who whoNovember 10, 20111min1158
သေခြင်းနှင့်ပတ်သက်လို့ ငယ်စဉ်ကတည်းက ခုချိန်ထိ အမျိုးမျိုး ခံစားချက်တွေက ပြောင်းလဲလာလိုက်တာ ခုလက်ရှိ စာရေးနေတဲ့ အချိန်မှာ ရှိ နေတဲ့ သေခြင်းအပေါ် အမြင်လေးကို သုံးသပ်မိနေပြန်ပါပြီ။ ကျနော့အနေနဲ့ လူ့ဘဝရဲ့ အရေးကြီးဆုံး အလုပ်ဟာ အပါယ်လွတ် ရေး ကြိုးပမ်းဖို့ပဲဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ အသေမဦးခင် ဉာဏ် ဦးအောင် ကြိုးစားရပါ တော့သည်။ အဲလို ကြိုးစားရင်းကမှ ကိုယ့်ခန္ဓာတွင်းက ရုပ်၊ နာမ်တရားတွေရဲ့ တရစပ် သေပျောက်နေပုံကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ အဲဒီ အချိန်မှာပဲ ကြောက်စိတ်တွေ ဝင်လာခဲ့ဖူးပါတယ်။ ဘာကို ကြောက်တာလဲဆိုတော့ ဖြစ်သမျှတွေအားလုံးဟာ ပျက်ခြင်းနဲ့သာ အဆုံးသတ်နေပါလားဆိုတဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောလေးတွေကို ကြည့်ရင်း နဲ့ပဲ သိနေတာ တွေပါ ပျက်လိုက် နေပြန်တာကြောင့် ဖြစ်ပါတယ်။ ဘာများ […]


who whoNovember 9, 20111min560
ကျနော် မသိသေးတာတွေ သိလာရပြီးတဲ့နောက် ကျနော့ အတွေး များ ထဲမှာက ဒီလွတ်မြောက်ရာလမ်းရဲ့ မှတ်တိုင်များနှင့် သေခြင်း အကြောင်း တွေသာ ပြည့်နေပါတော့သည်။ ကျနော်စဉ်းစားကြည့်သည်။ ကျနော်လို နလပိန်းတုံးတောင် ခုမှသိပြီး ခုပဲ လွတ်မြောက်ရာလမ်းကို လျှောက်ချင် လာတယ်ဆိုတော့ သူများတွေကရော မသိကြသေးတာလား။ ဒါမှ မဟုတ် သိ ပြီးတော့ပဲ မလျှောက်ကြသေးတာလား ။ ဘာလို့ပါလိမ့် လို့ လျှာတွေ ရှည်နေ ပြန်ပါတယ်။ ကျနော်ကတော့ အရင်တုန်းက မသိခဲ့သေးတုန်းကတော့ ဘဝ ကြီးဟာ ဘာမှလည်း မဟုတ်သလို ခံစားရတယ်။ ခုတော့ အော် လူ့ဘဝ ရခြင်းသည်ပင် တန်ဖိုးမဖြတ်နိုင်ပါလားလို့ တန်ဖိုးထားတတ်လာပြီလေ။ နောက်ပြီး သေခြင်းတရား နှင့် ပတ်သက်လို့လည်း ကျနော် အပါယ်က လွတ် […]


who whoNovember 8, 20111min55
ဒီနေ့လည်း သိချင်တာလေးတွေ ရှိသေးတာကြောင့် ဆက်လို့ ဆွေးနွေး ဖြစ်ကြပါတယ်။ “ကျနော် မနေ့က မေးခွင့်မရလိုက်တဲ့ သိချင်တာလေးတွေ ရှိသေးလို့ ဒီနေ့လည်း ပြောပြပေးပါဦး။” “ရပါတယ်။ ကိုယ်သိသလောက်တော့ ပြောပြပါ့မယ်။” “မနေ့က ပြောတဲ့ အပါယ်က လွတ်ဖို့ ရုန်းတဲ့ကိစ္စလေ။ အဲဒီမှာ ကျနော် သိချင် တာက အဲလို တစ်မဂ် တစ်ဖိုလ်မှ ရအောင်အားမထုတ်နိုင်သေးသူသည် သေ လို့ နတ်ပြည်တို့ ဘာတို့ စတဲ့ အထက်ဘုံတွေကို ရောက်ရင်တော့ အပါယ်က လွတ်မသွားပေဘူးလား။” “ဘယ်ကလာ …တစ်မဂ် တစ်ဖိုလ်မှ ရအောင် ရောက်အောင် အားထုတ်မထား ပဲ သေခဲ့လို့ နတ်ပြည်ကို ရောက်လည်းပဲ သူဟာ အဲဒီနတ်သက်ကုန်ရင် အပါယ်ကို ရောက်သွားနိုင်သေးတယ်လေ။ ဒါကြောင့် စိတ်မချရဘူးလို့ ပြောတာပေါ့။ […]


