ကြောင်လေးOctober 8, 20111min40311
မိုးကြိုးလက်နက် သိကြား စက်   အခုတလော  တယ်လီဖုန်းလိုင်းတွေ   မကြာခဏပြတ်တောက်နေပါတယ်။ ဆက်သွယ်ရေးနဲ့နီးစပ်တဲ့ သူတွေကို  မေးကြည့်လိုက်တော့   ရာသီဥတုမကောင်းတဲ့အချိန်မှာ စက်တွေ ပိတ်ထားရကြောင်းပြောပါတယ်။  တန်ဘိုးကြီးတဲ့ စက်ပစ္စည်းတွေကို မိုးကြိုးထိပြီး ပျက်စီးမှာစိုးလို့  ဖြစ်ပါတယ်။   ဒီလိုကြိုတင်ပြီးပိတ်လိုက်ရင် နာရီပိုင်းပဲ  အဆက်အသွယ် ပြတ်တောက်နိုင်ပေမဲ့၊  မိုးကြိုးထိသွားရင်ရက်နဲ့ချီပြီးကြာသွားနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ့်မြို့ပေါ်မှာရာသီဥတု ကောင်းနေပေမဲ့ဆက်သွယ်ရေးဆက်ကြောင်းတွေရဲ့အရင်းဖက်ကြတဲ့မြို့နဲ့ ထိမ်းချုပ်တဲ့မြို့တွေက ပိတ်လိုက်ရင်လည်းဆက်သွယ်မှုပြတ်တောက်သွားတယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့  ဆက်စပ်ပြီး မိုးကြိုးအကြောင်းစဉ်းစားမိပါတယ်။ မိုးဦးကျရာသီနဲ့  အခုလို မိုးနှောင်းပိုင်း ရာသီတွေ ဟာ  မိုးကြိုးပစ်မှုအများဆုံးရှိနိုင်တဲ့အချိန်ပါ။ မိုးကြိုး ပစ်ရခြင်း  အကြောင်း အကြမ်းဖျင်းသိထားတာက ပူရာကနေရုတ်တရက်  အေး ၊အေးရာက ရုတ်တရက်ပူ တဲ့ကာလဟာ လေထု သိပ်သည်းဆတွေ အမျိုးမျိုးပြောင်းပြီး တိမ်တွေရဲ့ရွေ့ရှားမှုဟာလည်းအရမ်းများလာ တယ်လို့ဆိုပါတယ်။ ဒီတိမ်တွေထဲမှာ လျှပ်စစ် ဓါတ်ဖိုဆောင်တဲ့ တိမ်တွေနဲ့ […]