ဦး ၾကိမ္July 20, 20131min28517
ကျွန်တော် နဲ့ဘာဆက်စပ်မှုမှမရှိတဲ့  ဒီအိမ်ပေါ်ကို………ဘယ်လိုအတွေး…ဘယ်လိုသတိ္တတွေနဲ့…..လျပ်တပြက်အတွင်းမှာ ဆုံးဖြတ်ချက် ချပြီးတက်သွားရဲ တဲ့ ကိုယ့်စိတ်ကို…ကိုယ့်ဖာသာတောင်နားမလည်နိူင်တော့………..။အိမ်ပေါ်မှာထမင်းစားဖို့ ပြင်နေတဲ့အိမ်သားတွေထဲ…..အသက်ကြီးကြီးနဲ့  အဘတစ်ယောက်က…ဟေ့…..ဘာဖြစ်လို့လည်း ကျွန်တော့ကိုရဲတွေလိုက်ဖမ်းနေလို့ပါ…ဟု စိုးတထိတ်ထိတ် နဲ့……. ရိုးသားစွာပြောမိလိုက်သည်   ……သွားသွား….အခန်းထဲမှာပုန်းနေ တဲ့ ကျန်တဲ့မိသားစုတွေကအဆိုးအကောင်းဘာမှမမေးကြ…….အဘကြီး`၏ စကားကိုနားထောင်ရင်းကျွန်တော့ကိုအကဲခတ်နေဟန်တူသည်……. ထမင်းဝင်စားပါလား….လို့ပြောတော့ ကျွန်တော်ကမဆာတဲ့ အကြောင်း…ဘယ်ကိုသွားမှာလည်း..မော်တော်ဆိပ်ကို သွားမှာဖြစ်ကြောင်း သွားတတ်သလား ဆိုတော့……မသွားတတ်ကြောင်း….မေးသမျှတွေကိုတခုပြီးတခုပြောပြနေပါတယ်…..ဒါဆိုဒီမြို ့ကမဟုတ်ဖူးပေါ့…. ကျွန်တော်ကခေါင်းငြိမ့် ပြရင်း..အဘက…လက်သုတ်နေတဲ့ ကောင်လေးနှစ်ယောက်ကိုစကားတစ်ခွန်း လှမ်းပြောလိုက်တယ် လမ်းထိပ်ကိုသွားကြည့်စမ်း…..ပြီးရင် ဒီခလေးကိုမော်တော်ဆိပ်ထိလိုက်ပို့ပေး……လိုက်တဲ့….။ အဖြစ်အပျက်တွေက ပူတလှည့် အေးတလှည့်မို့ကိုယ့် စိတ်ကိုဒုံးဒုံး မချရဲသေး……အဘကိုကျေးဇူးတင်စကားပြောဖို့မေ့ရင်း အိမ်ပေါ်ကဆင်းလိုက်သွားခဲ့တယ်…….ကောင်လေးနှစ်ယောက်ရဲ့ ့ ရှေ ့ နဲ့ နောက်နဲ့ ကြားထဲ မှာလိုက်လာရင်း မော်တော်ဆိပ်ကိုရောက်ခဲ့တယ် မွန်းတည့်ကျော်ပြီ ဖြစ်၍ ရွာကမော်တော်တွေ မရှိနိူင်တော့………ဟော..အထက်မော်တော်ပေါ်မှာ……ကျော်အောင့်ကိုတွေ့ပြီ မော်တော်ပေါ်တက်ပြီးကျော်အောင့်ကို………မင်းအကျင်္ ီချွတ်  မော်တော်ပေါ်ကခမောက်တလုံးခဏယူဆောင်းထား မြစ်ဖက်ကိုမျက်နှာလှည့်နေ..ရဲတွေမမှတ်မိအောင်…ကျွန်တော့အကျင်္ ီကိုကျော်အောင့်ကို ပေးရင်းတိုးတိုးလေးပြောလိုက်တယ်…..မော်တော်ထွက်တော့မှာမို့ ကောင်လေးနှစ်ယောက် […]


ဦး ၾကိမ္July 19, 20131min1336
