗျို့ ။ မျှော်နေပါမယ်။

  • windtalker

    November 4, 2011 at 8:06 pm

    ကိုစိန်သော့ ဆီကနေ ပညာယူပြီး ဒါ့ပုံဆရာ လုပ်စားမယ် ဗျို ့။
    ဆရာစား မချန် အကုန်သင်ပေးပါနော်

  • ချစ်ရင်ထူး

    November 4, 2011 at 11:27 pm

    ကျွန်တော်လည်း ဓါတ်ပုံပညာကို လေ့လာမလို့ပါ။ အပျော်တမ်း ရိုက်ချင်လို့ပါ။ သင်ယူမှတ်သား သွားပါတယ်။ ကျေးဇူးပါ။ နောက်ကို မသိတာရှိရင်လည်း မေးခွင့် ပြုပါနော်။

    • Diamond Key

      November 8, 2011 at 9:07 am

      ကြိုဆိုနေပါတယ်။ သိသမျှ…………..ထာဝရပါ…………ဝေမျှဖို့ကို။

  • Shwe Ei

    November 8, 2011 at 3:01 pm

    ရွာထဲက ဓါတ်ပုံဆရာတွေနဲ့ အလှဓါတ်ပုံကောင်းကောင်း ရိုက်ခွင့်ရမယ်ဆိုရင် မော်ဒယ်လုပ်ပေးချင်သား။ မလှတဲ့ရုပ်ကိုတော့ ဖိုတိုရှော့ သုံးပီးဖြတ်ညှပ်ကပ်ပေတော့။ 😉

    • inz@ghi

      November 8, 2011 at 8:24 pm

      ဆြာပေါက်ရဲ့
      ရဲရဲကြီး ယုံလိုက်စမ်းဘာဗျ….

      ဆြာလည်း ကန်နွန်ဝယ်ကိုင်ဗျာ …
      ရွာမှာ တားတယောက်တည်း ကန်နွန် ရှုတာ ဖြစ်ရတာ အားငယ်နေတာ…
      ကစိန်သော့ရော …. မှော်ဆြာ ရော က နီကွန်တွေဗျ….
      😀

  • ကျနော်ကတစ်ခါတစ်လေ ကင်နွန်
    တစ်ခါတစ်လေ ဆမ်ဆောင်း
    ကင်မရာသေးသေးလေးနဲ့လက်ဆော့ရတာပါဗျာ။

  • M-Lulin

    November 28, 2011 at 10:06 pm

    လေ့လာ သင်ယူ သွားပါတယ်။ လယ်သမား မြင် ရင်နဲနဲတော့ လန့် တယ်။ လယ်သမားကို ပြောင်းနဲ့ ချိန်တာ.သူ့ ခွေးလိုက်လို့ .. သွေးလန့် ခဲ့ရဖူးတယ်။ ….

Leave a Reply