kyawmonkhantJune 13, 20122min1586
ဒီရက်ပိုင်း စိတ်မရွှင်စရာ  သတင်းများရဲ့ဖိအားပေးခံနေရခြင်းများ မှ တစွန်းတစ၊ တခဏ လွတ်မြောက်ရန် ဖော်ပြခြင်းဖြစ်ပါသည်။ ဗြိတိသျှ သတင်းစာများက  ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်သည် ရှစ်နှစ်အရွယ် သမီးလေးကို အရက်ဆိုင်တွင် ထားခဲ့ပြီး မိန်းကလေးဟာ သူ့ဇနီးနှင့်အတူရှိနေခဲ့တယ်လို့ထင်လျက် အိမ်ပြန်သွားခဲ့သည်ဟု ထုတ်ဖော်ခဲ့ကြပါသည်။ သူ့ဇနီးစမန်သာသည်လည်း သူမရဲ့ ကလေးနန်စီသည် သူ့အဖေနှင့်အတူရှိနေသည်ဟု ယုံကြည်လျက်  အရက်ဆိုင်မှ သီခြားထွက်ခွါသွားခဲ့သည်။ မစ်စတာကင်မရွန်းရော မစ်စ်ကင်မရွန်းပါ သူတို့၏ အိမ်တွင်ဆုံတွေ့သည့်တိုင်အောင် သူတို့ ကလေးကျန်နေခဲ့သည်ကို သတိမပြုခဲ့ကြပါ။ သူချက်ခြင်းဖုန်းဆက်ခဲ့ပါတယ်။  နန်စီလေးဟာ ဘားဝန်ထမ်းတွေနဲ့အတူ လုံလုံခြုံခြုံရှိနေတယ်လို့ ကြားရတဲ့  အကြောင်း  မစ်စတာကင်မရွန်းကပြောပါတယ်။ ဝန်းကြီးချုပ်တို့ဟာ ကားအသီးသီးနဲ့ မိနစ်အနည်းငယ်ခြားပြီး ထွက်သွားတဲ့အချိန်မှာ သူမဟာ အိမ်သာထဲမှာ ရှိနေခဲ့ပါတယ်။ ဝန်ကြီးချုပ်နဲ့ စမန်သာတို့ဟာ နန်စီလေးသူတို့နဲ့ အတူ ရှိမနေဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ စိတ်ခြောက်ခြားခဲ့ကြပါတယ်လို့  […]