loneNovember 22, 20111min33629
ဟိုးရှေးရှေးတုန်းက ပငေါတိုင်းပြည်မှာ ဒညီး လို့အမည်ရှိတဲ့…မင်းသမီးလေးတစ်ပါး ရှိသတဲ့ကွယ်။ အဲဒီ့ မင်းသမီးလေးဟာ အရမ်းကို ချောမောလှပပြီး ကြည့်မြင် ရသူတိုင်း ရင်သပ်ရှုမောဖွယ် အလွန်ကောင်းသူလေးဖြစ်လေသည်။ မင်းသမီးလေးဟာ ဘယ်လောက်ချောမောလည်း ဆိုရင် ကောင်းကင် က နှူးဘာနတ်သားကပင် သူရဲ့ ဘယ်ညာ နတ်သမီး အားလုံးကို မေ့ရလောက်အောင်ပင် ချောမောသူ ဖြစ်ပါသတဲ့။ တစ်ခုရှိတာက ဒညီးမင်းသမီးလေးဟာ တစ်ခြားသူများနဲ့မတူ ငယ်ငယ်ကတည်းက သားငါး မစားသူလေးဖြစ်သတဲ့ကွယ်။ အသီးအရွက်ကိုပဲ နေ့တိုင်းစားသောက်လေသတဲ့ ။ ပငေါဘုရင်ကြီး ရဲ့ တစ်ဥ တည်းသော ရတနာလေးပေါ့ကွယ်။ ဘုရင်ကြီးဟာ တစ်နေ့တစ်နေ့ အသီးအရွက်တွေ မထပ်အောင် ကျွေးမွေးလေသတဲ့။တစ်နေ့သ၌ တိုင်းပြည်က ရှိသမျှအသီးအရွက်တွေ မှာ မင်းသမီးလေးမစားဖူးတာမရှိသဖြင့် အရင်ကကျွေးဖူးတဲ့ အသီးအရွက်တွေကို ပြန်လည် ကျွေးမွေးသတဲ့။ ဒါပေမယ့် မင်းသမီးလေးက […]