who whoNovember 7, 20111min884
သေခြင်းနှင့်ပတ်သက်၍ သိခွင့်ရခဲ့သမျှကား…. သင်္ကြန်တွင်းကာလ ရိပ်သာရဲ့ အဆောင် တစ်ခုအတွင်းမှ တီးတိုး တရားဆွေးနွေးပွဲလေး တစ်ခု ။ “ ဘယ်လို …ကျနော် နားမလည်လို့ သေချာလေး ပြောပြပေးပါဦးနော်။” အဆောင်ဖော် တစ်ယောက်အား မေးလိုက်ခြင်းဖြစ်သည်။ “အင်း…ဒီလိုလေ ။ ကျနော်တို့ အခု အားထုတ်ကြတယ်ဆိုတဲ့ ရည်ရွယ်ချက် က အပါယ်လေးဘုံက လွတ်ဖို့က အဓိကပဲမလား။ ” “အင်းပေါ့။ ဒါကြောင့်လည်း ဆရာတော်တွေက အပါယ်လွတ်ဖို့ကို ကြိုးစားဖို့ ပြောနေတာပေါ့။ ဒါပေမယ့် ကျနော် မသိတာက အဲလို လွတ်အောင်ကျ ဘယ် လို ကြိုးစားရသလဲဆိုတာရယ်။ ဘယ်လို အခြေအနေမျိုးကျမှ လွတ်မှာလဲ ဆို တာရယ် အဲဒါလေး အရင် သိချင်တယ်။” “ဟုတ်ကဲ့ပါ။ အဲဒါကို ဆွေးနွေးရမယ်ဆိုရင် […]


who whoNovember 5, 20111min19712
ကျနော်က ငယ်ကတည်းက ချူချာတယ်။ အမှားမခံဘူး။ ရေချိုးတာ ကြာသွားရင်လည်း ဖျားပြန်ရော။ ပူလွန်းလို့ ချွေးထွက်များပြန်ရင်လည်း သွေး ပေါင်ကျရတာနဲ့ ဘာနဲ့ ဘာမှကို အထိမခံဘူးလေ။ အိမ်မှာ ဆေးခန်းဟေ့ ဆို ကိုယ်ချည်းပဲ ဖြစ်နေတာသာကြည့်တော့။ အခြေခံ ကိုယ်ခံအားကိုက နည်းခဲ့ တာ ဆိုလားပါပဲ။ အင်း…မှတ်မှတ်ရရ ခုနှစ်တန်းတုန်းက ထင်တာပါပဲ။ သွေးလွန်တုပ်ကွေး ဖြစ်ရာက အားတွေ အနည်းလွန်ပြီး လမ်းသွားရင်း စက်ဘီး နောက်ကနေ တက်သွားလို့ လမ်းသွားတွေ ဝိုင်းပြီး တွေ့တဲ့ကား တားလို့ ဆေးရုံကို တန်းပို့ခဲ့ကြရတယ်။ ဆေးရုံရောက်တော့ အသက်က ၁၂ နှစ်တောင် မပြည့်သေးတာကြောင့် ကလေးဆေးရုံကို တက်ရမယ်ဆိုတော့ အရပ်က ရှည် နေတာကြောင့် ကုတင်နဲ့တောင် မဆံ့လို့ ကွေးအိပ်ခဲ့ရတဲ့ အဖြစ်။ […]


who whoNovember 3, 20111min63
ကျနော်တို့၏ မိဘများသည် ဘာသာရေး၌ အထူးလေးစားကြသော ပုဂ္ဂိုလ်များ ဖြစ်သည့် အလျှောက် ကျနော်တို့အား ရတနာသုံးပါးနှင့် မိဘဆရာသမားတို့အပေါ် အရိုအသေပြုတတ် အောင် အမြဲသင်ကြားပေးပါသည်။ ထိုသို့ သင်ကြားပေးသည့်အတွက် ညစဉ်တိုင်း အနန္တောအနန္တ ငါးပါးကို အမြဲရှိခိုးကန်တော့ပြီးမှ အိပ်ယာဝင်ခြင်းအကျင့်သည် ကျနော်တို့အတွက် နေ့စဉ်လုပ်နေ ကျ ကုသိုလ်ဝတ်တစ်ခုပင် ဖြစ်ပါသည်။ ထိုအထဲတွင်မှ မိဘနှစ်ပါးအား အိပ်ယာဝင်ခါနီးတိုင်း ကိုယ်ထိလက်ရောက် ရှိခိုးခြင်းသည်လည်း တစ်ခု အပါအဝင် ဖြစ်ပေသည်။ “သာဓု…သာဓု…သာဓု…သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆုတွေ ပြည့်စုံပါစေ…..” ။ ထုံးစံအတိုင်း အဖေနဲ့ အမေတို့မှ ညစဉ် ကန်တော့တိုင်း ဆုပေးနေခြင်းဖြစ်သည်။ ထိုသို့ ဆုပေးတိုင်းလည်း ကျနော့စိတ်မှာ တွေးမိသည်။ ဟင် …ဘာလို့ အသက်ရှည် စေချင်တာလဲလို့…။ ကျနော် ခဏခဏ […]