ကုသိုလ်ကံကကောင်းမလိုလိုနဲ့ အဆိုးဖက်ကိုဦးတည်နေပြီဆိုတာ ကျွန်တော်ရိပ်မိလိုက်ပါပြီ..။ မိုးဟုတ်ဘုရားကြီးအနောက် ့ကတာအတိုင်းဆားမလောက်မြစ်ကိုကူးပြီးရွာကိုပြန်ပြေးရင်ကောင်းမလား ဒါလည်းမဖြစ်သေး……ကိုယ်ကလွတ်သွားအုံး……..ကျော်အောင်ရှိသေးတယ်။ သူကကိုယ့်အတွက်နဲ့ လိုက်လာတာ…ဘယ်လိုမှထားခဲ့လို့မဖြစ် နိူင်………။. လွတ်ဖို့လမ်းလည်း……မမြင်တော့ ကျွန်တော်စိတ်ကိုဒုံးဒုံး ချပြီးဖြစ်လာသမျှ ပြဿနာတွေအတွက် ရင်စီးခံဖို့ဆုံး ဖြတ်လိုက်ပါတော့တယ်…….။ ဗြုန်းဆို…ညောင်တုန်းဖက်ကဂျစ်ကားတစ်စီး မြို့.ဝင်ဂိတ်ဖက်ကိုတက်လာတာတွေ့လိုက်ရတယ်…ကျွန်တော်တို့ကိုဖမ်းထားတဲ့နေရာနဲ့ ဓါတ်တိုင်တစ်တိုင်အကွာမှာကားရပ်ပြီးလှမ်းမေးတဲ့အသံကိုကျွန်တော်နဲ့ ကျော်အောင်အတိုင်းသားကြားလိုက်တယ်….။ .ဟေ့ ဒီနေ့ဘာထူးသေးလဲ…တဲ့… ပျာပျာသလဲ ရဲနှစ်ယောက်စလုံးကျွန်တော်တို့ ဖမ်းထားတဲ့ဆီကနေ အပြေးကလေးထွက်သွားကြတယ် ။ ပြောသံကြားလိုက်တာကတော့…..ချဲသမားတွေမိထားတယ်ဆရာ….တဲ့…..သွားပြီ ……..ကားပေါ်ပါတဲ့လူက ရဲအရာရှိကြီး…….. ခုညတော့အချုပ်ထဲမှာအိပ်ရဖို့ ကျိမ်းသေသွားပြီ…..။ အချိန်တန်လို့ အိမ်ပြန်မရောက်ရင် ပူပင် မှုများစွာနဲ့ မီးနေခန်းထဲကမျှော်နေမဲ့ နွေးနွေးမျက်နှာကိုမြင်ကြည် ့ရင်း အပြင်ကိုတွန်းထိုးထွက်လာတဲ့ မျက်ရည်တစ်စကိုကျော်အောင်မသိအောင်သုတ်ပြစ်ခဲ့ရတယ်…………. ၁ဝမီးနစ်လောက်ရှိပြီ ရဲနှစ်ယောက်က ပြန်မလာသေး…..ဘာတွေပြောနေမှန်းမသိ…… ဒီအချိန်မှာပဲ ကောင်လေးတစ်ယောက်က…….အကို…အကို..ခုအချိန်ပြေးပါလားတဲ့…… စောစောက ပြေးဖို့စဉ်းစားတဲ့စိတ်ကူးလေးကို ကောင်လေးကလှုပ်နှိုးလိုက်သလိုပါပဲ…. .ဟုတ်တယ်..ပြေးရမယ်.။..ကျော်အောင် မင်းအရင်ပြေးတော့…..သွားမဲ့လမ်းကလည်း ရဲတွေဘေးနားကလမ်းအတိုင်းသွားမိုးဟုတ်ဘုရားရှေ့ကနေဖြတ်ပြီး မော်တော်ရှိတဲ့ ကမ်းနားဖက်ကိုသွားရမှာ……..ကျော်အောင်ခပ်လှမ်းလှမ်းရောက်တော့……ကျွန်တော်လည်းခပ်သွက်သွက်လေး လိုက်သွားခဲ့တယ်။……နောက်ကနေလှမ်းအော်မလား။….ခေါ်မလား။….လိုက်လာမလား…..။ လှည့်လည်းမကြည့်ရဲ….မိုးဟုတ်ဘုရားကြီးရှေ […]


ဦး ၾကိမ္July 19, 20131min20411
