kaiAugust 20, 20102min952
ကွဲပြားခြင်းကြောင့် ခွဲခြားခြင်း လူသည် အသားအရောင်ကွဲနိုင်သည်။ အရပ်အမောင်းကွဲနိုင်သည်။ ဣတ္ထိလိင်၊ ပုလ္လိင်၊ နပုန်းပဏ္ဍုက်ဖြစ်နိုင်သည်။ ရုပ်ခန္ဓာတွင် တဦးနှင့်တဦး မတူညီကွဲပြားခြင်းအားလုံးကို ရှုမြင်ကာ ခွဲခြားနိုင်သည်။ ကိုးကွယ်ယုံကြည်ရာဘာသာ ကွဲနိုင်သည်။ မွေးရာဒေသကွဲနိုင်သည်။ ဇာတိမျိုးနွယ်ကွဲနိုင်သည်။ အမူအကျင့်ကွဲနိုင်သည်။ ကျွမ်းကျင်မှုကွဲနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ခြားနားချက်ဖြင့်လည်း ခွဲခြားနိုင်ပါလေသည်။ တဦးတယောက်စီ၏ ဩဠာရိက(ရုပ်ကြမ်း)၊ သုခုမ(ရုပ်နု)တို့ မည်သောအခါမှ ထပ်တူကျအောင်ပြုစုပြင်ယူနိုင်ခြင်း မဖြစ်နို်င်လေရာ မဖြစ်နိုင်သည်များကို ခွဲခြား အုပ်စုသွင်းကြခြင်းသည် လူ့ဓလေ့၊ လူ့သဘာဝမျှသာဖြစ်သော်ငြား Ingroup, Outgroup မိမိနှင့်တအုပ်စုတည်း(သို့မဟုတ်)အုပ်စုအပြင်မှလူ စသဖြင့် ခွဲခြင်းဖြစ်သာ မတင်းတိမ်မူပဲ တဖက်နှင့်တဖက် အပြန်အလှန်အင်အားပြိုင်မှုများဖြစ်လာအောင် အားထုတ်ပြုလုပ်လာလျှင်ကား အဆိုပါသူ(အုပ်စု)၏ ရည်ရွယ်ချက်နှင့် စေတနာသည် အရေးပါအရာရောက်လာတော့မည်ဖြစ်ပါသည်။ လူတူ၊ ရောင်ကွဲများ မတူညီသောကာလ၊ဒေသ၊ပယောဂတို့ကြောင့် လူသားမျိုးနွယ်တို့သည် အသားအရောင်၊ ကိုးကွယ်ရာဘာသာ၊ လူနေမှုပုံစံ၊ ဓလေ့ထုံးတမ်းများလည်း ကွဲပြားခြားနားကြပါသည်။ အာဖရိကတိုက်ဇာတိနွယ်များက […]