Mr WorldWideMarch 28, 20131min1345
အမျိုးသား သုတေသနကောင်စီ အစီရင်ခံစာအရ အမေရိကန်နိုင်ငံသည် ၂၀၅ဝ ခုနှစ်တွင် ဓာတ်ဆီသုံးစွဲ မှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၈ဝ ရာခိုင်နှုန်းအထိလျော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမှာ မော်တော်ယာဉ်ငယ်များတွင် ပိုမိုအဆင့်မြင့်သောစနစ်များ တပ်ဆင်အသုံးပြုခြင်း ကြောင့်လည်းကောင်း၊ ရုပ်ကြွင်းလောင်စာများအစား ဇီဝလောင်စာ၊လျပ်စစ်နှင့်ဟိုက်ဒရိုဂျင်တို့ကို အစားထိုး အသုံးပြုနိုင်ခြင်းကြောင့် လည်ကောင်း၊ တင်းကြပ်သောအစိုးရမူဝါဒများဖြင့် ကုန်ကျစရိတ်လျော့ကျစေခြင်းနှင့်လူတို့၏ သဘာဝဝန်းကျင်ကို ထိခိုက်စေနိုင်မည့် ပစ္စည်းများအား အသုံးပြုလိုမှုနှင့် ပတ်သက်သော တောင်းဆိုမှု များကို ထိန်းချုပ်နိုင်ခြင်းတို့ကြောင့်လည်းကောင်း ဖြစ်ပေသည်။ အဆိုပါ စီမိကိန်းကို အကောင်အထည် ဖော်ရာတွင် အခက်အခဲများရှိနိုင်သော်လည်း ထိရောက်သောမူဝါဒများချမှတ်ကာ နည်းပညာတိုးမြှင့်ဆောင်ရွက် နိုင်ခြင်းဖြင့်အောင်မြင်မှုရရှိနိုင်ပေသည်။ အထက်ပါ ရည်မှန်းချက်ကို ပြည့်မီစေရေးအတွက် မော်တော်ကားထုတ်လုပ်ရေးတွင်လည်း အင်ဂျင်ပါဝါကို ဦးစားပေးသည့်အခြေအနေမှသဘာဝပတ်ဝန်းကျင်ကို ဦးစားပေးထုတ်လုပ်သည့် အနေအထား သို့ပြောင်းလဲရမည်ဖြစ်ကြောင်း အမျိုးသားသုတေသနကောင်စီမှ မစ္စတာ ဒေါက်တာကလက်အမ်ချာပင် ကပြောကြား […]


Mr WorldWideMarch 18, 20131min1122
သဘာဝပတ်ဝန်းကျင်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထွက် ပိုမိုပျက်စီးစေနိုင်သော ဓာတ်ငွေ့တစ်မျိုးရှိနေပါသည်။ ၎င်းမှာ နိုက်ထရပ်အောက်ဆိုဒ် (Nitrous Oxide) ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် အဆပေါင်းသုံးရာခန့် အဖျက်စွမ်းအား ပိုမိုပြင်းထန်၍ အိုဇုန်းလွှာ ကို အလွန်အမင်းထိခိုက်စေပါသည်။ ၎င်းသည် စိုက်ပျိုးရေး၊ စွန့်ပစ်ရေဆိုးများ ပြန်လည်သန့်စင်ရေးနှင့် ရုပ်ကြွင်းလောင်စားများ လောင်ကျွမ်းခြင်းတို့မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ကျွန်ုပ်တို့  သဘာဝပတ်ဝန်းကျင်တွင် အဆိုပါဓာတ်ငွေ့ကို တန်ပြန်တိုက်ခိုက်နိုင်သော စွမ်းအားရှိနေပါသည်ဟု University Of Tenesses မှမစ္စတာ ဖရန်လော့ဖလာမှ ပြောကြားခဲ့ပါသည်။ Denitrifiers ဟုခေါ်သော အဏုကြည့်မှန်ဘီလူးဖြစ်သာ မြင်ရသော သက်ရှိပိုးမွှားတစ်သည် နိုက်ထရပ်အောက်ဆိုဒ်ကို တိုက်ခိုက်ဖျက်ဆီးပြီး အန္တရာယ်မရှိသော နိုက်ထရိုဂျင်ဓာတ်ငွေ့အဖြစ် ပြောင်းလဲ ထုတ်လုပ်ပေးပါသည်။ မစ္စတာလော့ဖလာနှင့်အဖွဲသည် အခြားသက်ရှိပိုးမွှားအုပ်စုများတွင်လည်း အဆိုပါစွမ်းအားမျိူးရှိနေကြောင်း တွေ့ရှိခဲ့ပါသည်။ အဆိုပါစွမ်းရည်မျိုးရှိနေသော ပိုးမွှားလေးများအား မြေဆီလွှာနှင့် အနည်အနှစ်များတွင် အများဆုံးတွေ့ရှိရပါသည်။ […]


Mr WorldWideFebruary 20, 20132min2609
သံပခြုပ်ကောင်းများသည် ၎င်းတို့၏ အခွံတည်ဆောက်ရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်မှ ကယ်လ်ဆီယမ်ကာဘွန်နိတ်အဖြစ်သို့ ပြောင်းလဲစေခြင်းနည်းစဉ်သည် ကာဗွန်စုပ်ယူရန်နှင့် သိုလှောင်ရန် (Carbon and Storage-CCS) သုတေသနလုပ်ငန်းအတွက် အထောက်အကူ ပြုပါသည်။ သံပခြုပ်ကောင်လေးများသည် နီကယ်လ်အမှုန်လေးများကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုကာ သမုဒ္ဒရာထဲတွင် ပျော်ဝင်နေသော ကာဗွန်ဒိုင်အောက်ဆိုဒ်အား ၎င်းတို့၏ အခွံမာများတည်ဆောက်ရာတွင် အသုံးပြုသည့် ကယ်လ်ဆီယမ်ကာဗွန်နိတ်အဖြစ်သို့ ပြောင်းလဲပေးလိုက်ပါသည်။ ဓာတုအင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့သည် ကာဗွန်ဒိုင်အောက်ဆိုဒ်အား ရေထည့်ထားသည့် ဖန်ပြွန်ထဲသို့ ဖြတ်သန်းစေပြီး နီကယ်လ်အမှုန်လေးများနှင့် ပေါင်းစပ်ဓာတ်ပြုလိုက်သောအခါ ထွက်ပေါ်လာသော စွန့်ပစ်ဓာတ်ငွေ့အား ကယ်လ်ဆီယမ်ကာဗွန်နိတ် (မြေဖြူ) အဖြစ်သို့ ပြောင်းလဲစုဆောင်းပေးနိုင်ခဲ့ပါသည်။ နယူးကာဆယ်လ်တက္ကသိုလ်မှ ရူပဗေဒပညာရှင် Dr Lioloja Siller သည် ကျွန်ုပ်တို့အနေဖြင့် သံပခြုပ်အကောင်များကို စိစစ်လေ့လာခဲ့သောအခါ သူတို့၏ အခွံပေါ်တွင် နီကယ်လ်အများအပြား စုဝေးနေခြင်းကို တွေ့ရှိခဲ့ပါသည်ဟု ပြောကြားခဲ့ပါသည်။ ကြီးမားသော […]