ပဲ့ထောင်ပေါ်တွင်လိုက်ပါလာသောကျွန်တော့၏ စိတ်ကအိမ်ကိုရောက်နေတယ်….ဒီနေ့ နွေးနွေးမီးထွက်မဲ့နေ့ …..ကျွန်တော့သားလေးလူလောကထဲသို့ ရောက်ရှိတာ ရရက်ပြည် ့မည် ့နေ့ဖြစ်သည်…။ အဖေါ်အဖြစ်လိုက်လာသောသူငယ်ချင်းကျော်အောင်က ချဲ နောက်တစ်ပါတ်အတွက်အသုံးပြုမည့် လယ်ဂျာစာအုပ်…ဘောက်ချာစာအုပ်နှင့် မှင်ခံပါသောလွယ်အိတ်ကိုလွယ်ရင်း……ငိုက်မြည်းနေသောမျက်လုံး များနှင့်ကျွန်တော့ဘေးမှာ…….ဒီနေ့ကချဲဖွင့်မှာမို့ မနေ့ကထဲကချဲဒိုင်ရှိရာ ရွာကို ချဲလယ်ဂျာနဲ့ ငွေကိုသွားရောက်အပ်ရသည်……ကျော်အောင်ကမိုးချုပ်ကာနီးမှ ဘောက်ချာတချို ့လိုက်ပို့ရင်းရွာပြန်ရန်အချိန်မရှိတော့၍ မနက်မှကျွန်တော်နဲ့အတူပြန်တော့မည်တဲ့……….ယ္ခုလိုဆက်သွယ်ရေးစနစ်ကမကောင်းသောကြောင့်ချဲ ဒိုင်အိမ်မှာတညလုံးစာရင်းတွေလုပ်  ကြ…ပိုလျံတဲ့အကွက်တွေကို ရန်ကုန်ကိုပို့ ဖို့ မနက်စောစောပဲ့ထောင်ဖြင့် ဆားမလောက်ရွာကိုသွားရသည်…ဒါမှညောင်တုန်းကထွက်တဲ့ဂေါင် ကားကိုမှီ မှာ….ကားလမ်းတွေကခုလိုမကောင်း .. ၃ နာရီခွဲ ၄နာရီလောက်ကားစီးမှရန်ကုန်ကိုရောက်တာ…. ကျွန်တော်တို့လည်းဆားမလောက်မှ တဆင့်ရန်ကုန်ကညောင်တုန်းကိုထွက် လာတဲ့ကားကိုစောင့်စီး ရင်းညောင်တုန်းမှာဈေးဝယ်ပြီးမော်တော်ဖြင့် ရွာပြန်ရန်ဖြစ်သည်….။ဆားမလောက်နဲ့ ညောင်တုန်းက ဘာမှသိပ်မဝေး ပေမဲ့..၁နာရီနီးပါး ကားစီးရတယ်…ဒိုင်နာအမိုး ကသံတန်းကိုလက်ဖြင့်ကျစ် ကျစ်ဆုပ်ရင်း  ယိမ်းထိုးနေသောကားထဲမှာ တညလုံးမှေးစက်ခွင့်မရသောမျက်လုံးအစုံအားခေတ္တ အနားပေးရင်း ကျွန်တော်နဲ့ ကျော်အောင်ညောင်တုန်းကိုလာခဲ့ ကြတယ်…ကဲညီလေး….မင်းတို့အိတ်တွေ ရှာချင်လို့ကွာ….တဲ့  …..ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ညောင်တုန်းမြို ့ဝင်ဂိ်တ်မှာ…ရဲ က […]


ဦး ၾကိမ္July 14, 20131min1877
