မျက်စိမှိတ်စွန့်လွှတ်လိုက်တယ်… အသစ်စက်စက် ပစ္စုပ္ပန်ကိုပေါ့… တဒင်္ဂ အသက်ရှုဝ ခဲ့တာကိုမှ.. ငါက ဘဝ လို့ ထင်မှတ်ခဲ့တာ… ကြက်ခြေခတ်တွေကို အတိတ်မှာ ငါ အသုံးလွန်ခဲ့တယ်…. မလတ်ဆတ်နိုင်တဲ့ အနာဂတ်မှာ ငါ့မာယာတွေ ဟန်ပျက်ပြိုလဲပေါ့… အရာရာ အသစ်ကပြန်စဖို့မျှော်လင့်တတ်တာ… ငါ့မွေးရာပါ အကျင့်တစ်ခု….၊ ကြက်ခြေခတ် အကြီးကြီးတစ်ခုကို.. ခြေမြန်လက်မြန် ရေးဆွဲပြီးမှ နောင်တက ရင်ဘတ်ကို မညှာမတာ ဝင်ဆောင့်တယ်…. ရှိစေတော့…၊ ရှေ့ကိုသွားရမှာလား.. နောက်ပြန်လှည့်ရမှာလား.. ရပ်နေတာနဲ့ကို…ငါ့အချိန်တွေတော်တော်.. လောင်ကျွမ်းနေပေါ့… ကိုယ်ထင်ရာကိုယ်စိုင်းပြီးမှတော့.. ဆုံးဖြတ်ချက်လေးတစ်ခုကိုတောင် ငါ မရဲဝံ့တော့ဘူး.. ကျေးဇူးပြုပြီး… ငါ့မွေးရာပါ အကျင့်တစ်ခုကို… မြှောက်စားပေးပါ…….။ ။