kaiDecember 28, 20091min1664
ချီကာဂိုရောက်မှ နေရောင်က ပိုတောက်ပ။ မစ်ရှီဂန်မဲဇာမှာတော့ ကျနော်က ခေတ်သစ်လက်ဝဲသုန္ဓရပေါ့ မမခင်ဦးစံပယ်ရယ်။ ရေကန်ကြီးတွေဝိုင်းနေတဲ့ မစ်ရှီဂန်ဆိုတဲ့အရပ် အလွမ်းဇာတ်တခုနဲ့ ကျနော်နေတာပေါ့။ စာရေးဆရာကြီးဟဲမင်းဝေး မြောက်ပိုင်းမစ်ရှီဂန်မှာ သူ့လူငယ်ဘဝ တွားသွားခဲ့။ ကျနော်က အလယ်ပိုင်းမစ်ရှီဂန် နှင်းထန်တဲ့ ညည ဟဲမင်းဝေးဝတ္ထုတွေ ပြန်ပြန်သတိရ။