၂၀၁၁ခုနှစ်…… သူများတွေပွဲသွားရင်……ကိုက ပွဲကြည် ့ချင်တာထက် ပွဲဈေးတန်းမှာ မုံ့စားမယ် လူတွေကြားထဲတိုးဝှေ့ နောက်ပြောင်ကြည်စယ်ပြီးပွဲခင်းထဲဝင်ထိုင် သူများတွေပြန်တော့ပြန်….ပွဲမကြည့်တတ်သေး….။ ၂၀၁၂ခုနှစ်…… ပွဲခင်းထဲရောက်ပါများတော့  စတိတ်ရှိး ပြဇတ် တို့ကြည့်တတ်လာတယ်…..မြိုင်ထနှစ်ပါးသွား မင်းသား.မင်းသမီး..အက…အသံကောင်းမကောင်းဝေဖန်ဆွေးနွေးတတ်လာတယ် ၂၀၁၃ခုနှစ်…… ကြည် ့ရုံတင်အားမရတော့….စင်ပေါ်တက်ချင်လာတယ်…ဘယ်နေရာကပါရ ပါရ… ကားဆွဲပဲ လုပ်ရ လုပ်ရ….ဇာတ်သေတ္တာပဲ ထမ်းရပိုးရ…ထင်းခွဲရေခပ် ….. ယုတ်စွအဆုံးမင်းသမီးထမီပဲခေါက်ရ  သိမ်းရ အိုဗျာ….ဒီဇာတ်ကြီး ဘယ်နေရာကိုသွားသွား ကျုပ်လိုက်ရဖို့ ပဲအရေးကြီးတော့တယ်……ကျုပ်မှမခွဲနိူင်တာ….ကျုပ်ဘုရားရှစ်ခိုးတိုင်းဆုတောင်းတယ်…ဒီဇာတ်ကြီးဇတ်ခေါင်းမကွဲပါစေနဲ့ ဇာတ်ထောင်သူ….ဇာတ်မန်နေဂျာ…..နဲ့ဇာတ်အဖွဲ့သားတွေအားလုံးကျမ္မာ ချမ်းသာကြပါစေလို့…………။ ခုတော့ ကျွန်တော်ချစ်တဲ့ ဒီဇာတ်ကြီးနဲ့လိုက်ခွင့်ရနေပါပြီ…….ဒီဇာတ်အဖွဲ့ကြီးနဲ့ အတူဆိုးတူကောင်းဖက်……သာတူညီမျှနေနိူင်အောင်ကျွန်တော်ကြိုးစားနေပါပြီ ဒီဇာတ်အဖွဲ့ကြီး တိုးတက်ရာတိုးတက်ကြောင်းအတွက်.တထောင့် တနေရာက……ပိုးစုန်းကြုုး အလင်းရောင်လေးမျှ ပေးစွမ်းနိူင်ရင်ကိုပဲ …………………….။


ဦး ၾကိမ္July 10, 20131min29215
အော်…ခေတ်ကြီးကိုက………. သူများချေတလှမ်းဆို ကိုယ်ကနှစ်လှမ်း သုံးလှမ်းမှတော်ရုံ မကျတဲ့ခေတ် မျက်နှာသစ်ပြီး ကထဲကမုသာဝါဒကံ ကိုကျုးလွန်ဖို့အသင့် ပြင်ထားရတဲ့ခေတ် ခုတ်မယ် ထစ်မယ် ပါးပါး လှီးမယ် ဆိုတဲ့ စကားက နေရာရတဲ့ ခေတ် ကျော်နိူင် လွှားနိူင် ရက်စက်နိူင် မှသရဖူ ဆောင်းခွင့်ရတဲ့ခေတ်……..ဒီတော့ ကျွန်တော်တို့ ထမင်းတလုပ်စားရဖို့အရေး ချေနှစ်ချောင်းစာမတ်တပ်ရပ်ဖို့ အရေး…..ဟိုအရေး..ဒီအရေး အရေးပေါင်းများစွာအတွက်……ဒီခေတ်ထဲမှာ…ရိုးရိုးကျင့် မြင့်မြင့်ကြံ…..လှုရင်တိုး ခိုရင်မွဲ ရိုးသားသည့် ဂုဏ်စားမကုန် တဲ့…ကျွန်တော်ယုံကြည်တဲ့ ဒီစကားတွေကို……သားသမီးတွေအတွက် ဥပမာပြုစရာစကားအဖြစ်အသုံးဝင်ပါတော့မလား….သူတို့အတွက်ရီစရာများဖြစ်နေမလား…..လို့ ကျွန်တော်တွေးပြီးပူပန်မိတယ်…….ဝိုင်းဝန်းဆွေးနွေး….အဖြေရှာပေးကြပါလို့ မေတ္တာရပ်ခံပါတယ် …..ရွာသူရွာသားအပေါင်းတို့ခင်ဗျား……။