Shwe Myine TharSeptember 2, 20111min22011
ဒီနေ့ညနေအလုပ်ကအပြန် အိမ်ရောက်တော့ တောကတက်လာတဲ့အမျိုးတွေရောက်နေတယ်…. ကျွန်တော်လဲခဏနားရေချိုး ပြီးတော့ဧည့်သည်တွေနဲ့အတူထမင်းစားပြီး အိမ်ရှေ့ထွက်စကားပြောရင်း TV ကြည့်ရင်းမရောက်ဖြစ်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေကအကြောင်းလေးတွေပြောနေကြစဉ် ကျွန်တော်ကိုဘကြီးကဟာငါ့တူမင်း TV ကြီးလဲလိုက်ပါလား….ဆိုတော့ကျွန်တော်ကြောင်သွားတယ် … ဒါနဲ့ဘာဖြစ်လို့လဲလို့မေးတော့ ဟိုမှာလေမင်း TV မှာအကွက်ထနေပြီမီးလုံးလဲလိုက်တော့ ဆိုတော့ကျွန်တော် TV ဘက်ကြည့်တော့ MRTV-4 ကလာနေတဲ့အဆိုတော်——–သီဆိုဖျော်ဖြေနေစဉ်ဆင်ဆာဖြတ်ထားတဲ့ အကွက်လေးကပေါ်လိုက်ပျောက်လိုက်နဲ့ဆိုတော့ သူက TV မကောင်းဘူးလို့ထင်သွားတာပါ……. အဲဒါနဲ့ကျွန်တော်ကလည်း ဘကြီးရေအဲဒါ TV မကောင်းတာမဟုတ်ဘူး မြန်မာယဉ်ကျေးမှုနဲ့မညီတဲ့ဝတ်ပုံစားပုံနဲ့ဖြစ်နေလို့ ကောင်မလေးတွေအတုယူမှာဆိုးလို့ အမြင်မတော်တာတွေမမြင်အောင်လို့ကာထားတာပါဟု အစရှိသ၍ ဘကြီးနားလည်အောင်အလွယ်တစ်ကူရှင်းပြလိုက်တယ်….. အဲဘကြီးကဘာပြောတယ်မှတ်လဲ ဟာမင်းကလည်းအဲဒီလိုဖြတ်လို့မသိတာမှမဟုတ်တာ သိနေတာပဲ အစကတည်းကအဲဒီလိုဝတ်ပြီးမရိုက်နဲ့ပေါ့… အခုဟာကဟိုကွက်ဒီကွက်နဲ့ကြည့်ရတာအဆင်မပြေပါဘူး အဲဒါကြီးမကြည့်ပဲတစ်ခြားဟာပြောင်းကွာဆိုတော့ ကျွန်တော်လဲ တစ်ခြားနိုင်ငံခြားရုပ်ရှင်လိုင်းပြောင်းပေးလိုက်တယ် အဲဒီမှာလဲ TV ကအကွက်နဲ့ပြန်ပဲ ဒါပေမဲ့ဘကြီးကဘာပြောလဲဆိုတော့ သူများနိုင်ငံက ရုပ်ရှင်ကားကျတော့သွားတားလို့မှမရတာ အဲဒါတော့ထားလိုက်ပါတဲ့ မသင့်တော်တာတွေပါရင်တော့မပြတာကောင်းတာပေါ့ ကလေးတွေအတုယူကုန်မှာ တော်ပါပြီကွာငါသတင်းပဲကြည့်တော့မယ်ဟုဆိုကာသတင်းလိုင်းပြောင်းပေးကာမှ အဆင်ပြေတော့တယ်…. တောသူတောသားများဟာ […]