ရိုးသားခြင်း၏ …အလွဲများ။။။ မိတ်ဆွေ ဒီတစ်ခါလဲ မေးခွန်းလေးတစ်ခုနှစ်ခုလောက်မေးပါမယ့် ရိုးသားခြင်းဟာကောင်းပါသလား..? ဘဝတစ်လျှောက်လုံးတစ်သက်လုံး ရိုးသားစွာနေတာကောင်းပါသလား..? “““( ရိုးသားမှုဂုဏ် စားမကုန်)””” ****************************************************** ရိုးသားခြင်းရှိသူအား  လူနှင့်လူပတ်ဝန်းကျင်တွင် လူတော်လူကောင်းအဖြစ်သတ်မှတ်နိုင်ပါသလား ရိုးသားတိုင်း ထူချွန်ထက်မြက်သော လူသားတစ်ဦးအဖြစ်ရပ်တည်နိုင်ပါသလား ရိုးသားမှုရှိသူသည် လူမှုရေး စီးပွားရေ ဘက်တွင် ထူးချွန်အောင်မြင်သောသူတစ်ယောက် ဖြစ်နိုင်ပါသလား ရိုးသားတိုင်းအောင်မြင်တဲ့သူဖြစ်မဖြစ် ဆိုတာထက် ကျွန်တော်သိတဲ့ အလွန်ရိုးသားသူတစ်ယောက်ရဲရိုးသားမှုကို သင်ခန်းစာယူနိုင်စေချင်ငှာ တင်ပြရေးသားအပ်ပါတယ် အသက်က ၁၃ နှစ်သားအရွယ် ဧရာဝတီတိုင်း ရွှေလောင်းမြိုကလေးရဲ့ တဖက်ကမ်း ဘွတ်တန်း ဆိုတဲ့ ရွာကြီးကနေ ရန်ကုန်ကို ဦးလေးတစ်ယောက်အားကိုးနဲ့ တက်လာခဲ့တဲ့ချာတိတ်ကလေး အတန်းစာမတတ် အသိပညာဗဟုသုတ က ဘာမှမရှိ ရွားဘေးက ဧရာဝတီ မြစ်ကြီးထဲမှာနေ့စဉ် အစုန်အဆန်ခုတ်မောင်းနေတဲ့ နှစ်ထပ်သင်္ဘောကြီးတွေကိုတောင် မစီးဘူးပဲ သေသွားတဲ့လူတွေ  ရွာတစ်ဖက်ကမ်းက ရွှေလောင်းမြို့ကလေးကိုတောင် […]