manawphyulayJanuary 13, 20121min40140
ကွန်ပျူတာဟာ အထီးလား… အမလား…. ညက ကွန်ပျူတာအကြောင်း စဉ်းစားမိတာလေပါ။ သူဟာ ဘာဖြစ်နိုင်မလဲ ဘယ်သူနဲ့ ပိုတူနိုင်မလဲဆိုတဲ့ အတွေး ဝင်လာမိတယ်။ အထီး အမ ခွဲခြားကြည့်လို့ရ မရကို ဆန်းစစ်ကြည့်မိတယ်။ အထီးဖြစ်နိုင်တဲ့အကြောင်းရင်း – သံသယ ဖြစ်လောက်စရာ အချက်အလက်တွေ အများအပြားရှိနေတယ်။ ဒါပေမယ့် သဲလွန်စ ရှာမတွေ့ဘူး။ – ပြဿနာတွေကို ကူညီဖြေရှင်းပေးတယ်။ ဒါပေမယ့် အဲဒီ အကူအညီတွေက ပြဿနာတွေ ဖြစ်နေပြန်တယ်။ – ပစ္စည်းအသစ်ကောင်းကောင်းလေး တပ်ဆင်ခါစမှာ အမိန့်ကို ကျိုးနွံနာခံတတ်တယ်။ အဲ… ပြီးရင်တော့ ပစ္စည်းအသစ်ကောင်းကောင်းလေးကို ပြန်လည် တောင်းဆိုပြန်ရော… – သူတို့ရဲ့ အာရုံစူးစိုက်မှုရရှိဖို့ ဇက်ကြိုးနာနာတင်းပေးဖို့လိုတယ်။ သူတို့ဟာ အာရုံတွေ ထွေပြားနေတတ်ကြတယ်။ – ညတွေမှာ သိမ်မွေ့စွာ အားကြီးနေတတ်တယ်။ […]