ဂ်စ္စူDecember 19, 20101min27519
ရန်ကုန်မြို့၏ ညရှုခင်းကို ဒီဇင်ဘာလ ၁ရ ရက်နေ့က တွေ့ရစဉ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အသစ် ဖွင့်လှစ်လိုက်သည့် ရဲရွာရေအားလျှပ်စစ် စီမံကိန်းမှ ရေအားလျှပ်စစ်များ ရန်ကုန်သို့ ရရှိလာမှု အပြင် အခြား ရေအားလျှပ်စစ် လုပ်ငန်းများမှ လျှပ်စစ်ဓာတ်အား ပုံမှန် ထုတ်ယူနိုင်မှုကြောင့် ယခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့၌ အလှည့်ကျ မီးပေးစနစ်ကို စတင်မည် မဟုတ်ဘဲ ယခုအတိုင်း ဆက်လက် မီးပေးဝေသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ရန်ကုန်မြို့၌ အလှည့်ကျ ဓာတ်အားပေးစနစ်ကို ယခင်နှစ်များက မိုးအကုန် ကာလဖြစ်သည့် နိုဝင်ဘာလ ဝန်းကျင်တွင် စတင်လေ့ ရှိသော်လည်း ယခုနှစ်တွင်မူ ရဲရွာ ရေအားလျှပ်စစ် လုပ်ငန်းမှ ရေအားလျှပ်စစ် […]


ဂ်စ္စူOctober 21, 20101min994
အေက်တိုဘာ ၃ ရက်နေ့ ရက်စွဲဖြင့် မြို့နယ်လျှပ်စစ် ဓာတ်အားပေးရုံးများသို့ အလှည့်ကျဓာတ်အား ဖြန့်ဝေပေးမည့် အချိန်ဇယားထွက် ပေါ်လာသော်လည်း လောလောဆယ် အလှည့်ကျမီးပေးမှု ပြုလုပ်ဦးမည် မဟုတ်သေးကြောင်း မြို့တွင်း ဓာတ်အားပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ”အလှည့်ကျ ဘယ်တော့စ ပေးရမလဲဆိုတာတော့ မသိရသေးဘူး။ အခုလောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး” ဟု အထက်ပါပုဂိ္ဂုလ်က ပြောသည်။ ရန်ကုန်မြို့၌ မြို့နယ်အချို့တွင် ယခုလအတွင်း  မီးပျက်မှုအချို့ ရှိနေခြင်းမှာ ဓာတ်အားခွဲဝေပေးရေး ရုံးများရှိ မိန်းကျခြင်းသာဖြစ်ကြောင်း သိရသည်။ ”မီးက အလှည့်ကျပေးမယ်လို့ ကြားတာပဲ။ ဒီရက်ပိုင်းအတွင်း မီးပျက်တာတော့ရှိတယ်။ ပုံမှန်ပျက်တာ မဟုတ်ဘဲ ခဏကြာရင် ပြန်လာတာ။ အလွန်ဆုံးကြာ တစ်နာရီ ၂ နာရီပဲ” ဟု သာကေတမြို့နယ် နေသူတစ်ဦးက ဆိုသည်။ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား […]